Thursday, December 25, 2014

ဓမ္မသုတ (၄၆)


အယုတ်အမြတ်ခုနစ်ဖြာ

သူ့ အသက်သတ်၊ သက်တိုတတ်၊ မသတ်အသက်ရှည်။
ညှဉ်းဆဲတတ်ငြား၊ အနာများသည်၊ မညှဉ်းငြား၊ သူကားကျန်းမာသည်။
ဒေါသမျက်ထွက်၊ အဆင်းပျက်သည်၊ ဒေါသကင်း၊ အဆင်းလှပသည်။
ဣဿာများက၊ တန်ခိုးပါးသည်၊
ဣဿာနည်း၊ တန်ခိုးမြဲကြီးသည်။
ဒါနနည်းပါး၊ ပစ္စည်းရှားသည်၊ ဒါနများ၊ ပစ္စည်းပေါများသည်။
မာနကြီးငြား၊ မျိုးယုတ်သွားသည်၊ မာနနည်း၊ အမြဲမြင့်မြတ်သည်။
မမေးသူကား၊ ဉာဏ်နည်းပါးသည်၊ မေးသူကား၊ ဉာဏ်မြင့်ကြီးမားသည်။
(အရှင်ကုဏ္ဍလာဘိဝံသ၏ တရားဆောင်ပုဒ်များ)

Posted by အေးဆက်

Tuesday, December 23, 2014

ဓမ္မပဒ ၇၅ [ခုဒ္ဒကနိကာယ်]


၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၁၅ - ဝနဝါသီတိဿသာမဏေရဝတ္ထု

အညာ ဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ။
ဧဝေမတံ အဘိညာယ၊ ဘိကၡဳ ဗုဒၶဿ သာဝေကာ။
သကၠာရံ နာဘိနေႏၵယ်၊ ဝိဝေကမနုဗြူ ဟယေ။
၇၅။ လာဘ်ရကြောင်း အကျင့်သည် တစ်မျိုးတခြားတည်း။ နိဗ္ဗာန်ရကြောင်း အကျင့်သည် တစ်မျိုးတခြားတည်း။ ဤသို့ ဤအကျင့် နှစ်မျိုးနှစ်စားကို ခွဲခြား သိ၍ မြတ်စွာဘုရား၏ တပည့်သား ရဟန်းသည် လာဘ် ပူဇော်သကာကို မနှစ် သက်ရာ။ ဝိဝေကသုံးပါးကိုသာ တိုးပွါးစေရာ၏။
 

Posted by ဉာဏ်ဦး

Saturday, December 20, 2014

ဓမ္မပဒ ၇၃-၇၄ [ခုဒ္ဒကနိကာယ်]


၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၁၄ - စိတ္တဂဟပတိဝတ္ထု

အသန္တံ ဘာဝနမိစ္ဆေယျ၊ ပုရေက္ခာရ ဉ္စ ဘိက္ခုသု။
အာဝါသေသု စ ဣဿရိယံ၊ ပူဇံ ပရကုလေသု စ။
မမေဝ ကတ မညန္တု၊ ဂိဟီ ပဗ္ဗဇိတာ ဥဘော။
မမေဝါတိဝသာ အဿု၊ ကိစ္စာကိစ္စေသု ကိသ္မိစိ။
ဣတိ ဗာလဿ       သင်္ကပ္ပေါ၊ ဣစ္ဆာ မာနော စ ဝဍ္ဎတိ။
၇၃။ မလိမ္မာသော ရဟန်းသည် ရဟန်းတို့၏ အလယ်၌ မိမိတွင် ထင်ရှား မရှိသော ဂုဏ်ဖြင့် ချီးမွမ်းခြင်းကိုလည်းကောင်း၊ ခြံရံလျက် မိမိအား ရှေ့ 
ဆောင်ပြုခြင်းကိုလည်းကောင်း၊ ကျောင်း အိပ်ရာ နေရာတို့၌ အစိုးရခြင်းကို
လည်းကောင်း၊ ဆွေမျိုးမဟုတ်သော ဒါယကာတို့၏ (ပစ္စည်းလေးပါးတို့ဖြင့်) ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏။
၇၄။ ငါ့ကြောင့်သာ အမှုကြီးငယ်တို့ ပြီးစီးကုန်၏ဟု လူ ရှင်ရဟန်းနှစ်ဦးတို့
မှတ်ထင်စေကုန်သတည်း။ တစ်စုံတစ်ခု အမှုကြီးငယ်တို့၌ ငါ့အလိုသို့ လိုက်
စေကြကုန်သတည်းဟု မိုက်သော ရဟန်းအား အကြံအစည် အလို ရမ္မက် မာန်မာနသည် တိုးပွါးလေ၏။

