Wednesday, March 25, 2015

ဓမ္မသုတ (၄၉)



နိဗ္ဗာန်တူစွာ ပဒုမ္မာကြာ
ပဒုမ္မာကြာသည် ရေ ဖြင့် မလိမ်းကျံသကဲ့သို့ နိဗ္ဗာန်သည် အလုံးစုံသော ကိလေသာတို့ ဖြင့် လိမ်းကျံခြင်း မရှိချေ။
နိဗ္ဗာန်တူပေ ရေ
ရေသည် ပင်ပန်းခြင်း၊ ခြောက်ကပ်ခြင်း၊ မွတ်သိပ်ခြင်း၊ နေပူခြင်း
တို့ ဖြင့် နှိပ်စက်အပ်ကုန်သော လူနှင့်သားကောင် တို့၏ မွတ်သိပ်ခြင်းကို ပယ်ဖျောက်နိုင်သည်။

ထို့အတူ နိဗ္ဗာန်သည် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ တည်းဟူသော မွတ်သိပ်ခြင်းတို့ကို ပယ်ဖျောက်တတ်၏။
ရေသည် အေးမြသကဲ့သို့ ပူလောင်ခြင်းကို ငြိမ်းစေသကဲ့သို့  နိဗ္ဗာန်သည် အေးမြ၏။ အလုံးစုံသော ကိလေသာ ပူလောင်မှု များကို ငြိမ်းစေတတ်၏။
စာကိုး။ မိလိန္ဒပဉှာပါဠိတော်၊ ဝေဿ န္တရဝဂ်၊ နိဗ္ဗာနရူပသဏ္ဍာနပဉှာ။
Posted by အေးဆက်

Monday, March 23, 2015

ဓမ္မပဒ ၈၁ [ခုဒ္ဒကနိကာယ်]


၆ - ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၆ - လကုဏ္ဍကဘဒ္ဒိယဝတ္ထု

သေလော ယထာ ဧကဃနော၊ ဝါတေန န သမီရတိ။
ဧဝံ နိန္ဒာပသံသာသု၊ န သမိဉ္ဇန္တိ ပဏ္ဍိတာ။
၈၁။ တစ်ခဲနက်ဖြစ်သော ကျောက်တောင်သည် (အရပ်လေးမျက်နှာမှ) လာသော လေကြောင့် မတုန်လှုပ်သကဲ့သို့ ပညာရှိတို့သည် ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့ကြောင့် မတုန်လှုပ်ကုန်။
 

Posted by ဉာဏ်ဦး

Friday, March 20, 2015

ဓမ္မပဒ ၈ဝ [ခုဒ္ဒကနိကာယ်]


၆ - ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၅ - ပဏ္ဍိတသာမဏေရဝတ္ထု

ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။
၈ဝ။ မြောင်းတူးရေယူသမားတို့သည် (အလိုရှိရာသို့) ရေကို
ဆောင်ယူကုန်၏။ လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏။ သစ်ရွေသမားတို့သည် (လိုတိုင်းရအောင်) သစ်ကို ရွေကုန်၏။ ပညာရှိတို့သည် မိမိကိုယ်ကို (ယဉ်ကျေးအောင်) ဆုံးမကုန်၏။
 

Posted by ဉာဏ်ဦး

Saturday, March 14, 2015

ဘဝနေဟန် တရားမှန် (၂၅)


လွတ်လမ်းကိုရှာ
 

အပြစ်များသူသည် အဆိပ်ပင်ကဲ့သို့ အမှီပြုသူတို့အား ထိခိုက်ပျက်စီးစေ မည်ဖြစ်သည်။ နှင်းကိုက်သည့် ပဲနှင့် ဆီအပုပ်တို့နည်းတူ အားလုံးကို ဖျက်ဆီးမည်လည်းဖြစ်သည်။
အကုသိုလ်ကံသည် ရေတံခွန်သဖွယ်ဖြစ်သည်။ မည်သည့်အခါမျှ အထက်သို့ ပြန်လည်စီးရိုး မရှိချေ။
သံသရာသည် အသားတွင်း၌ စိုက်ဝင်နေသော ဆူးနှင့်တူ၏။ နုတ် မပစ်ပါက အဆိပ်ပွားများလာမည့်ပြင် ပျံ့ နှံ့ သွားမည်လည်းဖြစ်သည်။
ကံ၏ နိယာမမှာ သံသရာစက်ဝန်းအတိုင်းဖြစ်သည်။ ချိုးဖောက်သူ မှန်သမျှ  ဒုက္ခလှလှတွေ့ ကြမည်သာဖြစ်သည်။
ကံဆိုးမိုးမှောင်ကျသည့် အချိန်တွင် ဆိုးဝါးစွာခံစားရမည်မှာ သေချာလေ သည်။
သာယာမှုသည် နေပှူဆာလှုံရသည့်သွင် မသေချာမရေရာပေ။
ဘဝ၏ ဒုက္ခများကား တစ်ခုမပြီးသေးမီ နောက်တစ်ခုရောက်လာတတ် သည်။ မဆုံးနိုင်သော ပင်လယ်ရေလှိုင်းအလားပင်။
မလွတ်မြောက်သေးသရွေ့  လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသူများ ပမာ နာကျင်ခြင်းနှင့် သာယာခြင်းတို့သည် ရုတ်ချည်း ပေါ်ချည်ပျောက်ချည်နှင့်

ဖြစ်နေပေဦးမည်။
လွတ်မြောက်မှ ငြိမ်းအေးမည်။
လယ်သမားများသည် ကောက်ပဲသီးနှံကို ဖြစ်ထွန်းစေသည်။
တရားအားထုတ်သူသည် တရားအသိများ တိုးပွားစေမည်ဖြစ်သည်။
ထို့ကြောင့် လွတ်မြောက်မှုအတွက် ကျားကုတ်ကျားခဲ အားထုတ်နိုင်ကြမှဖြစ် မည်။
စာကိုးDhammananda, K. Sri. Why Worry? 2001.  


Posted by အေးဆက်

Thursday, March 5, 2015

ဓမ္မသာကစ္ဆာ (၃၂)


အိပ်သောနိုးသော တရားများ
တစ်ရံခါတွင် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံးတော်မူလျက်ရှိ၏။ အမည်မ ထင်ရှားသော နတ်သားတစ်ပါး သည် ညဥ့်သန်ခေါင်ယံတွင်လာရောက်ကာ သိလိုသည်ကို မေးလျှောက်
လေ၏။
နတ်သား

အရှင်ဘုရား၊ အဘယ်တရားတွေဟာ နိုးကြားနေတဲ့ ပုဂ္ဂိုလ်တို့ အတွက် အိပ်ပျော်နေပါသလဲ။
ဘုရား
နတ်သား၊ ဣနြေ္ဒ ငါးပါးနဲ့ နိုးကြားနေတဲ့ ပုဂ္ဂိုလ်တို့အတွက် နီဝရဏတရားငါးပါးတို့ဟာ အိပ်ပျော်နေကြပေတယ်။
နတ်သား
အိပ်ပျော်နေတဲ့ ပုဂ္ဂိုလ်တို့အတွက် အဘယ်တရားတွေက
နိုးကြားနေပါသလဲ ဘုရား။

ဘုရား
ငါးပါးသော နီဝရဏတရားတွေနဲ့ အိပ်ပျော်နေတဲ့ ပုဂ္ဂိုလ်
တို့အတွက်တော့ ဣနြေ္ဒငါးပါးက နိုးကြားနေပေတယ် နတ်သား။
နတ်သား
အရှင်ဘုရား၊ အဘယ်တရားတွေနဲ့ ကိလေသာ မြူ အညစ်
အကြေးတွေကို ယူရာရောက်ပါသလဲ။
ဘုရား
နတ်သား၊ ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိန မိဒ္ဓနီဝရဏ၊ ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ၊ ဝီစိကိစ္ဆာနီဝရဏဆိုတဲ့ ငါးပါးသော နီဝရဏတရား တို့နဲ့ ကိလေသာ မြူ အညစ် အကြေးတွေကို ယူရာရောက်ပေတယ်။
နတ်သား
အဘယ်တရားတွေနဲ့ ထက်အောက်ဝန်းကျင် စင်ကြယ်စေပါ သလဲ အရှင်ဘုရား။
ဘုရား
ဣနြေ္ဒငါးပါးဖြစ်တဲ့ သဒ္ဓိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒ၊ ဝီရိယိနြေ္ဒတို့နဲ့ ထက်အောက်ဝန်းကျင်ကို စင်ကြယ်စေနိုင်ပေ တယ် နတ်သား။
စာကိုးဣန္ဒာစာရာဘိဝံသ၊ အရှင်။ အိပ်သော်လည်းနိုး၊ နိုးသော်လည်း အိပ်နေတယ် တရားတော်။ 

Posted by အေးဆက်

Monday, March 2, 2015

ထေရဝါဒ ဟောဓမ္မ (၄၂)


ဇနကာဘိဝံသ၊ အရှင် (မဟာဂန္ဓာရုံ ဆရာတော်)။ ရဋ္ဌပါလသုတ္တန် တ ရားတော်။ [ခုနှစ်မပါ]
ဒုက္ခသည် သံယောဇဉ်က အစပြုကြောင်း၊ ဗုဒ္ဓဆေးတော်၊ ရဋ္ဌပါလ သုတ္တန်ပါ ဘုရားဟောသော တရားအချက်အလက် များစသည်တို့ပါရှိ၏။ http://goo.gl/PUMyN5
ပညိဿရ၊ ဒေါက်တာ အရှင် (ဓမ္မဒူတ၊ ပဲခူး)။ တရားဆေးကို သောက် သုံးပါ။ ပဲခူး၊ ၁၆ ဒီဇင်ဘာ ၂ဝဝ၅။
အကုသိုလ်ဝိတက်သုံးပါး၊ စိတ်ကို ယဉ်ပါးအောင် ကုစားနိုင် သည့် ဓမ္မဆေးဝါး_အသုဘဘာဝနာ၊ မေတ္တာဘာဝနာ၊ အာနပါနဿတိနှင့် အနိစ္စသညာတို့ကို ဖေါ်ပြဟောကြား
ထားသည်။ http://goo.gl/QB2MOg
ဝိမလ၊ ဦး (မိုးကုတ်ဆရာတော်)။ အသိလိုက်ရန် တရားတော်။ အမရပူရ၊ ၁ ဇန္နဝါရီ ၁၉၆ဝ။
နိဗ္ဗာန်ရရေးကို ဟန့်တားသည့် အရေးကြီးဆုံးတရား ဒိဋ္ဌိ၊ ဒိဋ္ဌိဖယ်ရှားခြင်းနှင့် စိတ်ကို လုံခြုံစေသော နည်းလမ်းတို့ကို ရှင်းလင်းဟောကြား ထားသည်။ http://goo.gl/00gedI 

Posted by ဉာဏ်ဦး၊ အေးဆက်