Sunday, October 30, 2016

ဓမ္မပဒ ၁ဝ၇ [ခုဒ္ဒကနိကာယ်]


၈ - သဟဿ       ဝဂ္ဂ၊ တစ်ထောင် တရားတော် စာစုများ
၆ - သာရိပုတ္တတ္ထေရဿဘာဂိနေယျဝတ္ထု

ယော စ ဝဿသ   တံ ဇန္တု ၊ အဂ္ဂိံ ပရိစရေ ဝနေ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေဝ ပူဇနာ သေယျော၊ ယဉ္စေ ဝဿသ   တံ ဟုတံ။
၁၀၇။ အကြင်သူသည် အနှစ်တစ်ရာပတ်လုံး တော၌မီးကို လုပ်ကျွေးပူဇော်ရာ၏။ အကြင်သူသည်ကား ဝိပဿ       နာပွားများသော စိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခါမျှ ပူဇော်ရာ၏။
ထိုသူတို့၏ ပူဇော်ခြင်းနှစ်မျိုးတို့တွင် ထိုဝိပဿ       နာပွားများသော ရဟန်းတို့အား တစ်ခဏမျှ ပူဇော်ခြင်းသည်သာ မြတ်၏။ အနှစ်တစ်ရာပတ်လုံး ပူဇော်ခြင်းသည် မမြတ်။ 


Posted by ဉာဏ်ဦး

Wednesday, September 28, 2016

ဓမ္မပဒ ၁ဝ၆ [ခုဒ္ဒကနိကာယ်]


၈ - သဟဿ       ဝဂ္ဂ၊ တစ်ထောင် တရားတော် စာစုများ
၅ - သာရိပုတ္တတ္ထေရဿ       မာတုလဗြာဟ္မဏဝတ္ထု

မာသေ မာသေ သဟေဿ       န၊ ယော ယဇေထ သတံ သမံ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေဝ ပူဇနာ သေယျော၊ ယဉ္စေ ဝဿသ   တံ ဟုတံ။
၁၀၆။ အနှစ်တစ်ရာပတ်လုံး လတိုင်းလတိုင်း (တက္ကတွန်းတို့အား)
ငွေတစ်ထောင်အကုန်ခံ၍ ပူဇော်ရာ၏။ ဝိပဿ        နာပွားသော စိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခဏမျှ ပူဇော်ရာ၏။ ထိုပူဇော်ခြင်းနှစ်မျိုး တို့တွင် ဝိပဿ       နာပွားများသော ရဟန်းတို့အား တစ်ခဏမျှ ပူဇော်ခြင်းသည်သာ
မြတ်၏။ တက္ကတွန်းတို့အား အနှစ်တစ်ရာပတ်လုံး ပူဇော်ခြင်းသည် မမြတ်။ 

Posted by ဉာဏ်ဦး

Monday, August 29, 2016

ဓမ္မပဒ ၁ဝ၄၊ ၁ဝ၅ [ခုဒ္ဒကနိကာယ်]


၈ - သဟဿ       ဝဂ္ဂ၊ တစ်ထောင် တရားတော် စာစုများ
၎ - အနတ္တပုစ္ဆကဗြာဟ္မဏဝတ္ထု

အတ္တာ ဟဝေ ဇိတံ သေယျော၊ ယာ စာယံ ဣတရာ ပဇာ။
အတ္တဒန္တဿ       ပေါသဿ      ၊ နိစ္စံ သညတစာရိနော။
နေဝ ဒေဝေါ န ဂန္ဓဗ္ဗော၊ န မာရော သဟ ဗြဟ္မုနာ။
ဇိတံ အပဇိတံ ကယိရာ၊ တထာရူပဿ       ဇန္တုနော။
၁၀၄-၁၀၅။ ကိုယ်တွင်းကိလေသာတို့ကို နိုင်ခြင်းဖြင့် မိမိကိုယ်ကို
အောင်နိုင်ခြင်းသည် မြတ်၏။ လောင်းတန်းကစားခြင်း စစ်တိုက်ခြင်း
စသည်ဖြင့် သူတစ်ပါးကို အောင်နိုင်ခြင်းသည် မမြတ်။ မိမိကိုယ်ကို ဆုံးမပြီးသော၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံးကို အမြဲစောင့်စည်းလေ့
ရှိသော၊ ထိုသို့ သဘောရှိသော၊ သတ္တဝါတို့၏ အောင်ခြင်းကို နတ်သည် လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သည်လည်းကောင်း၊ ဗြဟ္မာနှင့် တကွသော မာရ်နတ်သည်လည်းကောင်း ရှုံးအောင် မပြုနိုင်ရာ။ 

Posted by ဉာဏ်ဦး

Friday, July 29, 2016

ဓမ္မပဒ ၁ဝ၂၊ ၁ဝ၃ [ခုဒ္ဒကနိကာယ်]