Posted by ဉာဏ်ဦး

Thursday, December 18, 2014

ဘဝနေဟန် တရားမှန် (၂၂)


ဒေါသ

လူတိုင်းတွင် ဒေါသ အနည်းနှင့်အများ ရှိကြသည်။ ဒေါသ ထွက်ပုံများ ကလည်း နည်းမျိုးစုံလင်သည်။ တချို့သည် ဒေါသ ဖြစ်လွယ်သလောက်
ပြေပျောက်လွယ်၏။ ပြေပျောက်သွားသည်နှင့် ဘာမျှမဖြစ် သကဲ့သို့ ပုံမှန်အနေအထား ဖြစ်နေသည်။

တချို့မှာမူ ဒေါသ ဖြစ်လာလျှင် မုန်းတီးစိတ်ပါ တွဲလာကာ လက်တုံ့ ပြန် လိုသည့် ဆန္ဒ ဖြစ်ပေါ်လာတတ် သည်။ ကလဲ့စားချေနိုင်မည့် အချိန် အထိ အငြိုးအတေးထားတော့သည်။ တချို့ကား ဒေါသ ဖြစ်ခဲ့သော် မည်သည့် 
အခါမျှ မေ့မသွားအောင် စွဲမှတ်သိမ်းဆည်းထား တတ်၏။ ဒေါသ ထွက်သည့် 

အခါတိုင်း သိမ်းဆည်းထားသော ဒေါသကြီးငယ်တို့နှင့် ပေါင်းစပ်တွဲချည်
တတ်သည်။ အဖန် တလဲလဲ စဉ်းစားနေတတ်သည်။

ဒေါသ ထွက်ခြင်းသည် ရေဆူနေသော ကရားနှုတ်သီးမှ ရေနွေးငွေ့ များ ထွက်သည်နှင့် တူသည်။ အပူကြောင့် ရေနွေးငွေ့ ဖြစ်လာသည်။

ရေသည် မုန်းတီးစိတ်ရှိသော ဒေါသ၊ အပူသည် ဒေါသကိုဖြစ်စေသော အခြေအနေ၊ ရေနွေးငွေ့ ကား ဒေါသစိတ်၏ ခံစားမှု၊ အပူကို မတုံ့ပြန်ပါ က ရေနွေးငွေ့ မဖြစ်၊ ဒေါသ ဖြစ်စေသည့် အခြေအနေကို လက်မခံလျှင်
ဒေါသမဖြစ်။ အပူကို လက်မခံနိုင်လျှင် ယင်းကိုထုတ်ပယ်နိုင်မည့် နည်း လမ်းကို ရှာကြံ ရမည်ဖြစ်သည်။ ရေနွေးကရားတွင် အပေါက်ပါသဖြင့်
ရေနွေးငွေ့ များကို လျင်စွာထွက်သွားစေ၏။ ထို့အတူ ဒေါသဖြစ်သူသည်
ဒေါသလျော့ပါးစေ ရန် ထွက်ပေါက်ကို ရှာဖွေရမည်ဖြစ်သည်။

ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ခေတ္တခဏဖြစ်စေ၊ ကြာရှည်ဖြစ်စေ
ဒေါသသည် ပျော်ရွှင်ခြင်းနှင့် ကျန်းမာခြင်းကို ထာဝစဉ် ဖျက်ဆီးတတ်၏။ မိမိနှင့် မိမိ၏ ပတ်ဝန်းကျင်ကို အန္တရာယ် ပေးမြဲဖြစ်သည်။ ဗုဒ္ဓက ဒေါသ ကို ပယ်သတ်နိုင်သူသည် ဝမ်းနည်းပူဆွေးရခြင်းများ မရှိ၊ ပျော်ရွှင်စွာနေ ရ၏ ဟု မိန့်ကြား တော်မူခဲ့သည်။

သတိနှင့် ပညာသည်သာ ဒေါသကို ပယ်ခွါရန် အားကိုးစရာဖြစ်သည်။ သို့ ဖြစ်ရကား၊ သတိနှင့် ပညာ ကိုယ်မှာရှိစေရန် ကြိုးကုတ်အားထုတ် ကြရပေမည်။

Reference: Gavesako, Ven. Ajahn Mitsuo. A fragrance of Dhamma. 2013.

