Saturday, June 25, 2016

ဓမ္မပဒ ၁ဝ၁ [ခုဒ္ဒကနိကာယ်]


၈ - သဟဿ ဝဂ္ဂ၊ တစ်ထောင် တရားတော် စာစုများ
၂ - ဗာဟိယဒါရုစီရိယဝတ္ထု
သဟဿမပိ စေ ဂါထာ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။
၁၀၁။ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာသည် တစ်ထောင်ပင် ဖြစ်စေကာမူ မမြတ်၊ ကြားနာရ သဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော ဂါထာ တစ်ဂါထာ သည်သာ ပိုလွန်၍ မြတ်၏။
 

Posted by ဉာဏ်ဦး