Saturday, December 3, 2011

ထေရဝါဒ ဓမ္မ အသံစု (၄၄)


စက်တွေလည်မှ ကြီးပွားကြ / အရှင် ဣန္ဒာစာရာဘိဝံသ၊ သရက်ကုန်း၊ ဇန္နဝါရီ ၂၁၊ ၂ဝဝ၄။
() သင့်လျော်သော အရပ်တွင် နေထိုင်ခြင်း၊ () သူတော်
ကောင်းနှင့် အပေါင်းအဖေါ်ပြုခြင်း၊ () မိမိကိုယ်မိမိကောင်း
စွာစောင့်ရှောက်ခြင်းနှင့် () ရှေးရှေးဘ၀က ကုသိုလ်ကောင်း
မှုများ ရှိခြင်းစသည်တို့သည် အရေးကြီးလှကြောင်းကို စေ့ငစွာ
ဟောကြားထားသည်။  တရားနာပါ။
ဒေဝဒူတသုတ် တရားတော် () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၉၊ ၁၉၅၈။
ဒုက္ခမှလွတ်မြောက်နိုင်သောနည်းလမ်း (ဒေ၀ဒူတသုတ္တန်)
အရိယာနှင့် အရိယာတို့၏ စိတ်ထားဟူသည်၊ ပုထုဇဉ်စိတ်မှ အရိယာစိတ်သို့ ပြောင်းလဲခြင်းနှင့် ၀ိပဿနာကျင့်စဉ်စသည့် တရားများပါရှိသည်။  တရားနာပါ။
ရွဲကုန်သည် တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) [ခုနှစ်မရှိ]
ဇမ္ဗူဒီပါလက်ျာတောင်ကျွန်းတွင်နေထိုင်ကြကုန်သော ပုဂ္ဂိုလ်
များ (ဗုဒ္ဓဘာသာဝင်များ) သည်သတ္တိရှိခြင်း၊ သတိရှိခြင်းနှင့် ကုသိုလ်ကောင်းမှုပြုရန်အခွင့်အရေးရရှိကြခြင်းတို့တွင် မြောက်
ကျွန်းသားများနှင့်နတ်တို့ထက်သာလွန်ကြောင်းကိုရှင်းလင်း
ဟောကြားထားပြီး သူတော်ကောင်းတို့၏ လမ်းစဉ်ကို လိုက်နာ လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။  တရားနာပါ။
လမ်ဆုံးလျှင်ရွာတွေ့ တရားတော် () / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၉၊ ၂ဝဝ၅။
ဘ၀နှင့်ခန္ဓာကပေးသော ဆင်းရဲဒုက္ခများ၊ ဘ၀ကိုရလိုသော သတ္တ၀ါများ၏ လားရာအနာဂတ်ဘ၀များ (နတ်၊ လူ၊ ငရဲ၊
ပြိတ္တာ၊ တိရစ္ဆန်စသည်
)၊ ဘ၀ကို ရရှိစေသော တဏှာ၊ ဗုဒ္ဓ၏ လမ်းညွှန် ချက်စသည့် တရားများကို ရှင်းလင်းဟောကြား
ထားသည်။ 
တရားနာပါ။
သာသနာ သန့်ရှင်းရေး တရားတော် / အရှင် ဇနကာဘိဝံသ (မဟာ
ဂန္ဓာရုံ ဆရာတော်
) [ခုနှစ်မရှိ]
သာသနာသန့် ရှင်းရေးမည်မျှအရေးကြီးပုံနှင့် မိမိကိုယ်မိမိ အချစ်ဆုံးဖြစ်ခဲ့ပါသော် မည်သည်တို့ကို ပြုလုပ်ရမည့်အ
ကြောင်း ရှင်း
လင်းဟောကြားထားသည်။  တရားနာပါ။
သုဗြဟ္မနတ်သားကိုဟောသော သုတ္တန်တရား / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၁၁၊ ၂ဝဝ၆။
သုဗြဟ္မနတ်သားကိုမြတ်စွာဘုရားဟောကြားတော်မူသော သုတ္တန်တရားတော်ကို ညွှန်းဆိုကာ၊ တဏှာနှင့် ဒိဋ္ဌိတို့ က သတ္တ၀ါတို့ အားလိမ်လည်လှည့်ဖြားနေပုံ၊ ၀ိပဿနာအားမ ထုတ်မီ ဒိဋ္ဌိဖြုတ်ကြရန်၊ ချမ်းသာအစစ်ကို ရရှိနိုင်သောနည်း လမ်းများ (ဗောဇ္ဈင်တရားပွါးများခြင်း၊ ဣနြေ္ဒထိန်းချုပ်ခြင်း
