Monday, May 2, 2016

ဓမ္မသာကစ္ဆာ (၃၈)


ပျော်ပျော်ပါးပါး နိဗ္ဗာန်သွား 
 

အခါတစ်ပါး၌ ဒူးရှည်မင်းသားသည် မြတ်စွာဘုရားအား မေးခွန်းနှစ်ခုကို
မေးလေရာ မြတ်ဘုရားက ဖြေကြားတော်မူသည်။ 
မင်းသား
တပည့်တော်သည် ဤဘဝမှာ ဇနီးမယားသမီးသားတို့နှင့်
ပျော်ပါးစွာ
နေလိုပါတယ်။ အမွှေးနံ့သာမျိုးစုံ ထုံမွှမ်းလိုပါတယ်။
ကံ့ကော်၊ သဇင်၊ ပန်းမျိုးစုံလင်ကို ပန်ချင်ပါတယ်။ ဘယက်
တန်ဆာ၊ ဒွါဒရာတို့ကို ဝတ်ဆင်လိုပါတယ်။ စပါးဆန်ရေ
ရွှေငွေစည်းစိမ် တိုက်အိမ်တို့ဖြင့် နေလိုပါတယ်။ ဘယ်လို
ကျင့်ကြံရမှာပါလဲဘုရား။
 ဘုရား

'ကြိုးစား၊ စုထား၊ မျှသုံး၊ မိတ်ကောင်း၊ ဤဘဝမှာချမ်းသာ
ကြောင်း’ တဲ့ကွယ့်။ ဤလေးပါးကို ကျင့်ကြံပါလေမင်းသား။
မင်းသား
ဘဝဆက်တိုင်း အဲဒီလိုနေရပြီးတော့ နိဗ္ဗာန်ကိုလည်း ရချင်
ပါတယ်။ ကျင့်အပ်တဲ့ တရားကို ဟောကြားတော်မူပါဦးဘုရား။
ဘုရား
ဒီအတွက်ကျင့်ဆောင်ရမှာကလည်း လေးပါးပါပဲ။ ‘သဒ္ဓါ၊ သီလ၊
ဒါန၊ ပညာ (ရုပ်နာမ်ဖြစ်ပျက်သိပညာ)၊ လေးဖြာစုပေါင်း၊

နောက်နောင် ချမ်းသာကြောင်း’ ကွယ့်။ တရားရှစ်ပါး၊ လက်တွေ့ပွား၊ ပျော်ပျော်ပါးပါး နိဗ္ဗာန်သွားရပေမယ် မင်းသား။  
စာကိုးစန္ဒာဝရာဘိဝံသ၊ ဘဒ္ဒန္တဓမ္မသင်တန်း (စင်္ကာပူ)၂၀၁၆
 

Posted by အေးဆက်

Tuesday, April 26, 2016

ဓမ္မပဒ ၉၉ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၁၀ - အညတရဣတ္ထိဝတ္ထု

ရမဏီယာနိ အရညာနိ၊ ယတ္ထ န ရမတီ ဇနော။
ဝီတရာဂါ ရမိဿ       န္တိ၊ န တေ ကာမဂဝေသိနော။
၉၉။ တောတို့သည် မွေ့လျော်ဖွယ် ရှိကုန်၏၊ ယင်းတောတို့၌ ကာမရှာမှီးသူ လူအပေါင်းသည် ကား မမွေ့လျော်နိုင်၊ ရာဂကင်းသော ပုဂ္ဂိုလ်တို့သည် သာ မွေ့လျော်ကုန်လတ္တံ့၊ ထိုရာဂကင်းသော ပုဂ္ဂိုလ်တို့သည် ကာမကို မရှာမှီးကြကုန်။

Posted by ဉာဏ်ဦး

Monday, March 28, 2016

ဓမ္မပဒ ၉၈ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၉ - ခဒိရရေဝတတ္ထေရဝတ္ထု

ဂါမေ ဝါ ယဒိ ဝါရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
ယတၳ အရဟေႏၲာ ဝိဟရႏၲိ၊ တံ ဘူမိရာမေဏယ်ကံ။
၉၈။ ရွာ၌ဖြစ်စေ၊ တော၌ဖြစ်စေ၊ နိမ့်ရာ၌ဖြစ်စေ၊ ကုန်းမြင့်၌ဖြစ်စေ ရဟန္တာပုဂ္ဂိုလ်တို့သည် နေကုန်၏ ထိုပုဂ္ဂိုလ်တို့နေရာ မြေအရပ်သည်
မွေ့လျော်ဖွယ်ရှိ၏။
 

Posted by ဉာဏ်ဦး

Wednesday, February 24, 2016

ဓမ္မပဒ ၉၇ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၈ - သာရိပုတ္တတ္ထေရဝတ္ထု

အဿ       ဒ္ဓေါ အကတညူ စ၊ သန္ဓိစ္ဆေဒေါ စ ယော နရော။
ဟတာဝကာသော ဝန္တာသော၊ သ ဝေ ဥတ္တမပေါရိသော။
၉၇။ အကြင်သူသည် သူပြောစကားဖြင့်သာ ယုံကြည်သူ မဟုတ်။ နိဗ္ဗာန်ကို ကိုယ်တိုင်သိသူ လည်းဖြစ်၏။ ဝဋ်သုံးပါး၏ အစပ်ကို ဖြတ်တောက်ပြီးသူ လည်း ဖြစ်၏။ ကုသိုလ် အကုသိုလ်၏ အကျိုးပေးခွင့်ကို သတ်ဖြတ်ပြီးသူ လည်း ဖြစ်၏။ အလုံးစုံသော တဏှာကို ထွေးအန်ပြီးသူလည်း ဖြစ်၏။ ထိုသူသည်သာ စင်စစ် ယောကျာ်းမြတ် ဖြစ်၏။

Posted by ဉာဏ်ဦး

Wednesday, January 27, 2016

ဓမ္မပဒ ၉၆ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၇ - ကောသမ္ဗိဝါသီတိဿ       တ္ထေရသာမဏေရဝတ္ထု

သန္တံ တဿ      မနံ ဟောတိ၊ သန္တာ ဝါစာ စ ကမ္မ စ။
သမ္မဒညာ ဝိမုတ္တဿ      ၊ ဥပသန္တဿ       တာဒိနော။
၉၆။ အကြောင်းအားလျော်စွာ တရားကိုသိ၍ ကိလေသာမလွတ်သော
ငြိမ်သက်သော ဖောက်ပြန်ခြင်းသဘောမရှိသော ထိုရဟန္တာပုဂ္ဂိုလ်၏ စိတ်သည်လည်း ငြိမ်သက်၏။ နှုတ်အမူအရာသည်လည်းကောင်း၊ ကိုယ်အမူအရာသည်လည်းကောင်း ငြိမ်သက်၏။
 
Posted by ဉာဏ်ဦး

Thursday, December 24, 2015

ဓမ္မသုတ (၅၈)


ဒီလိုချစ်ရမည်
မိမိကိုယ်ကို၊ ချစ်တယ်ဆို၊ ဘယ်လိုချစ်ရမည်။
အကုသိုလ်များ၊ မဖြစ်ပွား၊ မြစ်တားးစောင့်ရှောက်ကြရမည်။
အရွယ်သုံးပါး၊ တစ်ပါးပါး၊ တရားရအောင်ကျင့်ရမည်။
မိမိကိုယ်ကို၊ ချစ်တယ်ဆို၊ ဒီလိုချစ်ရမည်။
ဒီလိုချစ်မှ၊ လူ့ဘဝ၊ ဖြစ်ရကျိုးနပ်မည်။
ဗောဓိမင်းအား၊ မြတ်ဘုရား၊ ဟောကြားခဲ့လေသည်။
အဂ္ဂဉာဏ၊ ဦးကာလသုံးဖြာ ခန္ဓာပဋိစ္စသမုပ္ပါဒ် တရားတော်

Posted by အေးဆက်

ဓမ္မပဒ ၉၅ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၆ - သာရိပုတ္တတ္ထေရဝတ္ထု

ပထဝိသမော နော ဝိရုဇ္ဈတိ၊ ဣန္ဒခိလုပမော တာဒိ သုဗ္ဗတော။
ရဟဒေါဝ အပေတကဒ္ဒမော၊ သံသာရာ န ဘဝန္တိ တာဒိနော။
၉၅။ တာဒိဂုဏ်နှင့် ပြည့်စုံသော ကောင်းသောအကျင့်ရှိသောရဟန္တာပုဂ္ဂိုလ်သည်
မြေကြီးကဲ့သို့လည်းကောင်း၊ တံခါးတိုင်ကဲ့သို့လည်းကောင်း (သည်းခံသော စိတ်ရှိသည်ဖြစ်၍) (အမျက်ဒေါသဖြင့်) ဆန့်ကျင်မှု မပြု ၊  ရွှံ့ညွန်ကင်းသော
ရေအိုင်ကဲ့သို့ တာဒိဂုဏ်ရှင် ရဟန္တာသခင်အား ကျင်လည်ခြင်း တို့သည် မဖြစ်ကုန်။

Posted by ဉာဏ်ဦး