စုန်ရေနဲ့
ဆန်ရေ တရားတော် /
အရှင်
ပဏ္ဍိတ (ဒွိပိဋကဓရ၊
မဏိရတနာ ဆရာတော်)
ရန်ကုန်၊
စက်တင်ဘာ ၉၊ ၂ဝဝ၅။
ကုသိုလ်သည် ဆန်ရေ၊ အကုသိုလ်သည် စုန်ရေနှင့် တူပုံကို ရှင်းလင်းထားပြီး ဆန်ရေ စုန်ရေ နှစ်မျိုးစလုံးမှ လွတ်မြောက်
စေကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်းငှါ ကြိုးကုတ် အား ထုတ်ကြရန် အကြံပေးဟောကြားထားသည်။ တရားနာပါ။
တစ်နပ်ဆွမ်းနှင့်
အမြတ်စခန်း /
အရှင်
ပညာနန္ဒ
(သီတဂူကြယ်)
မကွေး၊
စက်တင်ဘာ ၂၁၊ ၂ဝဝ၆။
သတ္တ၀ါများ အပေါ် မြတ်စွာဘုရား စောင့်ရှောက်ပုံ၊ ဒါနမပြုမီ မိမိကိုယ်ကိုမိမိ မေးမြန်းရမည့် မေးခွန်းများ၊ ပုဏ္ဏာ အမည်ရှိ ကျွန်မလေး၏ အဖြစ်အပျက်ကို ညွှန်းဆိုကာ ဒါန၏ စွမ်းရည်
ကိုဖေါ်ပြချက် စသည် များပါဝင်သည်။ တရားနာပါ။
ထိနမိဒ္ဓ၏
ကောက်ကျစ်လှည့်စားတတ်ပုံ / ဦး ဝိမလ(မိုးကုတ်ဆရာ
တော်) မန္တလေး၊ ဇန္နဝါရီ ၁၉၊ ၁၉၅၉။
တော်) မန္တလေး၊ ဇန္နဝါရီ ၁၉၊ ၁၉၅၉။
သမာဓိနှင့် ထိန-မိဒ္ဓကွာခြားချက်နှင့် ထိန-မိဒ္ဓသည် ကောက်
ကျစ်လှည့်စားတတ်ပုံတို့ကို ရှင်းလင်းဟော ကြားထားပြီး နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ခြင်းငှါ သမာဓိနှင့် ထိန-မိဒ္ဓတို့ကို တသီး တခြား ဖြစ်စေကာ သတိ သမာဓိနှင့် ဝီရိယတို့ကို ယှဉ်တွဲစေ လျက် အားထုတ်ကြရန်ကို အကြံပေး ဟောကြားထားသည်။ တရားနာပါ။
ပန်းပန်မှ
လှမယ် (၁)
/ အရှင်
သုဇာတ
(မေတ္တာအေးဆရာတော်)
မင်းဘူး၊
ဇန္နဝါရီ ၂၃၊ ၂ဝဝ၉။
ဗုဒ္ဓအလိုကျ အလှပြင်နည်း၊ ဒါနကုသိုလ်သုံးမျိုး၊ သီလကုသိုလ် သုံးမျိုးနှင့် ဘာဝနာကုသိုလ်လေးမျိုး ပါဝင်သော ကုသိုလ်ဆယ် မျိုး စသည့်တရားများကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ပန်းပန်မှ
လှမယ် (၂)
/ အရှင်
သုဇာတ (မေတ္တာအေးဆရာတော်)
မင်းဘူး၊
ဇန္နဝါရီ ၂၃၊ ၂ဝဝ၉။
မြတ်စွာဘုရားနှင့် သုမနဒေဝီတို့၏ အပြန်အလှန်ပြောဆိုသော စကားကို အထောက်အထားပြုလျက် ဒါနပြုသူနှင့် ဒါနမပြုသူ ပုဂ္ဂိုလ်နှစ်ဦးတို့သည် နတ်ပြည်၊ လူ့ဘဝ၊ ရဟန်းဘဝနှင့် နိဗ္ဗာန် အသီးသီးသို့ရောက်ရှိသည့် အခါများတွင်ရရှိခံစားရမည့်အကျိုး
ကျေးဇူးကွာခြားချက်များ၊ သီလစောင့်ထိန်းခြင်း၏ ကောင်းကျိုး
နှင့် သီလကျိုးပျက်ခြင်း၏ ဆိုးကျိုးများ၊ သမထနှင့် ဝိပဿနာ ဘာဝနာ၊ ဝိပဿနာကျင့်စဉ် အကျဉ်း စသော တရားများကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ဘာသာရေးနှင့်
အနေဝေးနေခဲ့သော် (ပ)
/ အရှင်
ကုမာရ
(ဓမ္မဓရ)
မန္တလေး၊
၁၃၇ဝ။
တရားနာရခြင်း၏ ရည်ရွယ်ချက်၊ သတိ သမာဓိနှင့် ပညာတို့ ထားရှိခြင်းဖြင့် ထိုက်တန်သော တရား နာယူမှု ဖြစ်စေရေး၊ နိဗ္ဗာန်၏ အဓိပ္ပါယ်၊ နိဗ္ဗာန်ရရှိမည့် အချိန်နှင့် အဘယ်ကြောင့် ဘာသာရေးနှင့် အနေဝေးရကြောင်းစသည်တို့ကို ဖေါ်ပြဟော
ကြားထားသည်။ တရားနာပါ။
ဘာသာရေးနှင့်
အနေဝေးနေခဲ့သော် (ဒု)
/ အရှင်
ကုမာရ (ဓမ္မဓရ)
မန္တလေး၊
၁၃၇ဝ။
မပြစ်မှားသင့်သော ပုဂ္ဂိုလ်ဆယ်ဦးနှင့် ယင်းပုဂ္ဂိုလ်များအား ပြစ်
မှားခြင်း၏ ရလဒ်များကို ဟောကြား ထားသည်။ တရားနာပါ။
မူလနှစ်ဖြာလင်္ကာ
ရှင်းတမ်း တရားတော်
/
အရှင်
ပဏ္ဍိတ (ဒွိပိဋကဓရ၊
မဏိရတနာဆရာတော်)
ရန်ကုန်၊
စက်တင်ဘာ ၉၊ ၂ဝဝ၅။
အခက်ခဲဆုံးနှင့် အရှုပ်ထွေးဆုံးသော ပဋိစ္စသမုပ္ပါဒ်၊ သံသရာမှ လွတ်မြောက်ကြောင်းကို သိရှိနိုင်ရန် မှတ်သားထား ရမည့် ပဋိစ္စသမုပ္ပါဒ် လင်္ကာ၏ အစိတ်အပိုင်း ရှစ်ခုကို တစ်ခုချင်း ထင် ရှားပေါ်လွင်အောင် ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ဝိပဿနာ
ရှုပွားနည်း အလုပ်သင် တရားတော်
/
ဦး
ဝိမလ (မိုးကုတ် ဆရာတော်)
မန္တလေး၊
ဇန္နဝါရီ ၁၇၊၁၉၅၉။
တရားအားထုတ်နေစဉ်တွင် သတိနှင့် ပညာတို့ဖြင့် ပေါ်လာ
သမျှကို ရှုကြည့်ကြရန်၊ ယထာဘူတ၊ နိဗ္ဗိန္ဓနှင့် မဂ်ဥာဏ်၊ တဏှာသည် အပ်ချုပ်သမားပမာ ဒုက္ခအစနှင့် ဒုက္ခအဆုံး ဟူသော ဒုက္ခနှစ်ခုကို ချုပ်စပ်ပေးပုံ စသည့်တရားများကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
အမြတ်စားအလှု
ရအောင်ယူ /
အရှင်
ပညာနန္ဒ (သီတဂူကြယ်)
မန္တလေး၊
၁၃၇၁။
အရှင်မဟာကဿပနှင့် ဆင်းရဲသူမလေး ဆာလာတို့ကို ကိုးကားလျက် အလှူဒါန သုံးမျိုး၊ အရှင်မဟာကဿပ၏ ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များနှင့်အတူ အကောင်းဆုံး လှူဒါန်းနည်းစသော တရားများကို ဟောကြားထားသည်။ တရားနာပါ။
Posted
by
ဉာဏ်ဦး၊
အေးဆက်