Saturday, March 14, 2015
ဘဝနေဟန် တရားမှန် (၂၅)
လွတ်လမ်းကိုရှာ
အပြစ်များသူသည် အဆိပ်ပင်ကဲ့သို့ အမှီပြုသူတို့အား ထိခိုက်ပျက်စီးစေ မည်ဖြစ်သည်။ နှင်းကိုက်သည့် ပဲနှင့် ဆီအပုပ်တို့နည်းတူ အားလုံးကို ဖျက်ဆီးမည်လည်းဖြစ်သည်။
အကုသိုလ်ကံသည် ရေတံခွန်သဖွယ်ဖြစ်သည်။ မည်သည့်အခါမျှ အထက်သို့ ပြန်လည်စီးရိုး မရှိချေ။
သံသရာသည် အသားတွင်း၌ စိုက်ဝင်နေသော ဆူးနှင့်တူ၏။ နုတ် မပစ်ပါက အဆိပ်ပွားများလာမည့်ပြင် ပျံ့ နှံ့ သွားမည်လည်းဖြစ်သည်။
ကံ၏ နိယာမမှာ သံသရာစက်ဝန်းအတိုင်းဖြစ်သည်။ ချိုးဖောက်သူ မှန်သမျှ ဒုက္ခလှလှတွေ့ ကြမည်သာဖြစ်သည်။
ကံဆိုးမိုးမှောင်ကျသည့် အချိန်တွင် ဆိုးဝါးစွာခံစားရမည်မှာ သေချာလေ သည်။
သာယာမှုသည် နေပှူဆာလှုံရသည့်သွင် မသေချာမရေရာပေ။
ဘဝ၏ ဒုက္ခများကား တစ်ခုမပြီးသေးမီ နောက်တစ်ခုရောက်လာတတ် သည်။ မဆုံးနိုင်သော ပင်လယ်ရေလှိုင်းအလားပင်။
မလွတ်မြောက်သေးသရွေ့  လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသူများ ပမာ နာကျင်ခြင်းနှင့် သာယာခြင်းတို့သည် ရုတ်ချည်း ပေါ်ချည်ပျောက်ချည်နှင့်
ဖြစ်နေပေဦးမည်။
လွတ်မြောက်မှ ငြိမ်းအေးမည်။
လယ်သမားများသည် ကောက်ပဲသီးနှံကို ဖြစ်ထွန်းစေသည်။
တရားအားထုတ်သူသည် တရားအသိများ တိုးပွားစေမည်ဖြစ်သည်။
ထို့ကြောင့် လွတ်မြောက်မှုအတွက် ကျားကုတ်ကျားခဲ အားထုတ်နိုင်ကြမှဖြစ် မည်။
စာကိုး။ Dhammananda, K. Sri. Why Worry? 2001.
Posted by အေးဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment