၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၁ - ဇီဝကပဥှာဝတ္ထု
ဂတဒ္ဓိနော ဝိသောကဿ ၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
သဗ္ဗဂန္ထပ္ပဟီနဿ ၊ ပရိဠာဟော န ဝိဇ္ဇတိ။
၉ဝ။ စိုးရိမ်ကင်းသော အလုံးစုံသော (ခန္ဓာစသည့်)တရားတို့မှ လွတ်မြောက်သော အလုံးစုံအထုံး အဖွဲ့ကိုပယ်ပြီးသော သံသရာ ခရီးသွားပြီးသော (ရဟန္တာ) ပုဂ္ဂိုလ် အား ပူပန်မှု မရှိတော့ချေ။
Posted by ဉာဏ်ဦး
ငှက်နှင့်တူစွ ဝိဇ္ဇာ စရဏ
ငှက်များသည် မျက်စိဖြင့် ခရီးလမ်းကြောင်းကို ကြည့်ကာ အတောင်ဖြင့် ပျံသန်း ကြသည်။ ခြေထောက်ဖြင့် ကိုင်တွယ်ခိုနားသည်။ သစ်သီးနှင့် ပန်းမာလ်တို့ကို မူ နှုတ်သီးဖြင့် ခူးဆွတ်၏။ ယင်းအစိတ်အပိုင်းတို့ မပြည့်ုစုံလျှင် ငှက်များသည် ကြာရှည်မရှင်သန်နိုင်ကြ။
အလားတူစွာ ဗုဒ္ဓသာသနာတွင် ဝိဇ္ဇာ (အသိ)နှင့် စရဏ (ကောင်းသောအကျင့်) တို့မပြည့်စုံလျှင် မဂ်၊ ဖိုလ်နှင့် နိဗ္ဗာန်တို့၏ အရသာကိုမခံစားနိုင်ပေ။ တစ်ခု
မဟုတ် တစ်ခုချို့တဲ့က မဂ် ဖိုလ် နိဗ္ဗာန်ကို ရနိုင်တော့မည် မဟုတ်ချေ။
ငှက်တို့၏ မျက်စိသည် ကံ၏ အကျိုးကို ယုံကြည်ခြင်းနှင့် တူသည်။ မြင့်မြတ်သူ
တို့၏ အသိသည် ငှက်နှုတ်သီးအလား ဖြစ်သည်။ ယင်းတို့သည်ကား ဝိဇ္ဇာ၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ ခြေနှင့် အတောင်တို့မှာ ကောင်းသော အကျင့် (စရဏ)၏ အဖေါ်ဖြစ်သော သီလနှင့် သမာဓိသာလျှင် ဖြစ်တော့သည်။
စာကိုး။ Eindaka, Ashin (Nyaung Kan Aye Sayadaw). Fundamentals of Buddhism. 2009.
Posted by အေးဆက်
ကုသိုလ်ပြုက ကောင်းကျိုးရ
တစ်ရံခါဝယ် ဗာရာဏသီပြည်၌ မိသားစုခြောက်ယောက် အတူနေထိုင်လျက် ရှိကြ၏။ ဖခင်၊ မိခင်၊ သမီး၊ သား၊ ချွေးမနှင့် အိမ်ဖေါ်တို့ဖြစ်ကြသည်။ ဖခင်သည် ကျန်ငါးဦးတို့အား ဒါနပြုရန်၊ သီလဆောက်တည်ရန်နှင့် သေခြင်းကို အောက်မေ့ ကြရန် ဩဝါဒပေးထားသည်။ မိမိကိုယ်တိုင်လည်း အလားတူပြုလုပ်၏။ ဘုရား မပွင့် သေးသဖြင့် ဝိပဿ နာကိုမူ မသိကြ။ တစ်နေ့တွင် သားအဖနှစ်ဦး လယ်
ဆင်း လုပ်ခိုက် သားမှာ မြွေကိုက်ခံရ၍ သေဆုံးလေသည်။ မိသားစုအားလုံး
စုံညီ အလောင်းကို မီးရှို့ကာ ပြာအကျကို စောင့်ရင်း သံဝေဂ ယူနေကြသည်။
သေဆုံး ပြီးနောက် သားမှာ နတ်ပြည်၌ သိကြားမင်း သွားဖြစ်သည်။ လူအသွင် ဖန်ဆင်း၍ မိသားစုများကို သွားရောက်တွေ့ဆုံ၏။
သိကြား
ဘာကိုမီးရှို့ နေကြတာပါလဲ။
ဖခင်
လူသေလို့ မီးရှို့ နေတာပါ။
သိကြား
လူသေတယ်ဆိုပြီး လုံးဝမျက်နာမပျက်ကြပါလား။ သားကောင်
သတ်ပြီး မီးရှို့ တယ်ဆိုရင် ကျွန်ုပ်စားဖို့  နည်းနည်းမျှပါ။
ဖခင်
သားကောင်မဟုတ်ပါ။ ကျွန်ုပ်ရဲ့ သားပါ။
သိကြား
ဆိုးသွမ်းသူမို့ မျက်ရည်မကျ ကြတာလား။
ဖခင်
အလွန်လိမ္မာတဲ့သားပါ။ အရေခွံဟောင်းကို စွန့်ပစ်သွားတဲ့မြွေလို ကျွန်ုပ်ရဲ့ သား ဟာ သူ့ကံအလျောက် ဘဝသစ်ကို ရောက်သွားပါပြီ။ ကျွန်ုပ်တို့ ငိုနေလည်း သူမသိ၊ အကျိုးမရှိလို့ မျက်ရည်မကျပါ။
သိကြား
မိခင်ဖြစ်တဲ့ အသင်ကကော ဘာကြောင့်မျက်ရည်မကျတာလဲ။
မိခင်
ကျွန်ုပ်တို့မိသားစုထဲမှာ လာဖြစ်ပါလို့ မခေါ်ဘဲနဲ့ သူလာပါတယ်။ မနှင်ဘဲနဲ့လည်း ထွက်ခွါသွားပြန်ပါတယ်။ လာချင်ရာလာ ပြန်ချင် ရာပြန်တဲ့ သူအတွက် ငိုနေလို့ ဘာအကျိုးမှမရှိပါ။ သူကလည်းဘာမှ သိမှာမဟုတ် တော့ပါ။
သိကြား
အစ်ကိုတစ်ယောက်လုံးသေတာ ညီမက ဘာကြောင့် မျက်ရည်မကျ တာလဲ။
ညီမ
အလွန်အားကိုးရတဲ့ အစ်ကိုပါ။ ဒါပေမယ့် တမ်းတငိုကြွေးလိုက်ရင် ကိုယ်ပဲခေါင်းခဲပြီး နုံးချိသွားမှာပါ။ ရန်သူရှိခဲ့ရင်လည်း ဒီလိုကျွန်ုပ် ဆင်းရဲပင်ပန်းတာမြင်ရင် ကျေနပ်ကြပါလိမ့်မယ်။ ငိုကြွေးနေ
တာတွေ့ တဲ့ ဆွေမျိုးတွေကျတော့ စိတ်မကောင်းဖြစ်ကြမှာပါ။ အစ်ကိုက ပြန် လည်းမလာ၊ သိလည်းသိမှာ မဟုတ်ပါ။
သိကြား
ဇနီးဖြစ်ပါလျက် မျက်ရည်မကျတာ အံ့ဩစရာပဲ။
ဇနီး
မိုးပေါ်က လကို အသိဉာဏ်မရှိတဲ့ ကလေးကသာ ယူခိုင်းမှာဖြစ် ပါတယ်။ အသိဉာဏ်ရှိသူအနေနဲ့ ပြန်မလာနိုင်တော့တဲ့ သူအတွက် ငိုနေလို့ အကျိုး မရှိပါ။
သိကြား
သင်အိမ်ဖေါ်သူငယ်မကကော ဘာကြောင့်မငိုတာလဲ။
အိမ်ဖေါ်
ကွဲသွားတဲ့ အိုးဟာ ပြန်ကောင်းလာစရာ အကြောင်းမရှိပါ။
သေသွားတဲ့ သူဟာလည်း ပြန်လာမှာမဟုတ်သလို ငိုတာ
လည်း သိမှာမဟုတ်ပါ။ အကျိုးမှမရှိတာ ဘာကြောင့်
ငိုရမှာလဲ။
သိကြား
ကောင်းပါပြီ။ ကျွန်ုပ်ဟာ သေလွန်သွားတဲ့သူ ဖြစ်ပါတယ်။
ခုသိကြားမင်း စည်းစိမ်ကို ခံစားနေရပါပြီ။ ကောင်းမှုပြုခြင်းဟာ အကျိုးများကြောင်း ကိုယ်တွေ့ ဖြစ်တဲ့အတွက် နဂိုကျင့်မြဲ
တရားများကို ဆက်လက် ကျင့်ကြံ ကြဖို့  မှာကြားလိုပါတယ်။
စာကိုး။ နရပတိ၊ ဦး။ အသက်သေသော်လည်း မျက်ရည်မကျစတမ်း တရားတော်။
Posted by အေးဆက်
ကောဝိဒ၊ ဒေါက်တာအရှင် (မဇ္ဈိမဂုဏ်ရည်)။ သတိစွမ်းအား။ အင်းစိန်၊ ၆ ဒီဇင်ဘာ ၂ဝဝ၉။
လူတို့သည် မည်သည်ကို မည်မျှ ကြာအောင်မေ့လျော့၍ နေကြ
ပါသနည်း၊ ကပ်ကြီးသုံးပါး ဖြစ်ရခြင်းအကြောင်းရင်း၊ သတိရှိခြင်းနှင့်
မေ့လျော့ခြင်းတို့၏ ရလဒ်တို့ကို ဖော်ပြဟောကြားထားသည်။
http://goo.gl/7eyKpn
ရေဝတ၊ အရှင် (မူလကသစ်ဝိုင်)။ ဝိပဿနာအလုပ်ပေး ၃၊ သမထတရား (၃) (၄)။ [ခုနှစ်မပါ]
မနောကံ (၇) ပါး၊ အပ္ပနာသမာဓိနှင့် ဥပစာရသမာဓိ၊ ဘုရားရှိခိုးနည်း
(၃)မျိုး၊ မနောကံအသစ်ကို သမထနှင့် ဖိနှိပ်နည်း၊ သမထနှင့် ဝိပဿ
နာတွဲကာ နိဗ္ဗာန်ရရန် နည်းလမ်း၊ မဂ်သစ္စာလေးချက်နှင့် ကိလေသာ၏ သဘာဝတို့ပါရှိ၏။ http://goo.gl/VkEddR; http://goo.gl/4sr0pQ
သီလာနန္ဒာဘိဝံသ၊ အရှင်။ တရားရတနာတရားတော်။ USA, ၂၁ ဇူလိုင် ၁၉၉၁။
ဓမ္မ၏ အဓိပ္ပါယ်၊ တရားဟူသည်၊ တရားသည် မည်သူ့ကို မည်သို့
ဆောင်ထားကြောင်း၊ တရားဂုဏ်တော် (၆) ပါး၊ ဓမ္မသည် အဘယ်
ကြောင့် ကိုးကွယ်ရာဖြစ်ကြောင်းစသည် တို့ကို ဖော်ပြဟောကြား
ထားသည်။ http://goo.gl/3VlLP1
Posted by ဉာဏ်ဦး၊ အေးဆက်
မွေးနေ့ကုသိုလ်
မွေးနေ့ကုသိုလ်ပြုရင် အချိန်ရှိတိုင်းပြုရမယ်။
တရားသဘောအရ အချိန်ရှိတိုင်း (ဖြစ် ပျက်မှု) မွေး သေနေကြတာပဲမဟုတ်လား။
ဇနကာဘိဝံသ၊ အရှင် (မဟာဂန္ဓာရုံဆရာတော်)။ အဆိုအမိန့်များ။ ၁၉၉၈။
Posted by အေးဆက်