၈ - သဟဿ ဝဂ္ဂ၊ တစ်ထောင် တရားတော် စာစုများ
၃ - ကုဏ္ဍလကေသီထေရီဝတ္ထု

ယော စ ဂါထာ သတံ ဘာသေ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဓမ္မပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။
ယော သဟဿံ သဟေဿန၊ သင်္ဂါမေ မာနုသေ ဇိနေ။
ဧကဉ္စ ဇေယျမတ္တာနံ၊ သ ဝေ သင်္ဂါမဇုတ္တမော။
၁၀၂။ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာတစ်ရာကို ရွတ်ဆိုစေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော တရားတစ်ပုဒ်ကို ရွတ်ဆိုခြင်းသည်သာ ပိုလွန်၍မြတ်၏။
၁၀၃။ အကြင်စစ်သူရဲတစ်ယောက် စစ်မြေပြင်၌ စစ်သည် ဗိုလ်ပါတို့ကို အကြိမ်တစ်သန်း အောင်နိုင်ရာ၏။အကြင်သူရဲကောင်းတစ်ယောက်

သည်ကား ကိုယ်တွင်းကိလေသာကို တစ်ကြိမ်တစ်ခါမျှ အောင်နိုင်ရာ၏။ ကိုယ်တွင်းကိလေသာကို တစ်ကြိမ်အောင်နိုင်သော ထိုသူသည်သာ စစ်အောင်သူတို့တွင် အမြတ်ဆုံးဖြစ်၏။
 

Posted by ဉာဏ်ဦး

Saturday, June 25, 2016

ဓမ္မပဒ ၁ဝ၁ [ခုဒ္ဒကနိကာယ်]


၈ - သဟဿ ဝဂ္ဂ၊ တစ်ထောင် တရားတော် စာစုများ
၂ - ဗာဟိယဒါရုစီရိယဝတ္ထု
သဟဿမပိ စေ ဂါထာ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။
၁၀၁။ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာသည် တစ်ထောင်ပင် ဖြစ်စေကာမူ မမြတ်၊ ကြားနာရ သဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော ဂါထာ တစ်ဂါထာ သည်သာ ပိုလွန်၍ မြတ်၏။
 

Posted by ဉာဏ်ဦး

Friday, May 27, 2016

ဓမ္မပဒ ၁ဝဝ [ခုဒ္ဒကနိကာယ်]


၈ - သဟဿ       ဝဂ္ဂ၊ တစ်ထောင် တရားတော် စာစုများ
၁ - တမ္ဗဒါဌိကစောရဃာတကဝတ္ထု

သဟဿ       မပိ စေ ဝါစာ၊ အနတ္ထပဒသံဟိတာ။
ဧကံ အတ္ထပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။
၁၀ဝ။ တောဖွဲ့တောင်ဖွဲ့ အကျိုးမဲ့ပုဒ်နှင့်သာဆိုင်သော စကားသည် အခွန်း တစ်ထောင်ရှိစေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေး
 ကြောင်းဖြစ်၍ အကျိုးရှိသော ပုဒ်တစ်ပုဒ်သည်သာ ပိုလွန်၍ မြတ်၏။
 

Posted by ဉာဏ်ဦး

Monday, May 2, 2016

ဓမ္မသာကစ္ဆာ (၃၈)


ပျော်ပျော်ပါးပါး နိဗ္ဗာန်သွား 
 

အခါတစ်ပါး၌ ဒူးရှည်မင်းသားသည် မြတ်စွာဘုရားအား မေးခွန်းနှစ်ခုကို
မေးလေရာ မြတ်ဘုရားက ဖြေကြားတော်မူသည်။ 
မင်းသား
တပည့်တော်သည် ဤဘဝမှာ ဇနီးမယားသမီးသားတို့နှင့်
ပျော်ပါးစွာ
နေလိုပါတယ်။ အမွှေးနံ့သာမျိုးစုံ ထုံမွှမ်းလိုပါတယ်။
ကံ့ကော်၊ သဇင်၊ ပန်းမျိုးစုံလင်ကို ပန်ချင်ပါတယ်။ ဘယက်
တန်ဆာ၊ ဒွါဒရာတို့ကို ဝတ်ဆင်လိုပါတယ်။ စပါးဆန်ရေ
ရွှေငွေစည်းစိမ် တိုက်အိမ်တို့ဖြင့် နေလိုပါတယ်။ ဘယ်လို
ကျင့်ကြံရမှာပါလဲဘုရား။
 ဘုရား

'ကြိုးစား၊ စုထား၊ မျှသုံး၊ မိတ်ကောင်း၊ ဤဘဝမှာချမ်းသာ
ကြောင်း’ တဲ့ကွယ့်။ ဤလေးပါးကို ကျင့်ကြံပါလေမင်းသား။
မင်းသား
ဘဝဆက်တိုင်း အဲဒီလိုနေရပြီးတော့ နိဗ္ဗာန်ကိုလည်း ရချင်
ပါတယ်။ ကျင့်အပ်တဲ့ တရားကို ဟောကြားတော်မူပါဦးဘုရား။
ဘုရား
ဒီအတွက်ကျင့်ဆောင်ရမှာကလည်း လေးပါးပါပဲ။ ‘သဒ္ဓါ၊ သီလ၊
ဒါန၊ ပညာ (ရုပ်နာမ်ဖြစ်ပျက်သိပညာ)၊ လေးဖြာစုပေါင်း၊

နောက်နောင် ချမ်းသာကြောင်း’ ကွယ့်။ တရားရှစ်ပါး၊ လက်တွေ့ပွား၊ ပျော်ပျော်ပါးပါး နိဗ္ဗာန်သွားရပေမယ် မင်းသား။  
စာကိုးစန္ဒာဝရာဘိဝံသ၊ ဘဒ္ဒန္တဓမ္မသင်တန်း (စင်္ကာပူ)၂၀၁၆
 

Posted by အေးဆက်