နှင့် ကိလေသာ ပယ်သတ်ခြင်း
) တို့ကို ရှင်းလင်းဟောကြား ထားသည်။  တရားနာပါ။
သုဗြဟ္မသုတ္တန် တရားတော် () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၈၊ ၁၉၅၈။
ဥပစ္ဆေဒကကံကို အ၀ိဇ္ဇာက ဆွဲဆောင်ပုံကို ရှင်းလင်းဟော ကြားထားပြီး၊ သုဗြဟ္မသုတ္တန်ကို ကိုးကား လျက်ဗောဇ္ဈင်
သုတ်တော်ကို
နားထောင်ခြင်း၊ ရွတ်ဆိုခြင်းများထက် ကိုယ်တိုင်ကျင့်ကြံအားထုတ်ရန် လိုအပ်ကြောင်းကိုလည်း ရှင်းပြထားသည်။ တရားနာပါ။
အသိမှန်ကန် ကိုယ့်ဘို့ကျန် / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ရန်ကုန်၊ ဇူလိုင် ၇၊ ၂ဝဝ၂။
နှလုံးသွင်းမှန်ကန်ခြင်း၏ အရေးပါမှု၊ စုဆောင်းခြင်းသုံးမျိုး (ခန္ဓာ၊ ဥစ္စာနှင့် တရား)နှင့် ယင်းတို့ ၏ အကျိုးရလဒ်များ၊ ကုသိုလ်၏ အဓိပ္ပါယ်၊ ဘ၀၏မျှော်မှန်းချက်သုံးရပ်အစရှိသော တရားများ ကိုဟောကြား ထားသည်။  တရားနာပါ။
အိပ်သော်လည်းနိုး၊ နိုးသော်လည်း အိပ်နေတယ် / အရှင် ဣန္ဒာစာရာဘိဝံသ၊ သရက်ကုန်း၊ ဧပြီ ၄၊ ၂ဝဝ၅။
ဇာဂရသုတ္တန်ကို ကိုးကားလျက် နီဝရဏတရားများဖြစ်ကြ
သော
_ကာမစ္ဆန္ဒ၊
ဗျာပါဒ၊ ထိန-မိဒ္ဓ၊ ဥဒ္ဓစ္စ-ကုက္ကုစ္စ၊ ၀ီစိကိစ္ဆာ တို့ နှင့် သဒ္ဓါ၊ သတိ၊ ၀ီရိယ၊ သမာဓိ၊ ပညာစသည့် ဣနြေ္ဒ
တို့ ၏ အကြောင်းကို သေချာစွာ ရှင်းလင်းဖေါ်ပြထားသည်။ တရားနာပါ။
အိမ်တွင်းမဂ္ဂင် လူ့ကျင့်စဉ် / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄၊ ၁၉၉၉။
ဩဃ တရားလေးပါးဖြစ်သော ကာမောဃ၊ ဘဝေါဃ၊
ဒိဋ္ဌောဃနှင့် အ၀ိဇ္ဇောဃတို့ကို ကျော်လွှားနိုင်ရေးအတွက် အိမ်တွင်းမဂ္ဂင်
အကျင့်လေးပါးဖြစ်သော သဒ္ဓါ၊ သတိ၊ ဝီရိယ
နှင့် ပညာရှိရမည်ဖြစ်ကြောင်း ရှင်းလင်းဖေါ်ပြထားသည်။
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, November 26, 2011

ထေရဝါဒ ဓမ္မ အသံစု (၄၃)

ကံလေးမျိုး အကျိုးပေး / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ကျိုက်ထို၊ ၁၃၅၆။
မိစ္ဆာဒိဋ္ဌိများဖြစ်ကြသော ပုဏ္ဏနှင့် သေနိယတို့အား မြတ်စွာ
ဘုရား
ဟောကြားတော်မူသည့် တရားတော်ကို အကိုးအကား
ပြုကာ ကံ
လေးမျိုးဖြစ်သည့် ကုသိုလ်ကံ
(အဖြူကံ)၊ အကု သိုလ်ကံ (အမည်းကံ)၊ ကုသိုလ်နှင့်အကုသိုလ်ရောနှောသော
ကံ
(အဖြူအမည်းရောနှောသောကံ)နှင့် ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်းမဟုတ်သောကံ(အဖြူအမည်းမရောနှော
သောကံ
) တို့၏ အကျိုးကို ရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။
စိတ္တာနုပဿနာ အလုပ်ပေး တရား / ဘဒ္ဒန္ဘဇနိတာလင်္ကာရ [ခုနှစ်မရှိ]
စိတ္တာနုပဿနာ အားထုတ်ခြင်း၏ အကျိုးကျေးဇူးနှင့် အားထုတ် ပုံတို့ကို ရှင်းလင်းညွှန်ပြဟောကြားထားသည်။ တရားနာပါ။
ဆရာကောင်း နဲ့ တွေ့စေချင်တယ် / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) တောင်စွန်း၊ ဧပြီ ၂၆၊ ၁၉၉၇။
သာသနာတွင်း လူ့ဘဝရရှိခိုက်တွင် ဆရာကောင်း သမား
ကောင်းနှင့် တွေ့ဆုံရန်အရေးကြီးကြောင်း
နှင့်ဆရာသမား
ကောင်း၏ အင်္ဂါခုနစ်ချက်တို့ကို ရှင်းလင်းဟောကြားထား
သည်။
တရားနာပါ။
တရားနာကျိုး အားထုတ်ကျိုး / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ကျုံပျော်၊ ၁၃၅၇။
သုတမယ၊ စိန္တာမယ၊ ဘာဝနာမယနှင့်ပဋိဝေဓ စသော ဉာဏ်လေးမျိုး၊ ပုထုဇဉ်နှစ်မျိုး၊ တရားနာခြင်းနှင့် တရားအား ထုတ်ခြင်းတို့၏ အကျိုးစသည်တို့ကို ရှင်းပြဟောကြားထား သည်။ တရားနာပါ။
ဘုံသုံးဆယ့်တစ် / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင် ဆရာတော်) ဇွန် ၁၂၊ ၁၉၉၇။
လောကကို တဏှာက ခြယ်လှယ်နေပုံကို ရုပ်သေးစင်နှင့်
လောကဇာတ်ခုံလူတို့ဘုံကို နှိုင်းယှဉ်ပြကာ
ရှင်းလင်းဟော ကြားထားပြီး သတိတရား ထားရှိခြင်းဖြင့် တဏှာ၏ စေခိုင်း
ခံရခြင်းမှ လွတ်မြောက်
အောင်ဆောင်ရွက်ကြရန်ကိုလည်း အကြံပေးထားသည်။ တရားနာပါ။
မြတ်ရတနာ သုံးစု / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင် ဆရာတော်) ဇွန် ၁၃၊ ၁၉၉၇။
နည်းမှန်လမ်းမှန် သီလခံယူခြင်း၊ သီလဆောက်တည်ခြင်းနှင့် ဘုရားရှိခိုးခြင်းတို့ကို သွန်သင်ဟော ကြားထားသည့်ပြင်၊ ငါးပါး၊ ရှစ်ပါးနှင့် ဆယ်ပါး အစရှိသော သီလများကိုလည်းရှင်းလင်း
ပြဆိုထား
သည်။ တရားနာပါ။
ရောဟိတဿသုတ်တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၆၊ ၁၉၅၈။
မြတ်စွာဘုရားနှင့် ရောဟိတနတ်သားတို့ ပြောကြားသော စကားကို ညွှန်းဆိုကာ လောက၏ အဆုံးနိဗ္ဗာန်သို့ မျက်
မှောက်ပြုရန် မည်သို့
အားထုတ်ရမည်ကို ရှင်းလင်းဖေါ်ပြ ထားသည်။ တရားနာပါ။
ဝေဒနာနုပဿနာ အလုပ်ပေး တရား / ဘဒ္ဒန္ဘဇနိတာလင်္ကာရ [ခုနှစ်မရှိ]
ဝေဒနာနုပဿနာ အားထုတ်ခြင်းကို လမ်းညွှန်ပြသဟော ကြားထားသော အလုပ်ပေးတရားတော် ဖြစ်သည်။ တရားနာပါ။
သုဗြဟ္မသုတ္တန်တရားတော် () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၇၊ ၁၉၅၈။
သင်္ခါရလောကဟူသည်၊ နိဗ္ဗာန်ကိုတွေ့ ရှိနိုင်သောနေရာ၊ နိဗ္ဗာန်၏ သဘောသဘာဝ၊ သင်္ခါရ၏ အဆုံးဖြစ်သောအနိစ္စ၊
သောကမှကင်းဝေးစေသည့် အကျင့်မြတ်တရား
_ဗောဇ္ဈင်္ဂ
မဂ္ဂ စသည်တို့
ကို ရှင်းလင်းဟောကြားထားသည်။ ထို့ ပြင်၊ ဘ၀များကိုဖြစ်စေတတ်သော ကုသိုလ်နှင့် အကုသိုလ်နှစ် မျိုးစလုံးကို ကြိုက်နှစ်သက်ခြင်း မရှိကြရန် အကြံပြုဟော
ကြားထားသေးသည်။
ကိုးကားချက်မှာ သုဗြဟ္မာသုတ္တန်
ဖြစ်သည်။
တရားနာပါ။
အပြော နဲ့ အလုပ် အဟုတ်ညီရင် / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ ဒီဇင်ဘာ ၂ဝ၊ ၂ဝဝ၂။
ဓမ္မကထိက၊ တရားသိပြီး တရားအားထုတ်သူနှင့် နိဗ္ဗာန်
ရရှိသူဟူသော ပုဂ္ဂိုလ်များသည် မည်ကဲ့သို့
သော သူများဖြစ်
ကြောင်းကို
ရှင်းပြထားသည်။ ထို့ အတူ၊ သံဝေဂဉာဏ်နှင့် ရုပ်အစစ်အမှန်ကို သိမြင်ခြင်းနှင့် ပတ်သက်၍လည်း ဟော
ကြားထားပြန်သည်။
ကိုးကားချက်မှာ
_ဓမ္မကထိကသုတ္တန်
ဖြစ်သည်။
တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, November 19, 2011

ထေရဝါဒ ဓမ္မ အသံစု (၄၂)


တဏှာသင်္ခယသုတ် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၄၊ ၁၉၅၈။
ဝေဒနာကို အနိစ္စဟုမြင်အောင် ရှုမှတ်ကာ တဏှာကို ပယ် သတ်လျက် နိဗ္ဗာန်ရစေခြင်း၊ အနိစ္စ၊ ဝိဟာရ၊ နိရောဓ၊ ပရိ
နိဗ္ဗာနနှင့်
နုပဿီ အစရှိသော နုပဿီတရားလေးပါး ခန္ဓာ၏
ဖြစ်ပျက်ကို ပိုင်းခြားသိရန် လိုအပ်သော တရားများနှင့် ဝေ
ဒနာကို ရှုမှတ်ရန်
မေ့လျော့ခြင်းနှင့် ရှုမှတ်ခြင်းတို့၏ အကျိုး ဆက်များစသည်တို့ကို ဟောကြားထားသည်။ ထို့ အတူ၊ တဏှာသင်္ခယသုတ္တန်ကိုအကိုးအကားပြုပြီး ဝေဒနာရှုမှတ်
ခြင်းကိုအာစိဏ္ဏကံဖြစ်အောင်
ပြုလုပ်ကြရန်ကိုလည်း တိုက် တွန်းထားသည်။  တရားနာပါ။
တရားဘာကြောင့် ကျင့်ရသလဲ / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မေ ၁၊ ၂ဝဝ၆။
ရဟန်းငယ် ရှင်သမိဒ္ဓိနှင့် နတ်သမီးတစ်ပါးတို့ ပြောကြားကြ 
သော စကားကို အကြောင်းပြုကာ ဗုဒ္ဓမြတ်
စွာဟောကြား 
သော တရားတော်ကို ညွှန်းဆိုထားသည့် တရားကျင့်ရခြင်း
၏ ရည်ရွယ်ချက်
အမှန်နှင့် တင်ကြိုပြီးမသိနိုင်သော အ
ကြောင်း တရားငါးပါးကို ရှင်း
လင်းဖေါ်ပြထားသည်။
တရားနာပါ။
မနုဿဓမ္မနှင့် ဥတ္တရိမနုဿဓမ္မ / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊ ၁၃၆၉။
ဘုရားအလောင်းတော် ဓမ္မပါလဇာတ်ကြောင်းကို ဖေါ်ညွှန်း
ကာ မ
နုဿဓမ္မ
(သုစရိုက်တရားဆယ်ပါး) နှင့် ဥတ္တရိမနုဿ ဓမ္မတို့ကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
မာယာခရီး / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မေ ၄၊ ၂ဝဝ၆။
တေလပတ္တမင်းသား ဇာတ်ကြောင်းကို ဥပမာပြလျက် ဘဝ
ကို လိမ်လည်လှည့်ဖြားနေသော မာယာမျှသာဖြစ်သည့် ငါးပါးအာရုံ ကာမဂုဏ်တို့မှ လွတ်မြောက်စေခြင်းအလို့ ငှါ၊ အရာအားလုံးတို့ကို သတိ
နှင့်ပညာဉာဏ်တို့ဖြင့် နာမ်နှင့်ရုပ် ဟူ၍သာ ရှုမှတ်ကြရန်တိုက်တွန်းဟောကြားထားသည်။
တရားနာပါ။
ဝိပဿနာ အခြေခံ အဖြေမှန် / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၅၊ ၂ဝဝ၈။
အခြေခံဝိပဿနာကျင့်စဉ်ကို နည်းလမ်းညွှန်ပြဟောကြား ထားသည်။  တရားနာပါ။
သစ္စာလေးပါးမြတ်တရား / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၅၊ ၂ဝဝ၈။
သစ္စာလေးပါးမြတ်တရားကို ဟောကြားရာတွင်_အဓိပ္ပါယ်၊ သစ္စာမသိခြင်း၏ ရလဒ်၊ သစ္စာပိုင်းခြား သိခြင်းဖြင့် စိတ်ကို
ပြုပြင်ပုံနှင့် ခန္ဓာ၏ သဘာဝစသည်တို့ပါရှိသည်။
တရားနာပါ။
အကျင့်မှန်မှ နိဗ္ဗာန်ရ / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊ ၁၃၆၈။
ကံလေးမျိုးနှင့် နိဗ္ဗာန်ရရှိခြင်းကို တားဆီးသော အကျင့်မှား
များနှင့် နိဗ္ဗာန်ရရန်အကျင့်မှန်တို့ကို
နားလည်စိမ့်သောငှါ၊
မြတ်စွာဘုရားက နွားအကျင့်ကို ကျင့်သော ပုဏ္ဏနှင့်  ခွေး
အကျင့်ကို ကျင့်သော သေနိယတို့ကို ဟောကြားတော်မူခဲ့
သည့်
" ကုက္ကုရဝတီ သုတ္တန်"ကို ရှင်းလင်းဟောကြားထား သည်။  တရားနာပါ။
အနာထပိဏ္ဍိကသုတ်တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၅၊ ၁၉၅၈။
သံသရာမှ ကျွတ်တမ်းဝင်ရေးအတွက် အရေးကြီးသော အချက်များဖြစ်သည့် ဆရာသမားကောင်း၊ ယထာဘူတ ဉာဏ်နှင့် မဂ်ဉာဏ် ရရှိရန် လိုအပ်ကြောင်းနှင့်တကွ၊ အရှင် သာရိပုတ္တရာ သင်ပြသော သေနည်း (ဆိုလိုသည်မှာ ဖြစ်
ခြင်းပျက်ခြင်းကို ရှုမှတ်ခြင်း
) တို့ကို အနာထပိဏ္ဍိကသုတ္တန် ကိုးကားချက်ဖြင့် ရှင်းလင်းဖေါ်ပြထားသည်။ တရားနာပါ။
အလှူဒါန () မျိုး / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ရန်ကုန်၊ ၁၃၆၅။
အစားအစာ၊ အ၀တ်၊ ယာဉ်၊ ဆီမီး၊ ကျောင်း၊ တရား စသော အလှူဒါနခြောက်မျိုးနှင့်ယင်းတို့ နှင့် ဆီလျော်သော လှူဖွယ် ပစ္စည်းတို့အကြောင်းကို ရှင်းလင်းညွှန်ပြဟောကြားထား
သည်။
တရားနာပါ။
ဣနြေ္ဒထက်ကြောင်း တရားတတ်ကြောင်း () ပါး (၁ဝ) / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ရန်ကုန်၊ [ခုနှစ်မရှိ]
ခရီးဆုံးဖြစ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ရရှိသည့်တိုင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းချက်၊ တရားဟောခြင်း
နှင့် တရားအားထုတ်ခြင်း၏ အရေးပါမှုနှင့် တရားမရရှိခြင်း
၏ အကြောင်းရင်း စသည်
တို့ကို ဟောကြားရာတွင် အရှင်
သာရိပုတ္တရာနှင့် ဓနဉ္ဇယပုဏ္ဏား
၊ မဏိယဒူဝရဟန်း၊ အဇာ
တသတ်မင်း ဇာတ်ကြောင်းများကို ကောက်နုတ် ဥပမာပြ
ထားသည်။
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်