Posted by အေးဆက်

Friday, December 5, 2014

ဓမ္မသာကစ္ဆာ (၂၉)


ဘုရားရှင်၏ ဂုဏ်တော်
ဘုရားရှင်လက်ထက်က ကာရဏပါလီ အမည်ရ ပုဏ္ဏားတစ်ဦးသည်
ဝေသာလီပြည်၊ လိစ္ဆဝီမင်းတို့၏ အလုပ်ကို လုပ်နေစဉ် အဝေးမှလာ
သော ပိင်္ဂိယာနီပုဏ္ဏားကို မြင်တွေ့သော် မေးမြန်းစကားဆိုလေသည်။

ကာရဏပါလီ

အရှင်၊ ဘယ်ကလာသလဲ။
ပိင်္ဂိယာနီ
ရဟန်းဂေါတမ ထံမှပြန်လာတာဖြစ်တယ်။
ကာရဏပါလီ
ရဟန်းဂေါတမရဲ့ပညာအစွမ်းကို အရှင်ဘယ်လိုထင်သလဲ၊ ပညာရှိတစ်ဦးပဲ ထင်ပါရဲ့။
ပိင်္ဂိယာနီ
ကျွန်ုပ်က ဘယ်လိုလူမို့လဲ၊ ဘယ်လောက်တော်တဲ့ သူမို့ ရဟန်း
ဂေါတမရဲ့ပညာစွမ်းကို သိနိုင်ရမှာလဲ၊ ရဟန်းဂေါတမရဲ့ပညာ
စွမ်းကို သိသူမှာ ရဟန်းဂေါတမလို ပုဂ္ဂိုလ်မျိုးသာ ဖြစ်ရပေ မပေါ့။
ကာရဏပါလီ
အရှင်ကား၊ ရဟန်းဂေါတမအား ကောင်းမြတ်မွန်ရည်လှတဲ့ ချီးမွမ်းခြင်းဖြင့် ချီးမွမ်းနေတာ ဖြစ်ပါတယ်။ ဘယ်လိုအကျိုးထူး ကို မြင်လို့ ရဟန်းဂေါတမကို ကြည်ညိုရပါသလဲ။
ပိင်္ဂိယာနီ
အမောင်၊ အကောင်းဆုံး အရသာများဖြင့် ဝအီနေတဲ့ ယောက်ျား ဟာ တခြားညံ့ဖျင်းတဲ့ အရသာတွေကို မလိုလား မနှစ်သက်
တော့ပါ။ ထို့အတူ ရဟန်းဂေါတမ ဘယ်ပုံဟောသည်ဖြစ်စေ တရားကို နာရသော် ထိုတရားမှတစ်ပါး အခြားသမဏ၊ ဗြဟ္မဏ တို့ရဲ့ အယူဝါဒကို မလိုလား မနှစ်သက်တော့ပါ။

