Saturday, April 25, 2015

ဓမ္မသုတ (၅ဝ)


နိဗ္ဗာန်သည်လျှင်- ဆေးအသွင်
ဆေးသည် အဆိပ်ဖြင့် နှိပ်စက်ခြင်း ခံရကုန်သော သတ္တဝါတို့၏ ကိုးကွယ်ရာ ဖြစ်သကဲ့သို့ နိဗ္ဗာန်သည် ကိလေသာ အဆိပ်ဖြင့် နှိပ်စက်
ခြင်း ခံရသော သတ္တဝါတို့၏ ကိုးကွယ်ရာဖြစ်၏။
ဆေးသည် အနာရောဂါတို့၏ အဆုံးကို ပြုတတ်သကဲ့သို့ နိဗ္ဗာန်သည် အလုံးစုံသော ဝဋ်ဆင်းရဲတို၏ အဆုံးကို ပြုတတ်၏။
ဆေးသည် အသက်ကို မသေစေနိုင်သကဲ့သို့ နိဗ္ဗာန်သည် မသေစေနိုင်။

နိဗ္ဗာန်တူစွာ- မဟာသမုဒ္ဒရာ
မဟာသမုဒ္ဒရာသည် အလုံးစုံသော အကောင်ပုပ်တို့မှ ဆိတ်သုဉ်းသကဲ့ သို့ နိဗ္ဗာန်သည် အလုံးစုံသော ကိလေသာ အပုပ်တို့မှ ဆိတ်သုဉ်း၏။
မဟာသမုဒ္ဒရာသည် ကြီးကျယ်၏။ ထိုမှာဖက်ကမ်းမရှိ၊ အလုံးစုံသော
မြစ်တို့ဖြင့် စီးဝင်သော်လည်း မပြည့် နိုင်သကဲ့သို့ နိဗ္ဗာန်သည် ကြီးကျယ်၏။ ထိုမှာဖက်ကမ်းမရှိ။ အလုံးစုံသော သတ္တဝါတို့ဖြင့် မပြည့်နိုင်။
မဟာသမုဒ္ဒရာသည် ကြီးကုန်သော သတ္တဝါတို့၏ နေရာဖြစ်သကဲ့သို့ နိဗ္ဗာန်သည် ကြီးမြတ်ကုန်သော၊ အညစ်အကြေးကင်းကုန်ပြီးသော၊ အာသဝေါကုန်ပြီးသော၊ အရဟတ္တဖိုလ်တည်းဟူသော အားအစွမ်းသို့
ရောက်ပြီးကုန်သော ရဟန္တာတို့၏ နေရာဖြစ်သည်။
မဟာသမုဒ္ဒရာသည် မနှိုင်းရှည့်အပ်သော၊ အထူးထူး အပြားပြားပြန့်ပြော
သော လှိုင်းတံပိုးတို့ဖြင့် ပြွမ်းသကဲ့သို့ နိဗ္ဗာန်သည် မနှိုင်းရှည့်အပ်သော၊ အထူးထူး အပြားပြား ပြန့်ပြောသော၊ အညစ်အကြေးမရှိ စင်ကြယ်သော အသိဉာဏ် "ဝိဇ္ဇာ"၊ လွတ်မြောက်မှု "ဝိမုတ္တိ" ပန်းတို့ဖြင့် ပြွမ်း၏။
စာကိုး။ မိလိန္ဒပဉှာပါဠိတော်၊ ဝေဿ      န္တရဝဂ်၊ နိဗ္ဗာနရူပသဏ္ဍာနပဉှာ။
 

Posted by အေးဆက်

Thursday, April 23, 2015

ဓမ္မပဒ ၈၃ [ခုဒ္ဒကနိကာယ်]


၆ - ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၈ - ပဉ္စသတဘိက္ခုဝတ္ထု

သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ၊ န ကာမကာမာ လပယန္တိ သန္တော။
သုခေန ဖုဋ္ဌာ အထ ဝါ ဒုခေန၊ န ဥစ္စာဝစံ ပဏ္ဍိတာ ဒဿ       ယန္တိ။
၈၃။ သူတော်ကောင်းတို့သည် (ခန္ဓာငါးပါးစသော) သဘောတရား အားလုံးတို့၌ (တပ်မက်မောမှုကို) စင်စစ် စွန့်လွှတ်ကုန်၏။ သူတော်ကောင်းတို့သည် ကာမတို့ကို အလိုရှိကုန်သည် ဖြစ်၍ မပြောဆိုကုန်။ ပညာရှိတို့သည် ချမ်းသာ ဆင်းရဲနှင့် တွေ့စေကာမူ ဝမ်းမြောက်ခြင်း နှလုံးမသာခြင်း သဘောကို မဖော်ပြ ကြကုန်။
 

Posted by ဉာဏ်ဦး

Monday, April 20, 2015

ဓမ္မပဒ ၈၂ [ခုဒ္ဒကနိကာယ်]


၆ - ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၇ - ကာဏမာတာဝတ္ထု

ယထာပိ ရဟဒေါ ဂ မ္ဘီရော၊ ဝိပ္ပသန္နော အနာဝိလော။
ဧဝံ ဓမ္မာနိ သုတွာန၊ ဝိပ္ပသီဒန္တိ ပဏ္ဍိတာ။
၈၂။ နက်လှစွာသော သမုဒ္ဒရာသည် နောက်ကျု ခြင်းမရှိ အထူးကြည် လင်ဘိသကဲ့သို့ ပညာရှိတို့သည် မြတ်စွာဘုရားဟောကြားအပ်သော တရားတို့ကို ကြားနာရ၍ အထူးကြည်လင်ကုန်၏။
 

Posted by ဉာဏ်ဦး

Tuesday, April 14, 2015

ဘဝနေဟန် တရားမှန် (၂၆)


ထောက်ပံ့ခြင်းငါးမျိုး

သစ်ပင်ငယ်များ စိုက်ထားခဲ့ပါလျှင် ခြံခတ်ခြင်း၊ ရေလောင်းခြင်း၊
အမြစ်ဟောင်းနှင့် ပေါင်းများသင်ခြင်း၊ ပိုးမွှားနှင့် ပိုးမျှင်များဖယ်
ရှားခြင်တို့ကို အမြဲမုချ ပြုလုပ်ကြရလေသည်။
ထို့အတူ၊ မိမိအတွက်_
သီလသည် ခြံခတ်ထားခြင်းနှင့် မခြားတူပေသည်။
သုတသည်ကား ရေလောင်းခြင်းနှင့် မခြားတူပေသည်။
ဆွေးနွေးခြင်းမှာ ပေါင်းသင်ခြင်းနှင့် မခြားတူပေသည်။
သမထမှာမူ ပိုးမွှားများကို ဖယ်ရှားခြင်းနှင့် မခြားတူပေသည်။
ဝိပဿ       နာကား ပိုးမျှင်များကို ဖယ်ရှားခြင်းနှင့် မခြားတူပေသည်။
စာကိုးကုဏ္ဍလာဘိဝံသ၊ အရှင် (သဒ္ဓမ္မရံသီ)။ ဆောင်ပုဒ်များ။

Posted by အေးဆက်

Wednesday, April 8, 2015

ဓမ္မသာကစ္ဆာ (၃၃)


ဝဋ်မကြိုက်သော ဗုဒ္ဓ
 

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကေတမြို့အနီး မြစိမ်းညို တော
တွင် သီတင်းသုံးလျက်ရှိ၏။ ဗြဟ္မာတစ်ဦးသည် ဘုရားဖူးရန် နောက် လိုက်များနှင့်အတူ ရောက်ရှိလာသည်။ ဘုရားရှင်၏ ပင်ကိုမျက်နှာတော်
အနေအထားကို မသိသော ဗြဟ္မာသည် ကြည်လင်ရွှင်ပြုံးနေသည့် ဘုရားရှင်ကို ဖူးမြင်ရသည်နှင့် မေးမြန်း လျှောက်ထားလေသည်။

ဗြဟ္မာ

အရှင်ဘုရား၊ ဘာကိုများ နှစ်သက်သဘောကျနေတဲ့အတွက် ကြည်လင်ပြုံးရွှင် နေတော်မူပါသလဲ။
ဘုရား
ဘာတစ်ခုက နှစ်သက်စရာကောင်းလို့ ဘာတစ်ခုကို နှစ်သက်
သဘောကျရမှာလဲကွယ့်။ (လောဘဖြစ်စရာ တစ်စုံတစ်ခုမျှ မရှိ
ဟု ဆိုလိုခြင်းဖြစ်သည်။)
ဗြဟ္မာ
ဒါဖြင့် စိတ်ညစ်စိတ်ပျက်ပြီးတော့များ နေရော့သလားဘုရား။
ဘုရား
သတ္တဝါတွေဟာ နှစ်သက်စရာ ပျက်စီးမှသာ စိတ်ပျက်တတ်ကြ တယ်။ နှစ်သက်စရာ သဘောကျစရာအာရုံ တစ်ခုမျှ မရှိတဲ့
ငါဘုရားဟာ အဘယ်မှာ စိတ်ညစ်စိတ်ပျက်မှာ တုန်းကွယ့်။ (ဒေါသကင်းသည်ဟု ဆိုလို၏။)
ဗြဟ္မာ
ပျော်လည်းမပျော် စိတ်လည်းမပျက်ဘူးဆိုရင် အရှင်ဘုရား ပျင်းများနေရော့သလား။
ဘုရား
ပျော်တာ စိတ်ပျက်တာမရှိတဲ့ ငါဘုရားအတွက် ဘယ်မှာ
ပျင်းတယ်ဆိုတာ လာပါ့မလဲကွယ့်။ (လောဘ၊ ဒေါသ မရှိ သဖြင့် မောဟလည်း မလာကြောင်းကို ဆိုလိုသည်။)
ဗြဟ္မာ
အဘယ်ကြောင့် နှစ်သက်ခြင်း၊ စိတ်ညစ်ခြင်း၊ ပျင်းရိခြင်းတွေ မဖြစ်တာပါလဲဘုရား။
ဘုရား
ဒုက္ခသစ္စာကို ဒုက္ခသစ္စာပဲလို့ မသိတဲ့သူဟာ ဒီဒုက္ခသစ္စာကို လိုချင်နှစ်သက်တဲ့ တဏှာ ဆိုတာဖြစ်တယ်။ တဏှာရှိနေရင် လိုချင်တာရအောင် လုပ်လိမ့်မယ်။ ဒါဆို တစ်ပတ်ပြန်လည်ပြီ။ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တွေပဲပေါ့။ ဝဋ်ကို ဝဋ်မှန်း သိဖို့လိုတယ်။ ဒါမှ နှစ်သက်တာ၊ စိတ်ပျက်တာ၊ ပျင်းတာတွေ မလာတော့ဘူးကွယ့်။ ဝဋ်ကိုကြိုက်ရင် ဝဋ်ခံရလိမ့်မယ်။ ဝဋ်ကို ကြောက်ရင် ပိုင်တာလည်း မကြိုက်လေနဲ့ ၊ မပိုင်တာ
လည်း မကြိုက်လေနဲ့ အမောင်တို့ ။
စာကိုး   ဆေကိန္ဒ၊ ဒေါက်တာအရှင်။ ဝဋ်ကိုကြိုက်ရင် ဝဋ်လိုက်တတ်တယ် တရားတော်။  

Posted by အေးဆက်

ထေရဝါဒ ဟောဓမ္မ (၄၃)


ကုဏ္ဍလာဘိဝံသ၊ အရှင် (သဒ္ဓမ္မရံသီ ဆရာတော်)။ ပဒါနိယင်္ဂသုတ္တန် (ဖြစ်ပျက်မြင်)။ ၁၃၅၉။
ဝိပဿ       နာကမ္မဌာန်း စီးဖြန်းမှုအရ ဖြစ်ပျက်ကို မြင်နိုင်သည့် ပညာလိုအပ်ပုံကို ရှင်းလင်းဟောကြားထားသည်။  http://goo.gl/UoNqOZ
ဆေကိန္ဒ၊ ဒေါက်တာ အရှင် (ဓမ္မဒူတ၊ မှော်ဘီ)။ ပြေးသူကပြေး ဆွဲသူကဆွဲအလုပ်ပေးတရား။ မှော်ဘီ၊ ၁၃၆၃။ (06 Nov 2001)
သတ္တဝါတို့သံသရာတွင် လည်ပတ်နေရခြင်း အကြောင်းရင်း၊ အဝိဇ္ဇာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ယင်း၏ လုပ်ရပ်၊ တရား၏ အလုပ်၊ သံယောဇဉ်ဆယ်ပါးစသော တရားတို့ကို ဖော်ပြဟော ကြားထားသည်။ http://goo.gl/weqpD9
ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ဗုဒ္ဓ၏ ၃၂ဖြာ လက္ခဏာတော် (၃)။ ကျိုက္ကော်၊ ၁၃၅၇။
ဗုဒ္ဓသည် အဘယ်ကြောင့်ပညာအရာတွင် အသာဆုံး
ဖြစ်
ကြောင်း၊
ဒါနမပြု ခြင်း အကြောင်းရင်း များ၊ စိတ်၏ အရေးပါမှု၊ ဗုဒ္ဓ၏ လက္ခဏာတော်သုံးပါးဖြစ်သည့်_မြူ မှုန်မတင်နိုင်အောင် ချောမွတ် နူးညံ့သည့် အသားအရေ ရှိခြင်း၊ ရွှေအဆင်း ကဲ့သို့ ဝါဝင်းသော အဆင်းအရေရှိခြင်း၊ အဖုံးအအုပ် နှင့် ပြည့်စုံသည့် ယောက်ျားနိမိတ် ရှိခြင်းတို့၏ အကြောင်းနှင့် အကျိုးများ ပါရှိသည်။ http://goo.gl/U1XzAH
Posted by ဉာဏ်ဦး၊ အေးဆက်