Sunday, January 25, 2015

ဓမ္မသုတ (၄၇)

မရဏဿ       တိ ပုဂ္ဂိုလ်အခြေခံပွားနည်း
ငါ့အောက်ငယ်တွေ၊ နေ့တိုင်းသေ၊ အသေမစဲပါတကား။
ငါ့အရွယ်တွေ၊ နေ့တိုင်းသေ၊ အသေမစဲပါတကား။
ငါ့ထက်ကြီးတွေ၊ နေ့တိုင်းသေ၊ အသေမစဲပါတကား။
ဧကန်မလွဲ၊ ငါလဲပဲ၊ သေပွဲဝင်ရမှာပါတကား။
ဖြစ်ခြင်းပျက်ခြင်း၊ လျင်မြန်ခြင်း၊ သေခြင်းနီးလှပါတကား။
သေမယ့်ဘေးကြီး၊ အလွန်နီး၊ ခုလဲသေနိုင်ပါတကား။
မရဏဿ       တိ ပွားများရခြင်းအကျိုး
သေခြင်းတရား၊ သတိထား၊ ရှုပွားသူတို့မှာ။
ဇီဝိတမာန်၊ ခေါင်းပါးပြန်၊ ပယ်လှန်လုံးစုံသာ။
ဒုစရိုက်ပယ်ခွါ၊ သုစရိုက်သာ၊ ပြုကာနိဗ္ဗာန်ရောက်မည်သာ။
ပညာဝရ၊ အရှင် (ဓမ္မဒူတ၊ သိမ်ဇရပ်)။ သေခြင်းတရားကို အမှတ်ရခြင်းတရားတော်။
 

Posted by အေးဆက်

Friday, January 23, 2015

ဓမ္မပဒ ၇၇ [ခုဒ္ဒကနိကာယ်]


၆- ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၂- အဿ       ဇိပုနဗ္ဗသုကဝတ္ထု

ဩဝဒေယျာ 'နုသာသေယျ၊ အသဗ္ဘာ စ နိဝါရယေ။
သတံ ဟိ သော ပိယော ဟောတိ၊ အသတံ ဟောတိ အပ္ပိယော။
၇၇။ ဆုံးမရာ၏။ ကြိုတင်ဆုံးမရာ၏။ မကောင်းသော အပြုအမူတို့မှလည်း တားမြစ်ရာ၏။ ထိုသူကို သူတော်ကောင်းတို့ ချစ်ခင်နှစ်သက် အပ်၏။ မသူတော်တို့ကား မချစ်မနှစ်သက်ပေ။
 

Posted by ဉာဏ်ဦး

Tuesday, January 20, 2015

ဓမ္မပဒ ၇၆ [ခုဒ္ဒကနိကာယ်]


၆- ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၁- ရာဓတ္ထေရဝတ္ထု

နိဓီနံဝ ပဝတ္တာရံ၊ ယံ ပေဿ       ဝဇ္ဇဒဿိ       နံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
တာဒိသံ ဘဇမာနဿ       ၊ သေယျော ဟောတိ န ပါပိယော။
၇၆။ အပြစ်ဖော်ပြ နှိမ်ချဆုံးမလေ့ရှိသော ထိုသို့သဘောရှိသော ပညာရှိ ကို မြှုပ်ထားသော ရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ်ရှုကြည့်၍ ဆည်းကပ်ရာ၏၊ ထိုသို့ သဘောရှိသော ပညာရှိကို ဆည်းကပ်သော သူအားမြတ်၏၊ မယုတ်ညံ့ပေ။
 

Posted by ဉာဏ်ဦး

Wednesday, January 14, 2015

ဘဝနေဟန် တရားမှန် (၂၃)


စံပြကုရုတိုင်းသားများ
 

မြတ်စွာဘုရားသည် ကုရုတိုင်း၊ ကမ္မာသဒမ္မနိဂုံး၌ သီတင်းသုံးတော်မူစဉ် မဟာသတိပဋ္ဌာန သုတ်တော်ကို ကုရုတိုင်းသား ပရိသတ်တို့အား ဟော ကြားတော်မူလေသည်။ ထိုပရိသတ်တို့သည်သာ နက်နဲသော တရားများကို နာယူနိုင်စွမ်းရှိသဖြင့် ဟောတော်မူရခြင်း ဖြစ်၏။

ထိုအချိန်က ကုရုတိုင်းသားပြည်သူများ၏ လူမှုတိုးတက်ရေးသည်အလွန်
ပြည့်စုံ မြင့်မားလှ၏။ ရာသီဥတု ကောင်းမွန်၍ အာဟာရပြည့်ဝကောင်း မွန်မှုတို့ကြောင့် ဖြစ်ဟန်တူပါသည်။ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာပုံ ရကြ ပါသည်။ ထိုကြောင့် တရားနာယူနိုင်စွမ်း အသိဉာဏ် ရှိကြခြင်းဖြစ်၏။ များသောအားဖြင့် ကုရု တိုင်းသူပြည်သား လူတိုင်းလိုလို သတိပဋ္ဌာန်စကား ကိုပဲ ပြောကြဆိုကြသည်။ လုပ်ငန်းခွင်မှာလည်း အကျိုးမဲ့စကားကို မပြော ကြ။ အချင်းချင်း တွေ့ဆုံကြ၍ အပြန်အလှန် ဆက်ဆံပုံသည် မှတ်သား

လောက်ပါပေသည်။ "အစ်ကိုရေ၊ ဒီနေ့ ဘာတရားများ ပွားဖြစ် သလဲ" ဟု 
မေးက အလုပ်များလို့ ဘာမှမပွားဖြစ် ဟုဆိုလျှင် အစ်ကို့ အသက်ရှင်ခြင်းဟာ ရှင်နေပေမယ့် လူသေနဲ့ အတူတူပါပဲလား။ ဒီလိုတော့ မနေပါနဲ့ဗျာ။ သတိ ပဋ္ဌာန်လေးပါးမှ တစ်ပါးပါးကို အားထုတ်နေပါလားဟု တိုက်တွန်းလေ့ရှိ၏။ ထိုသို့မဟုတ် ဘဲ ထွက်လေ ဝင်လေ မှတ်ဖြစ်ပါတယ်ဟု ပြန်ဖြေသူ ကိုကား ရှင်ခြင်း ကောင်းပါဘိ၊ ဘုရားပွင့် လာတာ ခင်ဗျား အတွက်ပါပဲလားဟု အပြန်အလှန် ဆက်ဆံတတ်ကြ သည်။

ကုရုတိုင်းသားတို့၏ လူမှုဘဝနေဟန်မှာ ယဉ်ကျေးပြီး အဆင့်မြင့်မား လှ၏။ ယနေ့ ဗုဒ္ဓဘာသာဝင်များလည်း အားကျ ကြဖို့ ကောင်းပါ၏။ ။
 

Posted by ဉာဏ်ဦး

Saturday, January 10, 2015

ဓမ္မသာကစ္ဆာ (၃ဝ)


ပြေးကြပါစို့
 

တစ်နေ့သောအခါတွင် မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၊ ဇေတဝန်
ကျောင်း၌ စံနေတော်မူသည်။ ထိုစဉ် မြင်းရိုင်းကို မြင်းယဉ်ဖြစ်စေရန် သွန်သင်ဆုံးမတတ်သည့် ကေသိ အမည်ရှိ မြင်းဆရာ ရောက်ရှိ လာ သည်။ မြတ်စွာဘုရားက တရားနာပရိသတ်များ ရှေ့မှောက်၌ မြင်းဆုံးမ
နည်းကို မေးမြန်းတော်မူ၏။

ဘုရား

မြင်းရိုင်းများကို ယဉ်ပါးအောင် သင်ဆုံးမပုံကို ပြောပြစမ်းပါ အမောင်ကေသိ။
ကေသိ
ပထမ အနုနည်းနဲ့ ဆုံးမပါတယ်။ မရရင် အကြမ်းနည်း သုံးပါ တယ်။ ဒါမှ မရသေးရင် အနုနဲ့ အကြမ်း နှစ်မျိုးရောတဲ့ နည်းနဲ့  ဆုံးမပါတယ်။
ဘုရား
အဲဒီလို ဆုံးမလိုက်ရင် မြင်းတွေအားလုံး ရိုင်းစိုင်းရာက ယဉ်ပါးသွားကုန်ရောလား။
ကေသိ
တတိယ နည်းနဲ့မှ ဆုံးမလို့မရခဲ့ရင် သတ်ပစ်လိုက်ပါ
တယ်ဘုရား။ တပည့်တော် မြင်းဆုံးမနည်းကတော့
ဒီလေးမျိုးပါပဲ။ အရှင်ဘုရားရဲ့ တပည့်များကို ဘယ်လို
နည်းတွေသုံးပြီး ဆုံးမတော်မူပါသလဲဘုရား။
ဘုရား
ငါဘုရားလည်း သင့်လိုပါပဲ။ အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းရောနည်းနဲ့ နောက်ဆုံး သတ်ပစ်တဲ့နည်းကို
သုံးပြီး တပည့်တွေကို ဆုံးမပေတယ်။
ကေသိ
လူသတ်တာဟာ ရဟန်းနဲ့ မလျော်ကန်ပါ။ ဘယ်လိုများ သတ်တာပါလဲဘုရား။
ဘုရား
ဆုံးမလို့မရတဲ့ သူကို ဆုံးမထိုက်တဲ့ သူအဖြစ်က ပယ်လိုက် တယ်။ လူ့ဘဝမှာ အဆုံးအမကွယ်ရင် သေတာနဲ့ အတူတူပဲ မဟုတ်လား။ ဒီတော့၊ ဆုံးမလို့ မရတဲ့ သူကို မဆုံးမဘဲ နေ လိုက်တာဟာ သူ့ကို သတ်ပစ်လိုက်တာပဲပေါ့။
ကေသိ
သဘောပေါက်ပါပြီဘုရား။
ဘုရား
ကြာပွတ်သံကြားတာနဲ့ အသားအနာမခံဘဲ ပြေးတဲ့ အင်မတန် ပါးနပ်တဲ့မြင်း၊ အရေပြားကို ကြာပွတ်နဲ့ ပွတ်ပေးလိုက်ရုံနဲ့ ပြေး
တဲ့မြင်း၊ ရိုက်မှပြေးတဲ့မြင်းနဲ့ သံချွန်လေးနဲ့ အရေစုတ်အောင်
ရိုက်မှ ပြေးတဲ့မြင်း ရယ်လို့ လောကမှာ အာဇာနည်မြင်း
လေးမျိုးရှိတယ်။ ဒါကိုသင်သိမှာပါ။
ကေသိ
သိကြောင်းပါဘုရား။
ဘုရား
ငါ့တပည့်တွေထဲမှာလည်း ရေကြီး၊ မီးလောင် စတဲ့ ဘေးတွေ
ကြောင့် သေကျေဒုက္ခ ရောက်တယ်လို့ကြားတဲ့အခါ မိမိနဲ့ 
ပတ်သက်သူ မဟုတ်ပေမယ့် ငါလည်းပဲ သူတို့လို သေနိုင်
တယ်။ အသေမဦးခင် ဉာဏ်ဦးမှပဲလို့ အသံကြားရုံနဲ့ ငါးပါးအာရုံ ကာမဂုဏ် လွတ်အောင် အားထုတ်တဲ့သူ၊ မိမိနဲ့နီးစပ်ရာလူ
ဒီလိုဖြစ်ရင် ငါလည်း အချိန်မရွေး သေနိုင်တယ်လို့ သံဝေဂ
ရပြီး အားထုတ်သူ၊ မိမိရဲ့ မိဘဆွေမျိုးသားချင်းများ ဒီလို အဖြစ်မျိုး ကြုံတွေ့မှ ငါလည်းတစ်နေ့သေမှာ၊ သေမျိုးတွေပါပဲလို့ သံဝေဂရ အားထုတ် သူနဲ့ မိမိကိုယ်တိုင် အိပ်ရာထဲလဲကာမှ သံဝေဂရပြီး အားထုတ်သူရယ်လို့ရှိကြတယ်။ မမေ့မလျော့တဲ့ သူသာ မသေ
ရာနိဗ္ဗာန်ကို ရောက်မယ်။ မေ့လျော့ပေါ့ဆသူဟာ သေသူနဲ့ 
မခြားနားဘူး။ အိုရာက နာရာကို မရောက်ခင် ဉာဏ်နဲ့ပြေးမှ
ဖြစ်ကြတော့မယ်။ မြင်းဆရာကေသိ၊ သင်ဘယ်တော့ပြေးမှာ လဲ။
ကေသိ
မှန်လှပါ၊ မဆိုင်းမတွ အခုပင် ပြေးမှာဖြစ်တာကြောင့်
တပည့်တော်ကို ရဟန်းဝတ်ခွင့် ပြုတော်မူပါဘုရား။
ဘုရား
သာဓု သာဓု သာဓု။
စာကိုး။ သုမင်္ဂလ၊ ဦး (ဒယ်အိုးဆရာတော်)။ ပြေးစို့ တရားတော်။

Posted by အေးဆက်

Wednesday, January 7, 2015

ထေရဝါဒ ဟောဓမ္မ (၄ဝ)


ဉာဏောဘာသ၊ အရှင် (သဇင်ရေကျော်ဆရာတော်)။ နှလုံးသွင်း မှန်ရန်။ [ခုနှစ်မသိ]
နှလုံးသွင်းမှန်မှ နိဗ္ဗ္ဗာန်ရနိုင်ပုံကို ဥပမာအမျိုးမျိုးပေးလျက် ရှင်းလင်းဟောကြားထားသည်။ http://goo.gl/38F5O7
ဝိဇယ၊ အရှင် (မူလဓမ္မဆရာတော်)။ ကြောင်းကျိုးချုပ်ငြိမ်း ဒုက္ခသိမ်း။ [ခုနှစ်မသိ]
အဝိဇ္ဇာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ နဂိုနှင့်အပို သစ္စာ၊ အမှားပြု ပြင်ရန် လိုအပ်ချက်လေးခု စသည်တို့ကို ဖော်ပြဟောကြားထားသည်။
http://goo.gl/KepQHH

သူရိယ၊ ဦး (ရွှေမန်းဆရာတော်)။ သာသနာငါးထောင်။ ရန်ကုန်၊ ၂၆ ဒီဇင်ဘာ ၂ဝဝ၉။
သံသရာ နှင့် နိဗ္ဗာန် ဟူသည်၊ ဒုက္ခ၏ လက်သည်၊ ဒိဌိဖြုတ်ခြင်း၊ သာသနာခေတ် ငါးခေတ် စသည်တို့ ပါဝင်သည်။
http://goo.gl/7DBD4n

Posted by ဉာဏ်ဦး၊ အေးဆက်