Saturday, May 12, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၇)


ကုက္ကုစ္စက လှည့်စားတတ်ပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၁၊ ၁၉၅၉။
လှည့်စားတတ်သောကုက္ကုစ္စ၊ ဗုဒ္ဓမြတ်စွာအား အတုမရှိသော ပူဇော်ခြင်း၊ ၀ိပဿနာသည် အားကိုးအားထားရာဖြစ်ပုံ နှင့်
မြတ်စွာဘုရား ညွှန်ပြသော တွေးနည်း စသည့် တရားများပါ ရှိသည်။ 
တရားနာပါ။
ဉာဏ်စဉ်သုံးပါး တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဖေဖေါ်ဝါရီ ၄၊ ၁၉၅၉။
သစ္စဉာဏ်နှင့် ကိစ္စဉာဏ် ရှိရန် အရေးကြီးကြောင်းနှင့် အတူ သစ္စဉာဏ်၊ ကိစ္စဉာဏ်နှင့် ကတဉာဏ်တို့ကို ရှင်းပြဟောကြား ထားသည်။  တရားနာပါ။
ဒီတရားနာပြီးမှ သေကြပါ / အရှင် စန္ဒသီရိ (အောင်စကြ်ာဆရာတော်) ရန်ကုန်၊ [ခုနှစ်မပါ]
အစ အလယ် အဆုံး ကောင်းမွန်ပြည့်စုံသော မြတ်ဗုဒ္ဓ၏ တရား
တော်၊ ဝေဒနာကို အနိစ္စဟု မြင်အောင် ရှုမှတ်ခြင်း၊ ပုထုဇဉ်တို့ ၏သေနည်းနှင့် ယင်းတို့ အနက်အကောင်းဆုံးနည်း၊ သေခြင်း
နှင့် ပတ်သက်ပြီး ကြိုတင်မသိနိုင်သည့် အချက်ငါးချက် တို့ ပါ ရှိသည်။ 
တရားနာပါ။
ပေါ်ခိုက်ရှုမှ နိဗ္ဗာန်ရ / အရှင် ပညာဝရ (ဓမ္မဒူတ၊သိမ်ဇရပ်) ရန်ကုန်၊
အောက်တိုဘာ ၂၊ ၂ဝ၁ဝ။
ဓမ္မာနုပဿနာကျင့်စဉ်အကျဉ်း၊ ၀ိပဿနာတရား အားထုတ်နေ ချိန်တွင် ဖြစ်ပေါ်လာသော ဝေဒနာကို သည်းခံပုံနှင့် ကုသိုလ်
လေးမျိုးတို့ ကို ဖေါ်ပြဟောကြားထားသည်။ 
တရားနာပါ။
ဘုရားကြိုက်တာ ပူဇော်ပါ / အရှင် စန္ဒသီရိ (အောင်စကြ်ာဆရာတော်) ရန်ကုန်၊ ၁၃၆၇။
မဟာပရိနိဗ္ဗာနသုတ္တန်" ကို ကိုးကားလျက် ပူဇော်နည်း နှစ်
မျိုှးနှင့် မြတ်စွာဘုရား ကြိုက်နှစ်သက်သော အမျိုးအစား၊ ပူဇော် ရသော ရည်ရွယ်ချက်များနှင့် ပူဇော်ပုံတို့ ကို ဖေါ်ပြဟောကြား
ထားသည်။
  တရားနာပါ။
ရှိဖို့ထက် သိဖို့က အရေးကြီးသည် / အရှင် ဥတ္တမ (သစ္စာရွှေစည် ဆရာတော်) ရန်ကုန်၊ အောက်တိုဘာ ၃၊ ၂ဝဝ၉။
စုတိတော့မည့် နတ်သားအား အခြားသော နတ်သားများက
ပြောကြားသော အကြံပြုချက်များကို ရှင်းလင်းပြခြင်း၊ လူ့ ဘ၀ သည် အဘယ်ကြောင့် တန်ဖိုးရှိကြောင်း၊ သိခြင်းသည် ရှိခြင်း ထက်ပို၍ အရေးကြီးပုံနှင့် သူတော်ကောင်း ရတနာ ခုနစ်ပါး တို့ ကို ဖေါ်ပြဟောကြားထားသည်။ 
တရားနာပါ။
သူတော်ကောင်းတို့ သွာရာလမ်း / ဘဒ္ဒန္တ ခေမိန္ဒ (ခင်မကန်ဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈၊ ၂ဝဝ၉။
နိဗ္ဗာန်ကို ဧကန် ရရှိမည့် ပုဂ္ဂိုလ် (သဒ္ဓါ၊ သီလ၊ သုတ၊ စာဂနှင့် ပညာစွဲမြဲစွာရှိသူ)၊ သံသရာတွင် အရေးပါဆုံး ဒါနခြောက်မျိုးနှင့်
ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး အကျဉ်းတို့ ကို ဖေါ်ပြ
ဟောကြားထားသည်။
  တရားနာပါ။
သန့်ရှင်းသောစိတ် / အရှင် ဥတ္တမ (သစ္စာရွှေစည် ဆရာတော်) [ခုနှစ်မပါ]
ပုဂ္ဂိုလ်လေးမျိုးနှင့် ယင်းတို့ ထဲမှ အကောင်းဆုံး (ကိုးကားချက်_ ဆလာဝါသ သုတ္တန်)၊ အသိဥာဏ်၏ တန်ဖိုး၊ သံဃာအား လှူ ဒါန်းရသော ရည်ရွယ်ချက်များနှင့် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လန်တို့ ၏ တရားစကား (ကိုးကားချက်_ အနင်္ဂဏသုတ္တန်) များကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
အပူငြိမ်းအေး ဘုရားပေး / ဘဒ္ဒန္တ ခေမိန္ဒ (ခင်မကန်ဆရာတော်) [ခုနှစ်မပါ]
အပူငါးမျိုး၊ ရာဂပယ်သတ်နည်း၊ ကိလေသာမီးသည် အပူဆုံး
ဖြစ်ကြောင်း
"ဇနပဒကလျာဏီ" ၀တ္ထု ကို ဥပမာပေးကာ ရှင်း လင်းဟောကြားထားသည်။  တရားနာပါ။
အမြင်ရှင်းမှ ရှုရအဆင်ပြေ / အရှင် ပညာဝရ (ဓမ္မဒူတ၊ သိမ်ဇရပ်) ရန်ကုန်၊ အောက်တိုဘာ ၁၊ ၂ဝ၁ဝ။
ဓမ္မာနုပဿနာ၏ ဆိုလိုချက်၊ ဘာဝနာမပွါးမီ ကွဲပြားစွာ သိ
သင့်သောအချက်များ
(ပညတ်နှင့် ပရမတ်၊ အတ္တနှင့်အနတ္တ၊ ရုပ်နှင့်နာမ်တို့ ၏ ကိစ္စ၊ အကြောင်းနှင့် အကျိုး) တို့ ပါဝင် သည်။ 
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, May 5, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၆)


ဂိလာနသုတ္တန် () / ဒေါက်တာအရှင် ဉာဏိဿရ (သီတဂူဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၊ ၁၉၇၃။
အရှင်မဟာကဿပ (ပထမ ဂိလာနသုတ္တန်)၊ အရှင်မဟာ
မောဂ္ဂလ္လန်
(ဒုတိယ ဂိလာနသုတ္တန်) နှင့် အရှင်စုန္ဒ (တတိယ ဂိလာနသုတ္တန်) တို့ နာမကျန်းဖြစ်တော်မူစဉ်က မြတ်စွာဘုရား
ဟောကြားတော် မူခဲ့သည့် ဗောဇ္ဈင်သုတ်တော်ဖြစ်သည့် ဂိလာ နသုတ္တန်ကို ရှင်းလင်း
ဟောကြားထားသည်။  တရားနာပါ။
စာအံသံကြားလို့ တရားရ / ဦး နရပတိ (ဖြူးဆရာတော်) ရန်ကုန်၊ ဒီဇင်ဘာ ၂၁၊ ၁၉၉၇။
သာသနာသုံးရပ်၊ ဒါန၊ သီလနှင့် ဝိပဿနာတို့ ၏ နှိုင်းဆိုချက်
များ၊ ဗုဒ္ဓဝင်
အကျဉ်း၊ သတိပဋ္ဌာန်နှင့် အကျိုး၊ "ပီတမာလ" ဝတ္ထု ကို ကိုးကား၍ သတိပဋ္ဌာန် အကျင့်မြတ်သည် ချမ်းသာစစ်ကို
ပေးနိုင်ကြောင်း၊ ခန္ဓာသည် မူပိုင်မဟုတ်ပုံ၊ သမထနှင့် ဝိပဿ နာတို့ ၏နှိုင်းယှဉ်ချက်၊ ရဟန်းတော်များ ဝိနည်းကျိုးပေါက်ခြင်း
ခြောက်မျိုး စသည်များကို ဟောကြားထားပြီး၊ တရားအားထုတ် ကြရန်ကိုလည်း တိုက်တွန်းထားသည်။ 
တရားနာပါ။
တရားခြောက်မျိုးရှင်း မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသိန် အမေးအဖြေ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၁၉၊ ၁၉၅၉။
မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသိန်တို့၏ ဆွေးနွေးစကားကို ညွှန်းဆို
လျက် ကံ၊ အကြောင်းနှင့် ဥတုတို့ကြောင့် ဖြစ်သော တရားများ
နှင့် မဖြစ်သော တရားများကို ဖေါ်ပြထားသည်။ ထို့ ပြင်၊ အား နည်းသော၊ အလယ်အလတ်ဖြစ်သော နှင့်အားကြီးသောဉာဏ် အဆင့်များကို ရှင်းလင်းပြကာ ကိလေသာနှင့် လုံးဝဆက်နွှယ် မှုမရှိသည့် အားကြီး သော ဉာဏ်ရရှိအောင် အားထုတ်ကြရန် ကို
လည်း တိုက်တွန်းဟောကြားထားသည်။   တရားနာပါ။
တရားဟူသည် တရားတော် (-) / ဒေါက်တာအရှင် ဣန္ဒက (ညောင် ကန်အေး ဆရာတော်) ရန်ကုန်၊ [ခုနှစ်မပါ]
ဓမ္မ၏စွမ်းရည်များ၊ အလယ်အလတ်လမ်းစဉ် _မဂ္ဂင်ရှစ်ပါးနှင့် မဟာသတိပဋ္ဌာန်ဝိပဿနာကျင့်စဉ်တို့ကို ရှင်းလင်းဟောကြား ထားသည်။  တရားနာပါ။
လောကဓံရှစ်ပါး တရားတော် () / ဦး သောဘန (မဟာစည် ဆရာ
တော်)
ရန်ကုန်၊ ၁၃၂၆။
လောကသုံးပါး၊ လောကဓံတရားများနှင့်ပုထုဇဉ်နှင့်အရိယာတို့ 
လောကဓံတရားကို ရင်ဆိုင်ပုံချင်းကွာခြားရသည့် အကြောင်း

သည်များကို ရှင်းလင်းဟောကြားထားသည်။
  တရားနာပါ။
လောကဓံရှစ်ပါး တရားတော် () / ဦး သောဘန (မဟာစည်ဆရာ
တော်)
ရန်ကုန်၊ ၁၃၂၆။
ဗုဒ္ဓမြတ်စွာ အပါအ၀င် မည်သူမျှ လောကဓံတရားကို ရင်ဆိုင် ရခြင်းမှ မလွတ်မြောက်နိုင်ကြပုံနှင့် လောကဓံတရားကိုရင်ဆိုင် သည့် နည်းလမ်းများကို ဟောကြားထားသည်။  တရားနာပါ။
ဝိပါက်တော် (၁၂)ပါး၊ ဝဋ်တော် (၁၂)ပါး () / ဒေါက်တာအရှင် ဉာ ဏိဿရ (သီတဂူဆရာတော်) ရန်ကုန်၊ မေ ၃၊ ၁၉၇၉။
နိယာမငါးပါး၊ ကံ၏အကျိုးဝိပါက် (ကျမ်းကိုး_တယောစနဝတ္ထု)၊ တစ်ခုသော အတိတ်ဘဝက ပြုခဲ့ဖူး သော ဝစီကံ အမှုကြောင့် ဘုရားအလောင်းတော် ဒုက္ကရစရိယာကျင့်တော်မူခဲ့ရသည့် ဝိပါက်တော်အကြောင်း (ကိုးကားချက်_ပုဗ္ဗပိလောတိက ကမ္မ ဝတ္ထု) တို့ကိုပေါ်လွင်စွာ ဟောကြားထားသည်။  တရားနာပါ။
သေနည်းသင်ပေးပုံ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂ဝ၊ ၁၉၅၉။
ဗုဒ္ဓညွှန်ပြသော သေနည်းနှစ်မျိုး၊ နိဗ္ဗာန်ကိုရရှိနိုင်သည့် ပုဂ္ဂိုလ် မျိုးနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရေးအတွက် အဓိကကျသော ဒုက္ခသစ္စာကို ရှုပွါးခြင်းစသည်များ ပါရှိသည်။  တရားနာပါ။
အမေ့ကျေးဇူးမကျေ ငါမသေ / ဦး နရပတိ (ဖြူးဆရာတော်) ရန်ကုန်၊ ဇူလိုင် ၃ဝ၊ ၁၉၉၈။
မိဘကျေးဇူး မည်မျှကြီးမားကြောင်း၊ မြတ်စွာဗုဒ္ဓ ညွှန်ပြသော မိဘကျေးဇူး ဆပ်နည်းများ၊ အရှင်သာရိ ပုတ္တရာ၏ ကြည်ညို ဖွယ်ဂုဏ်ရည်များ၊ ဗျိုင်းနှင့် ကြက်တို့ကဲ့သို့ တရားအားထုတ်
ခြင်းနှင့် သတိပဋ္ဌာန် တရား ပွါးများကြရန် အကြံပေးချက် စ သည်များကို
ဖေါ်ပြထားသည်။  တရားနာပါ။
အပ္ပမာဒ တရားတော် (-) / ဒေါက်တာအရှင် ဣန္ဒက (ညောင်ကန်
အေး ဆရာတော်)
[ခုနှစ်မပါ]
ဗုဒ္ဓမြတ်စွာ၏ သာသနာ ပြန့် ပွါးရေးအတွက် ပုံမှန်လုပ်ရိုးလုပ်
စဉ်၊ ဗုဒ္ဓနည်းကျနေထိုင်ခြင်းနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံ ဝင်
တော်မူ ခါနီးတွင် မိန့် ကြားတော်မူ ခဲ့သည့် နောက်ဆုံး
စကားတော်
(အပ္ပမာဒေန သမ္ပါဒေထ) တို့ကို ဖေါ်ပြထား
သည်။ 
တရားနာပါ။
 Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, April 28, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၅)


စုန်ရေနဲ့ ဆန်ရေ တရားတော် / အရှင် ပဏ္ဍိတ (ဒွိပိဋကဓရ၊ မဏိရတနာ ဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၉၊ ၂ဝဝ၅။
ကုသိုလ်သည် ဆန်ရေ၊ အကုသိုလ်သည် စုန်ရေနှင့် တူပုံကို ရှင်းလင်းထားပြီး ဆန်ရေ စုန်ရေ နှစ်မျိုးစလုံးမှ လွတ်မြောက်
စေ
ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်းငှါ ကြိုးကုတ် အား ထုတ်ကြရန် အကြံပေးဟောကြားထားသည်။  တရားနာပါ။
တစ်နပ်ဆွမ်းနှင့် အမြတ်စခန်း / အရှင် ပညာနန္ဒ (သီတဂူကြယ်) မကွေး၊ စက်တင်ဘာ ၂၁၊ ၂ဝဝ၆။
သတ္တ၀ါများ အပေါ် မြတ်စွာဘုရား စောင့်ရှောက်ပုံ၊ ဒါနမပြုမီ မိမိကိုယ်ကိုမိမိ မေးမြန်းရမည့် မေးခွန်းများ၊ ပုဏ္ဏာ အမည်ရှိ ကျွန်မလေး၏ အဖြစ်အပျက်ကို ညွှန်းဆိုကာ ဒါန၏ စွမ်းရည်
ကိုဖေါ်ပြ
ချက် စသည် များပါဝင်သည်။  တရားနာပါ။
ထိနမိဒ္ဓ၏ ကောက်ကျစ်လှည့်စားတတ်ပုံ / ဦး ဝိမလ(မိုးကုတ်ဆရာ
တော်
) မန္တလေး၊ ဇန္နဝါရီ ၁၉၊ ၁၉၅၉။
သမာဓိနှင့် ထိန-မိဒ္ဓကွာခြားချက်နှင့် ထိန-မိဒ္ဓသည် ကောက်
ကျစ်လှည့်စားတတ်ပုံတို့ကို ရှင်းလင်းဟော ကြားထားပြီး နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ခြင်းငှါ သမာဓိနှင့် ထိန-မိဒ္ဓတို့ကို တသီး တခြား ဖြစ်စေကာ သတိ သမာဓိနှင့် ဝီရိယတို့ကို ယှဉ်တွဲစေ လျက်
အားထုတ်ကြရန်ကို အကြံပေး ဟောကြားထားသည်။  တရားနာပါ။
ပန်းပန်မှ လှမယ် () / အရှင် သုဇာတ (မေတ္တာအေးဆရာတော်) မင်းဘူး၊ ဇန္နဝါရီ ၂၃၊ ၂ဝဝ၉။
ဗုဒ္ဓအလိုကျ အလှပြင်နည်း၊ ဒါနကုသိုလ်သုံးမျိုး၊ သီလကုသိုလ် သုံးမျိုးနှင့် ဘာဝနာကုသိုလ်လေးမျိုး ပါဝင်သော ကုသိုလ်ဆယ် မျိုး စသည့်တရားများကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ပန်းပန်မှ လှမယ် () / အရှင် သုဇာတ (မေတ္တာအေးဆရာတော်) မင်းဘူး၊ ဇန္နဝါရီ ၂၃၊ ၂ဝဝ၉။
မြတ်စွာဘုရားနှင့် သုမနဒေဝီတို့၏ အပြန်အလှန်ပြောဆိုသော စကားကို အထောက်အထားပြုလျက် ဒါနပြုသူနှင့် ဒါနမပြုသူ ပုဂ္ဂိုလ်နှစ်ဦးတို့သည် နတ်ပြည်၊ လူ့ဘဝ၊ ရဟန်းဘဝနှင့် နိဗ္ဗာန် အသီးသီးသို့ရောက်ရှိသည့် အခါများတွင်ရရှိခံစားရမည့်အကျိုး
ကျေးဇူးကွာခြားချက်များ၊ သီလစောင့်ထိန်းခြင်း
၏ ကောင်းကျိုး
နှင့် သီလကျိုးပျက်ခြင်း၏ ဆိုးကျိုးများ၊ သမထနှင့် ဝိပဿနာ ဘာဝနာ၊ ဝိပဿနာ
ကျင့်စဉ် အကျဉ်း စသော တရားများကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ဘာသာရေးနှင့် အနေဝေးနေခဲ့သော် () / အရှင် ကုမာရ (ဓမ္မဓရ) မန္တလေး၊ ၁၃၇ဝ။
တရားနာရခြင်း၏ ရည်ရွယ်ချက်၊ သတိ သမာဓိနှင့် ပညာတို့ ထားရှိခြင်းဖြင့် ထိုက်တန်သော တရား နာယူမှု ဖြစ်စေရေး၊ နိဗ္ဗာန်၏ အဓိပ္ပါယ်၊ နိဗ္ဗာန်ရရှိမည့် အချိန်နှင့် အဘယ်ကြောင့် ဘာသာရေးနှင့် အနေဝေးရကြောင်းစသည်တို့ကို ဖေါ်ပြဟော
ကြား
ထားသည်။  တရားနာပါ။
ဘာသာရေးနှင့် အနေဝေးနေခဲ့သော် (ဒု) / အရှင် ကုမာရ (ဓမ္မဓရ) မန္တလေး၊ ၁၃၇ဝ။
မပြစ်မှားသင့်သော ပုဂ္ဂိုလ်ဆယ်ဦးနှင့် ယင်းပုဂ္ဂိုလ်များအား ပြစ်
မှားခြင်း၏ ရလဒ်များကို ဟောကြား ထားသည်။
  တရားနာပါ။
မူလနှစ်ဖြာလင်္ကာ ရှင်းတမ်း တရားတော် / အရှင် ပဏ္ဍိတ (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၉၊ ၂ဝဝ၅။
အခက်ခဲဆုံးနှင့် အရှုပ်ထွေးဆုံးသော ပဋိစ္စသမုပ္ပါဒ်၊ သံသရာမှ လွတ်မြောက်ကြောင်းကို သိရှိနိုင်ရန် မှတ်သားထား ရမည့် ပဋိစ္စသမုပ္ပါဒ် လင်္ကာ၏ အစိတ်အပိုင်း ရှစ်ခုကို တစ်ခုချင်း ထင် ရှားပေါ်လွင်အောင် ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ဝိပဿနာ ရှုပွားနည်း အလုပ်သင် တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၁၇၊၁၉၅၉။
တရားအားထုတ်နေစဉ်တွင် သတိနှင့် ပညာတို့ဖြင့် ပေါ်လာ
သမျှကို ရှုကြည့်ကြရန်၊ ယထာဘူတ၊ နိဗ္ဗိန္ဓနှင့် မဂ်ဥာဏ်၊ တဏှာသည် အပ်ချုပ်သမားပမာ ဒုက္ခအစနှင့် ဒုက္ခအဆုံး ဟူသော ဒုက္ခနှစ်ခုကို ချုပ်စပ်ပေးပုံ စသည့်တရားများကို ရှင်းလင်းဟောကြားထားသည်။ 
တရားနာပါ။
အမြတ်စားအလှု ရအောင်ယူ / အရှင် ပညာနန္ဒ (သီတဂူကြယ်) မန္တလေး၊ ၁၃၇၁။
အရှင်မဟာကဿပနှင့် ဆင်းရဲသူမလေး ဆာလာတို့ကို ကိုးကားလျက် အလှူဒါန သုံးမျိုး၊ အရှင်မဟာကဿပ၏ ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များနှင့်အတူ အကောင်းဆုံး လှူဒါန်းနည်းစသော တရားများကို ဟောကြားထားသည်။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, April 21, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၄)


ကိစ္စ္စဉာဏ် တရားတော် သုဗြဟ္မနတ်သားဥပမာပြ / ဦး ဝိမလ (မိုးကုတ် ဆရာတော်) အမရပူရ၊ ဇန္နဝါရီ ၄၊ ၁၉၅၉။
သစ္စာဉာဏ် ရရှိခြင်း၊ ကိစ္စဉာဏ် ဟူသည်၊ ကိစ္စဉာဏ်၏ အရေးပါမှုကို "သုဗြဟ္မာနတ်သား" ဇာတ်ကြောင်း ဥပမာပြဖြင့်
ဟောကြားချက်များ ပါဝင်သည်။
  တရားနာပါ။
ကြီးမြတ်သောအောင်ပွဲ / ဒေါက်တာအရှင် ကောဝိဒ (မဇ္ဈိမဂုဏ်ရည်) ရန်ကုန်၊ ဒီဇင်ဘာ ၃၁၊ ၂ဝဝ၇။
ခန္ဓာ ရရှိခြင်းနှင့် သံသရာတွင် ကျင်လည် ရခြင်းတို့၏ အကြောင်း တရား_တဏှာ အကြောင်းကို ရှင်းလင်းထား ပြီး လောကီကိစ္စ အဖြာဖြာဖြင့် ဘဝတစ်သက်တာအချိန် ကို ဖြုန်းတီးနေမည့်အစား သတိပဋ္ဌာန်တရားကို ကျင့်ကြံ အားထုတ်ကြရန် အကြံပြုဟောကြားထားသည်။  တရားနာပါ။
တစိမ်းတွေပါလား တရားတော် / အရှင်ပုညာနန္ဒ၊ ရန်ကုန်၊ ဩဂုတ် ၂၂၊ ၂ဝဝ၅။
အနတ္တလက္ခဏာ ငါးပါး ရှုမှတ်ပုံကို လမ်းညွှန် ရှင်းလင်းဟော ကြားထားသည်။   တရားနာပါ။
ဓါတ်ပုံရိုက်လျက် အလှပြင် (၁) / ဘဒ္ဒန္တတေဇောသာရ (ပဲခူး) မန္တလေး၊ ၁၃၇ဝ။
ဒေဝဒတ်နှင့် စန္ဒာထေရီဘိက္ခုနီမတို့ကို ဥပမာပေးကာပစ္စုပ္ပန် 
နှင့် အနာဂတ် ဘဝများကောင်းမွန် စေခြင်းငှါ ကာယကံ ဝစီကံ မနောကံ တည်းဟူသော ကံသုံးပါးကို ပြုပြင်နေထိုင်ကြရန် အကြံပေး ရှင်းလင်းဟောကြားထားသည်။
  တရားနာပါ။
ဓါတ်ပုံရိုက်လျက် အလှပြင် (၂) / ဘဒ္ဒန္တတေဇောသာရ (ပဲခူး) မန္တလေး၊ ၁၃၇ဝ။
အကြောင်းကံနှင့် အကျိုးတို့ကို ရှင်းလင်းဟောကြားထားပြီး မိမိ ကိုယ်ကို ဒါန သီလ ဘာဝနာတို့ဖြင့် အလှဆင်ကြရန်ကိုလည်း သီလဝဇာတ်ကြောင်းကို ကိုးကားလျက် တိုက်တွန်းဟောကြား ထားသည်။  တရားနာပါ။
ဗုဒ္ဓဘာသာဆိုတာ လူသား ပဓာန / ဦး ကဝိဒဇဇောတိ (ကောင်းဆုဝေ) မင်းတုန်း၊ အောက်တိုဘာ ၁၆၊ ၂ဝ၁ဝ။
ဗုဒ္ဓဘာသာ၏ ပဓါန၊ ကံ၏ သဘောသဘာဝ၊ ဘဝနေနည်းနှင့် စိတ်ကိုနာစေခြင်း စသည်များကို ရှင်းလင်း ဟောကြားထား သည်။  တရားနာပါ။
မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်း / ဦး ကဝိဒဇဇောတိ (ကောင်းဆုဝေ) မင်းတုန်း၊ အောက်တိုဘာ ၁၆၊ ၂ဝ၁ဝ။
ဗုဒ္ဓဘာသာ၏ တာဝန်၊ မိမိကိုယ်မိမိအားကိုးခြင်း၊ အလယ်လမ်း
နှင့် ယင်း၏ အကျိုးကျေးဇူး၊ သံသရာ၏ အစနှင့် အဆုံး၊ မိမိပုံစံ
ကွယ်ပျောက်သည် အထိ ရှုမှတ်ခြင်း စသော တရားများ ပါရှိ သည်။  တရားနာပါ။
သုခမဟုတ်တဲ့ ဒုက္ခ တရားတော် / အရှင်ပုညာနန္ဒ၊ ရန်ကုန်၊ ဩဂုတ် ၂၃၊ ၂ဝဝ၅။
ချမ်းသာအတု (ဝေဒယိကသုခ)နှင့် ချမ်းသာစစ် (သန္တိသုခ)တို့ ကို ပေါ်လွင်ထင်ရှားအောင် ရှင်းလင်း ဟောကြားထား သည်။  တရားနာပါ။
သစ္စညဏ် မရခဲ့၍ သံသရာရှည်ခဲ့ပုံ တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) အမရပူရ၊ ဇန္နဝါရီ ၃၊ ၁၉၅၉။
သံသရာ မည်ကဲ့သို့ ရှည်ကြာခဲ့ရသည့်အကြောင်းကို ပြည့်စုံစွာ ရှင်းလင်းဖေါ်ပြ ဟောကြားထားသည်။  တရားနာပါ။
အခွင့်အရေး (-) / ဒေါက်တာအရှင် ကောဝိဒ (မဇ္ဈိမဂုဏ်ရည်) ရန်ကုန်၊ ၁၃၆၈။
ဗုဒ္ဓဘုရား သက်ရှင်စဉ်ကာလ၏ နောက်ဆုံး ရဟန္တာဖြစ်သော သုဘဒ္ဒကို ဥပမာပြုလျက် လူ့ဘဝကို ရရှိခိုက် အခွင့်အရေး အဆုံးရှုံးမခံဘဲ လောကီလောကုတ္တရာ နှစ်ဖြာအကျိုးအတွက်
ဆောင်ရွက်ကြရေး အကြံပေး ဟောကြားထားသည်။ 
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်