Monday, June 22, 2015
ဓမ္မသုတ (၅၂)
ခိုင်မြဲကုသိုလ်ရလိုပါမူ
၁။ မည်သည့်ကောင်းမှုကိုမဆို နိဗ္ဗာန်ကို ဆုတောင်း၍သာပြုပါ။
၂။ မိမိ သူတစ်ပါး မထိပါးမပုတ်ခတ်ဘဲနှင့် လှူဒါန်းပါ။
၃။ ထာဝရဒါန (၆)မျိုး၊ နိဗဒ္ဓကုသိုလ် (၇)မျိုး သို့မဟုတ် မိမိအား
သန်ရာ ကုသိုလ်တစ်ခုခုကို စွဲစွဲမြဲမြဲပြုလုပ်ပါ။
၎။ မိမိပြုသော ကုသိုလ်၏ အကျိုးဆက်ကောင်းကျိုးချမ်းသာများကို
မည်သူမျိုးကမှ နှောက်ယှက်ဖျက်ဆီး၍ မရစေကြောင်းဆုတောင်းပါ။
၅။ မြတ်စွာဘုရား၏ အဆုံးအမသာသနာတော် တည်တံ့ခိုင်မြဲစေလို
သော ရည်ရွယ်ချက်ဖြင့် ကုသိုလ်ပြုပါ။
၆။ မည်သည့် ကုသိုလ်ကောင်းမှုကိုမဆို ခိုင်မြဲသော စိတ်ထားနှင့်သာ
အမြန်ဆုံး၊ အကောင်းဆုံးဖြစ်အောင်ပြုပါ။
ဆောင်ပုဒ်။ နိဗ္ဗာန်ညွတ်တွား၊ မထိပါးနှင့်၊ ခိုင်ငြားကုသိုလ်၊ ခိုင်ဆုဆို၍၊ ခိုင်လိုတရား၊ ခိုင်စိတ်ထားသည်၊ ခြောက်ပါးခိုင်ထက် ခိုင်ရန်တည်း။
ဆန္ဒာဓိက၊ အရှင် (ရွှေပါရမီတောရ)။ ခိုင်မှခိုင်။ ၂၀၀၈။
Posted by အေးဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment