Thursday, December 24, 2015

ဓမ္မသုတ (၅၈)


ဒီလိုချစ်ရမည်
မိမိကိုယ်ကို၊ ချစ်တယ်ဆို၊ ဘယ်လိုချစ်ရမည်။
အကုသိုလ်များ၊ မဖြစ်ပွား၊ မြစ်တားးစောင့်ရှောက်ကြရမည်။
အရွယ်သုံးပါး၊ တစ်ပါးပါး၊ တရားရအောင်ကျင့်ရမည်။
မိမိကိုယ်ကို၊ ချစ်တယ်ဆို၊ ဒီလိုချစ်ရမည်။
ဒီလိုချစ်မှ၊ လူ့ဘဝ၊ ဖြစ်ရကျိုးနပ်မည်။
ဗောဓိမင်းအား၊ မြတ်ဘုရား၊ ဟောကြားခဲ့လေသည်။
အဂ္ဂဉာဏ၊ ဦးကာလသုံးဖြာ ခန္ဓာပဋိစ္စသမုပ္ပါဒ် တရားတော်

Posted by အေးဆက်

ဓမ္မပဒ ၉၅ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၆ - သာရိပုတ္တတ္ထေရဝတ္ထု

ပထဝိသမော နော ဝိရုဇ္ဈတိ၊ ဣန္ဒခိလုပမော တာဒိ သုဗ္ဗတော။
ရဟဒေါဝ အပေတကဒ္ဒမော၊ သံသာရာ န ဘဝန္တိ တာဒိနော။
၉၅။ တာဒိဂုဏ်နှင့် ပြည့်စုံသော ကောင်းသောအကျင့်ရှိသောရဟန္တာပုဂ္ဂိုလ်သည်
မြေကြီးကဲ့သို့လည်းကောင်း၊ တံခါးတိုင်ကဲ့သို့လည်းကောင်း (သည်းခံသော စိတ်ရှိသည်ဖြစ်၍) (အမျက်ဒေါသဖြင့်) ဆန့်ကျင်မှု မပြု ၊  ရွှံ့ညွန်ကင်းသော
ရေအိုင်ကဲ့သို့ တာဒိဂုဏ်ရှင် ရဟန္တာသခင်အား ကျင်လည်ခြင်း တို့သည် မဖြစ်ကုန်။

Posted by ဉာဏ်ဦး