Saturday, February 21, 2015
ဘဝနေဟန် တရားမှန်(၂၄)
ဘာကြောင့် တရားအားမထုတ်နိုင်ရမလဲ?
ငယ်ရွယ်နုပျို ခြင်းသည် နွေမှာပွင့်သော ပန်းနှယ် ရုတ်တရက် နွမ်းရော် သွားနိုင်သည်။
အိုမင်းခြင်းကား မီးစွဲသော လယ်ကွင်းများပမာ ချက်ချင်း ပျံ့နှံ့လောင် ကျွမ်းသွားပေမည်။
လေးခွထိ၍ အနာတရဖြစ်ရသည့် ငှက်ငယ်အသွင် ဘယ်အချိန်တွင် အားအင်ဆုတ်ယုတ်ကာ နာမကျန်းဖြစ်မည်ကို မသိနိုင်ကြ။ ကျန်းမာ သန်စွမ်းခိုက်တွင် နာဖျားမှုကို လုံးဝမစဉ်းစားတတ်ကြပေ။ သို့သော် နာမကျန်းခြင်းသည် မိုးကြိုးပစ်သကဲ့သို့ လျင်စွာအင်နှင့်အားနှင့်
ရောက်လာမည်ဖြစ်သည်။
သေခြင်းတရားသည် နောက်ဆုံးမီးတောက်ပြီးလျှင် ကွယ်ပျောက်
ရသည့် ဆီခန်းသော မီးအိမ်နှင့်တူသည်။ နေဝင်ချိန်ရှိ သစ်ပင်၏ အရိပ်ကဲ့သို့ မည်သည်ကမျှ ဟန့်တား၍ မရ အောင် မြန်ဆန်စွာ
ပျောက်ကွယ်သေဆုံးရမည်လည်းဖြစ်သည်။
မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့သည် ခုလာခုပျောက်ဖြစ်သည်။
နေထွက်ခြင်း၊ နေဝင်ခြင်းတို့နှင့် အလားသဏ္ဍာန်တူကြောင်း
မြတ်ဗုဒ္ဓုက မိန့်ကြားခဲ့ဖူးသည်။
ဤကမ္ဘာတွင်မည်သည့်အရာကိုမျှ မြဲသည်ဟူ၍ အာမ မခံနိုင်ချေ။
အို နာ သေခြင်းတို့သည် ပါးစပ်နှင့် လက်တို့ကဲ့သို့ အချင်းချင်း အမြဲ
တမ်း ဆုံတွေ့လျက်ရှိသည်။ သေချိန်တန်သော် တရားဓမ္မမှအပ ကူညီနိုင်သူ မရှိပေ။
ဓမ္မသည် အောင်နိုင်ခြင်း၏ အကောင်းဆုံး အရင်းအမြစ်ဖြစ်သည့်တိုင် အားကိုးအားထားပြုသူ ရှားပါးလှပါ၏။
ဤသည်များကို မှတ်သားရသည်ရှိသော် အဘယ်ကြောင့် တရားအား မထုတ်ဘဲ နေနိုင်ပါမည်နည်း။
စာကိုး။ Dhammananda, K. Sri. Why Worry? 2001.
Posted by အေးဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment