Monday, August 31, 2015

ဗုဒ္ဓသာသနာ့အလံတော်


ဗုဒ္ဓသာသနာ့အလံတော်ကို ၁၈၈၅ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌
တီထွင်ဖန်တီးခဲ့ကြသည်။ သီရိလင်္ကာ ဗုဒ္ဓသာသနာကာကွယ်ရေး
ကော်မီတီတွင် ဗိုလ်မှုးကြီးအိုလ်ကော့ (Henry Steel Olcott) က
၁၈၈၄ ခုနှစ်၌ စီ ပီ ဂုဏဝဍ္ဎန (Carolis Pujitha Gunawardena)
ကို အကျိုးတော်ဆောင်အဖြစ် ခန့်အပ်သည်။

ထိုအခါ ဂုဏဝဍ္ဎနသည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေး
အတွက် အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဗုဒ္ဓ
သာသနာဝင်များ ကြည်ညိုနိုင်ရန် အလံတော်ကို ရောင်ခြည်
တော်ခြောက်ဖြာသုံးကာ ဖန်တီးရန် သူအကြံပေးတင်ပြခဲ့လေ
သည်။ ထိုတင်ပြချက်ကို ၁၈၈၅ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၌
ဖေါ်ဆောင်ရန် အားလုံးလက်ခံခဲ့ကြ၏။

အကြံပေးသူ ကွယ်လွန်ပြီးနောက်မှ ၁၉၂၈ ခုနှစ်၊ မေ ၁ ရက်
ထုတ် သုဒနမိနစာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာသီအိုဆိုဖီ
အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့အလံတော်တီထွင်
သူမှာ စီ ပီ ဂုဏဝဍ္ဎန ဖြစ်ကြောင်း ဖေါ်ပြခဲ့ကြသည်။ ဗိုလ်မှုးကြီး
အိုလ်ကော့ကိုယ်တိုင်ကလည်း အလံတီထွင်သူမှာ သူမဟုတ်
ကြောင်း ဝန်ခံခဲ့သည်။

သို့ရာတွင် အလံမှာ အနည်းငယ်ရှည်နေသဖြင့် အချိုးကျအောင်
ဆောင်ရွက်ရန် ဗိုလ်မှုးကြီးအိုလ်ကော့က အကြံပေးခဲ့သည်ဆို၏။

ရောင်ခြည်တော်ခြောက်သွယ်ကို စံထားအသုံးပြုပုံကား အလံတိုင်
ဘက်မှစတင်ကာ သတ်မှတ်လျှင်_
(၁) နီလ = အပြာရင့်ရောင်၊
(၂) ပီတ =
အဝါရင့်ရောင်၊
(၃) လောဟိတ = အနီရောင်၊
(၄) ဩဒါတ = အဖြူရောင်၊
(၅) မဉ္ဇိဋ္ဌ = ပန်းနုရောင်၊ ထိုငါးရောင်ကို အလံတိုင်နှင့်အပြိုင် ထောင်လိုက်
စဉ်၍ ထားသည်။
(၆) ပဘဿ       ရ = ပြိုးပြိုးပြက်ပြက် တခဲနက်ထွက်နေသော အရောင် (နီကြင့်ကြင့်အရောင်) ဟူ၍ ၆ မျိုးဖြစ်၏။ ထိုအရောင်ကို အလံတော်၏ အဖျားစွန်း၌ ပြာ၊ ဝါ၊ နီ၊ ဖြူ  ၊ ပန်းနုရောင် အစဉ်လိုက် အထက်မှ အောက်သို့ ထားရှိသည်။   ။ 

စာကိုး
1. သုနန္ဒာလင်္ကာရ၊ အရှင်။ သာသနာ့အလံ တီထွင်သူအမှန်။ June 2, 2010. 
 
http://www.dhammaweb.net/notes/view.php?id=291
2. Ranatunga. D.C. The Birth of the Buddhist Flag. Sunday Times,
    29 April 2007.

Posted by ဉာဏ်ဦး

Saturday, August 29, 2015

ထေရ၀ါဒ ဟောဓမ္မ (၄၇)


တေဇောသာရ၊ ဘဒ္ဒန္တ (ချမ်းမြေ့မြိုင်ဆရာတော်)။ အပြေးရပ်သူ နိဗ္ဗာန်ယူ တရားတော်။ ရန်ကုန်၊ ၁၃၆၉။
အဂုင်္လိမာလဇာတ်ကို ကိုးကားလျက် မေတ္တာတရားဖြင့်မြတ်စွာ ဘုရားဆုံးမပုံနှင့် သံသရာတွင် သတ္တဝါတို့အား ပြေးစေခြင်းနှင့် အပြေးရပ်စေခြင်းကို ပြုသည့် အရာများကို ဖေါ်ပြဟောကြား
ထားသည်။
http://goo.gl/UTnKpG
ဓမ္မသာရ၊ ဦး (ဆင်ဖြူကျွန်းဆရာတော်)။ နီဝရဏတရား ၅ ပါး။ ဆင်ဖြူကျွန်း၊ ၁ဝ ဩဂုတ် ၁၉၉ဝ။
နိဗ္ဗာန်အပေါ်ဖုံးအုပ်ထားသော အဖုံးနှစ်ချပ်နှင့် နီဝရဏတရား
ငါးပါးတို့ကို ဥပမာများဖြင့် ရှင်းလင်း ဖေါ်ပြထားသည်။
 http://goo.gl/UtJFM2

အဂ္ဂဉာဏ၊ ဦး။ ဝဋ်သုံးဝနှင့် တရားတော်။ ရန်ကုန်၊ ၁၇ ဩဂုတ် ၂ဝဝ၅။
ပဓါနိယင်္ဂတရားငါးပါး၊ ဝဋ်သုံးပါးနှင့် ဘဝနှစ်မျိုးတို့ကို ရှင်းလင်း
ဟောကြား ထားသည်။ http://goo.gl/xPTlgC


Posted by ဉာဏ်ဦး၊ အေးဆက်

Friday, August 28, 2015

ဓမ္မပဒ ၉၁ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၂ - မဟာကဿ       ပတ္ထေရဝတ္ထု  

ဥယျု ဉ္ဇန္တိ သတီမန္တော၊ န နိကေတေ ရမန္တိ တေ။
ဟံသာဝ ပလ္လလံ ဟိတွာ၊ ဩကမောကံ ဇဟန္တိ တေ။
၉၁။ သတိရှိသော ပုဂ္ဂိုလ်တို့သည် (ဈာန်ဝိပဿ       နာတို့၌) လုံ့လပြု ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် တည်ရာ ကာမဂုဏ်၌ မမွေ့လျော်ကြကုန်၊ ဟင်္သာငှက်တို့သည် (ကျက်စားရာ) ရွှံ့ညွန်အိုင်ကို စွန့်ခွာလျက် ပျံသွားသကဲ့သို့ မှီရာ တဏှာဟူသမျှ
ကို စွန့်၍ သွားကုန်၏။

Posted by ဉာဏ်ဦး

Wednesday, August 26, 2015

ဓမ္မသုတ (၅၄)


တရားထီးကိုဆောင်
 

နေပူ၊ မိုးရွာထဲသို့ သွားသောအခါ ထီးယူသွားသော သူအား နေမပူ၊ မိုးမစိုစေ
အောင် ထီးက စောင့်ရှောက်၏။
တရားကျင့်သူအားလည်း ထိုသူကျင့်သော တရားက အမှန်တကယ် စောင့်ရှောက်

ပေး၏။
တစ်ပါးသူ၏ ထီးက မိမိအား ကာကွယ်စောင့်ရှောက်ခြင်း မပြုသကဲ့သို့ တစ်ပါးသူ
အားထုတ်ထားသော တရားက မိမိအား စောင့်ရှောက်လိမ့်မည် မဟုတ်ချေ။
ဉာဏိဿ       ရ၊ ဒေါက်တာအရှင် (သီတဂူဆရာတော်)။ ကိုယ်ကျင့်တရား တရားတော်။

Posted by အေးဆက်

Tuesday, July 28, 2015

ဓမ္မပဒ ၉ဝ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၁ - ဇီဝကပဥှာဝတ္ထု

ဂတဒ္ဓိနော ဝိသောကဿ      ၊ ဝိပ္ပမုတ္တဿ       သဗ္ဗဓိ။
သဗ္ဗဂန္ထပ္ပဟီနဿ      ၊ ပရိဠာဟော န ဝိဇ္ဇတိ။
၉ဝ။ စိုးရိမ်ကင်းသော အလုံးစုံသော (ခန္ဓာစသည့်)တရားတို့မှ လွတ်မြောက်သော အလုံးစုံအထုံး အဖွဲ့ကိုပယ်ပြီးသော သံသရာ ခရီးသွားပြီးသော (ရဟန္တာ) ပုဂ္ဂိုလ် အား ပူပန်မှု မရှိတော့ချေ။
 

Posted by ဉာဏ်ဦး

Monday, July 27, 2015

ဘဝနေဟန် တရားမှန် (၂၉)


ငှက်နှင့်တူစွ ဝိဇ္ဇာ စရဏ
 

ငှက်များသည် မျက်စိဖြင့် ခရီးလမ်းကြောင်းကို ကြည့်ကာ အတောင်ဖြင့် ပျံသန်း ကြသည်။ ခြေထောက်ဖြင့် ကိုင်တွယ်ခိုနားသည်။ သစ်သီးနှင့် ပန်းမာလ်တို့ကို မူ နှုတ်သီးဖြင့် ခူးဆွတ်၏။ ယင်းအစိတ်အပိုင်းတို့ မပြည့်ုစုံလျှင် ငှက်များသည် ကြာရှည်မရှင်သန်နိုင်ကြ။
 

အလားတူစွာ ဗုဒ္ဓသာသနာတွင် ဝိဇ္ဇာ (အသိ)နှင့် စရဏ (ကောင်းသောအကျင့်) တို့မပြည့်စုံလျှင် မဂ်၊ ဖိုလ်နှင့် နိဗ္ဗာန်တို့၏ အရသာကိုမခံစားနိုင်ပေ။ တစ်ခု
မဟုတ် တစ်ခုချို့တဲ့က မဂ် ဖိုလ် နိဗ္ဗာန်ကို ရနိုင်တော့မည် မဟုတ်ချေ။
 

ငှက်တို့၏ မျက်စိသည် ကံ၏ အကျိုးကို ယုံကြည်ခြင်းနှင့် တူသည်။ မြင့်မြတ်သူ
တို့၏ အသိသည် ငှက်နှုတ်သီးအလား ဖြစ်သည်။ ယင်းတို့သည်ကား ဝိဇ္ဇာ၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ ခြေနှင့် အတောင်တို့မှာ ကောင်းသော အကျင့် (စရဏ)၏ အဖေါ်ဖြစ်သော သီလနှင့် သမာဓိသာလျှင် ဖြစ်တော့သည်။
 

စာကိုးEindaka, Ashin (Nyaung Kan Aye Sayadaw). Fundamentals of Buddhism. 2009.
 

Posted by အေးဆက်

Friday, July 24, 2015

ဓမ္မသာကစ္ဆာ (၃၆)


ကုသိုလ်ပြုက ကောင်းကျိုးရ
တစ်ရံခါဝယ် ဗာရာဏသီပြည်၌ မိသားစုခြောက်ယောက် အတူနေထိုင်လျက် ရှိကြ၏။ ဖခင်၊ မိခင်၊ သမီး၊ သား၊ ချွေးမနှင့် အိမ်ဖေါ်တို့ဖြစ်ကြသည်။ ဖခင်သည် ကျန်ငါးဦးတို့အား ဒါနပြုရန်၊ သီလဆောက်တည်ရန်နှင့် သေခြင်းကို အောက်မေ့ ကြရန် ဩဝါဒပေးထားသည်။ မိမိကိုယ်တိုင်လည်း အလားတူပြုလုပ်၏။ ဘုရား မပွင့် သေးသဖြင့် ဝိပဿ       နာကိုမူ မသိကြ။ တစ်နေ့တွင် သားအဖနှစ်ဦး လယ်
ဆင်း လုပ်ခိုက် သားမှာ မြွေကိုက်ခံရ၍ သေဆုံးလေသည်။ မိသားစုအားလုံး
စုံညီ အလောင်းကို မီးရှို့ကာ ပြာအကျကို စောင့်ရင်း သံဝေဂ ယူနေကြသည်။
သေဆုံး ပြီးနောက် သားမှာ နတ်ပြည်၌ သိကြားမင်း သွားဖြစ်သည်။ လူအသွင် ဖန်ဆင်း၍ မိသားစုများကို သွားရောက်တွေ့ဆုံ၏။

သိကြား 

ဘာကိုမီးရှို့ နေကြတာပါလဲ။
ဖခင်
လူသေလို့ မီးရှို့ နေတာပါ။
သိကြား
လူသေတယ်ဆိုပြီး လုံးဝမျက်နာမပျက်ကြပါလား။ သားကောင်
သတ်ပြီး မီးရှို့ တယ်ဆိုရင် ကျွန်ုပ်စားဖို့  နည်းနည်းမျှပါ။

ဖခင်
သားကောင်မဟုတ်ပါ။ ကျွန်ုပ်ရဲ့ သားပါ။
သိကြား
ဆိုးသွမ်းသူမို့ မျက်ရည်မကျ ကြတာလား။
ဖခင်
အလွန်လိမ္မာတဲ့သားပါ။ အရေခွံဟောင်းကို စွန့်ပစ်သွားတဲ့မြွေလို ကျွန်ုပ်ရဲ့ သား ဟာ သူ့ကံအလျောက် ဘဝသစ်ကို ရောက်သွားပါပြီ။ ကျွန်ုပ်တို့ ငိုနေလည်း သူမသိ၊ အကျိုးမရှိလို့ မျက်ရည်မကျပါ။  
သိကြား
မိခင်ဖြစ်တဲ့ အသင်ကကော ဘာကြောင့်မျက်ရည်မကျတာလဲ။
မိခင်
ကျွန်ုပ်တို့မိသားစုထဲမှာ လာဖြစ်ပါလို့ မခေါ်ဘဲနဲ့ သူလာပါတယ်။ မနှင်ဘဲနဲ့လည်း ထွက်ခွါသွားပြန်ပါတယ်။ လာချင်ရာလာ ပြန်ချင် ရာပြန်တဲ့ သူအတွက် ငိုနေလို့ ဘာအကျိုးမှမရှိပါ။ သူကလည်းဘာမှ သိမှာမဟုတ် တော့ပါ။
သိကြား
အစ်ကိုတစ်ယောက်လုံးသေတာ ညီမက ဘာကြောင့် မျက်ရည်မကျ တာလဲ။
ညီမ
အလွန်အားကိုးရတဲ့ အစ်ကိုပါ။ ဒါပေမယ့် တမ်းတငိုကြွေးလိုက်ရင် ကိုယ်ပဲခေါင်းခဲပြီး နုံးချိသွားမှာပါ။ ရန်သူရှိခဲ့ရင်လည်း ဒီလိုကျွန်ုပ် ဆင်းရဲပင်ပန်းတာမြင်ရင် ကျေနပ်ကြပါလိမ့်မယ်။ ငိုကြွေးနေ
တာတွေ့ 
တဲ့ ဆွေမျိုးတွေကျတော့ စိတ်မကောင်းဖြစ်ကြမှာပါ။ အစ်ကိုက ပြန် လည်းမလာ၊ သိလည်းသိမှာ မဟုတ်ပါ။
သိကြား
ဇနီးဖြစ်ပါလျက် မျက်ရည်မကျတာ အံ့ဩစရာပဲ။
ဇနီး
မိုးပေါ်က လကို အသိဉာဏ်မရှိတဲ့ ကလေးကသာ ယူခိုင်းမှာဖြစ် ပါတယ်။ အသိဉာဏ်ရှိသူအနေနဲ့ ပြန်မလာနိုင်တော့တဲ့ သူအတွက် ငိုနေလို့ အကျိုး မရှိပါ။
သိကြား
သင်အိမ်ဖေါ်သူငယ်မကကော ဘာကြောင့်မငိုတာလဲ။
အိမ်ဖေါ်
ကွဲသွားတဲ့ အိုးဟာ ပြန်ကောင်းလာစရာ အကြောင်းမရှိပါ။
သေ
သွားတဲ့ သူဟာလည်း ပြန်လာမှာမဟုတ်သလို ငိုတာ
လည်း သိမှာမဟုတ်ပါ။ အကျိုးမှမရှိတာ ဘာကြောင့်
ငိုရမှာလဲ။
သိကြား
ကောင်းပါပြီ။ ကျွန်ုပ်ဟာ သေလွန်သွားတဲ့သူ ဖြစ်ပါတယ်။
ခုသိကြားမင်း စည်းစိမ်ကို ခံစားနေရပါပြီ။ ကောင်းမှုပြုခြင်းဟာ အကျိုးများကြောင်း ကိုယ်တွေ့ ဖြစ်တဲ့အတွက် နဂိုကျင့်မြဲ
တရားများကို ဆက်လက် ကျင့်ကြံ ကြဖို့  မှာကြားလိုပါတယ်။

စာကိုးနရပတိ၊ ဦး။ အသက်သေသော်လည်း မျက်ရည်မကျစတမ်း တရားတော်။
 

Posted by အေးဆက်