အမောင်၊ ဆာလောင်တဲ့အတွက် အားနည်းနေတဲ့ ယောက်ျား ဟာ ပျားမုန့်ဆုပ်ကို ရတဲ့အခါ ဘယ်နေရာကို လျက်လျက်
ကောင်းမွန်
ချို မြတဲ့ အရသာကို ရနေတာသာဖြစ်တယ်။ ထို့အတူ ရဟန်းဂေါတမ ရဲ့တရားကို ဘယ်ပုံနာရနာရ ထိုတရား မှနေ၍ နှစ်သက်ခြင်း၊ စိတ်ကြည်လင်ခြင်းတို့ကို ရနေသည် သာဖြစ်ပါတယ်။
ကာရဏပါလီ
ဆက်ပြောပါပုဏ္ဏား၊ နားထောင်နေပါတယ်။
ပိင်္ဂိယာနီ
အမောင်၊ စန္ဒကူးရွှေဖြစ်စေ၊ စန္ဒကူးနီဖြစ်စေ၊ စန္ဒကူးတုံးရဲ့ 
အရင်း၊ အဖျား၊ အလယ် သုံးသွယ်တို့တွင် ကြိုက်ရာက နမ်း ရှူစေ မွှေးကြိုင်သော ရနံ့ ကို ရလျက်သာ ရှိပါတယ်။ ထို့အတူ ရဟန်းဂေါတမ၏ တရားကို ဘယ်ပုံနာရနာရ ထိုတရားမှနေ၍ ဝမ်းမြောက်ခြင်း၊ စိတ်ရွှင်ပျခြင်း
တို့ ရလျက်သာ ရှိပါတယ်။
အမောင်၊ အပြင်းအထန် ရောဂါကပ်ရောက်လို့ ဒုက္ခဖြစ်နေတဲ့
ယောက်ျားအား ကျွမ်းကျင်တဲ့ ဆေးဆရာဟာ တခဏချင်း
ရောဂါ
ပျောက်ငြိမ်းစေသလို ရဟန်းဂေါတမ ဘယ်နည်းနဲ့ မဆို
ဟောတဲ့ တရားဖြစ်စေ၊ နာကြားရရင် ထိုတရားကြောင့် စိုးရိမ် ပူဆွေး ငိုကြွေး
ခြင်း၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲများ ငြိမ်းပျောက်
ခြင်း အဖြစ်သို့ ရောက် ရတာသာ ဖြစ်ပါတယ်။
အမောင်၊ နွေအပူဒဏ် ခံရလို့ ပင်ပန်းနွမ်းနယ်ကာ ရေဆာနေ တဲ့ယောက်ျားဟာ အေးကြည်ချို မြတဲ့ ရေရှိပြီး ဆိပ်ကမ်းသာယာ
မွေ့ လျော်ဖွယ်ရေကန်သို့ ရောက်လာကာ ထိုရေကန်တွင်း သက်ဆင်း ပြီး ရေချိုး ရေသောက်ရသော် အပူအပန်မှန်သမျှ
အေးမြငြိမ်းစဲခြင်း
ဖြစ်ရပါတယ်။ ထို့အတူ ရဟန်းဂေါတမ ဘယ်နည်းနဲ့ ဟောသည်ဖြစ်စေ နာကြားရသူမှာ ထိုတရား
ကြောင့် အပူအပန်ဟူသမျှ ငြိမ်းရသည်သာ
ဖြစ်ပါတယ်။
ဤသို့  ပိင်္ဂိယာနီထံမှ ဘုရားရှင်၏ ဂုဏ်တော်များကို နာကြားရသော ကာရဏပါလီသည် နေရာမှထကာ လက်ဝဲပခုံးထက် ကိုယ်ရုံတဘက် တင်လျက် လက်ျာဒူးကို မြေမှာထောက်ပြီးလျှင် ဘုရားရှင်ရှိရာလက်အုပ် ချီ၍ ကန်တော့လိုက်လေတော့သည်။
စာကိုး။ ဗုဒ္ဓဘာသာလက်စွဲကျမ်း၊ ပထမတွဲ။ သာသနာရေးဦးစီးဌာန၊ ၂ဝဝ၈။
 

Posted by အေးဆက်

Tuesday, December 2, 2014

ထေရဝါဒ ဟောဓမ္မ (၃၉)


မာလာစာရ၊ ဘဒ္ဒန္တ (ညောင်ပင်သာဆရာတော်)။ စိတ်ကိုဆုံးမ နိဗ္ဗာန်ရ။ စင်္ကာပူ၊ ၇ မေ ၂ဝ၁၃။
ယောဂီကျင့်ရမည့်အချက် (၆) ချက်၊ ခန္ဓာနှစ်မျိုး နှင့် မျက်စိနှစ်ခု၊ စိတ်၏ သဘော၊ ရှုမှတ်ရမည့် စိတ်တစ်ဆယ့်သုံးမျိုးစသည့် တရားများပါရှိ၏။ http://goo.gl/ytwtQE
ဝါသေဋ္ဌာဘိဝံသ၊ အရှင် (ကျောက်တစ်လုံးဆရာတော်)။ တရားနှင့်သာ ချမ်းသာရှာ။ ၂၂ မေ ၂ဝဝ၆။
လူလေးမျိုး၊ နိဗ္ဗာန်ဟူသည်၊ တရားတော်၏ သတ္တိနှင့် တရားရှာ
ခြင်းဖြင့်သာ ချမ်းသာရနိုင်ကြောင်း တို့ကို ရှင်းလင်းဟောကြား ထားသည်။ http://goo.gl/ryppYJ

ဣန္ဒာစာရာဘိဝံသ၊ အရှင်။ အကြွေးကင်းမှ ချမ်းသာရ။ လှည်းကူး၊ ၉ ဇန္နဝါရီ ၂ဝဝ၅။
ဣဏသုတ္တန်ကို အခြေခံလျက် အကြွေးနှစ်မျိုး၊ ကြွေးယူရခြင်း သည် ဆင်းရဲလှကြောင်း၊ ဓမ္မကြွေးတင်ပုံ၊ သဒ္ဒါတရား၏
လက္ခဏာသုံးပါး၊ ဒါနကုသိုလ် မပြုခြင်းအကြောင်းနှစ်ပါး၊ မစ္ဆရိယငါးမျိုး၊ ဝီရိယလေးပါး၊ ဓမ္မကြွေးကင်းရန် သတိပဋ္ဌာန်စ သည့် တရားများကို ဆောင်ပုဒ်နှင့် သာဓကများဖြင့် ရှင်းလင်း
ဖေါ်ပြထားသည်။ http://goo.gl/EMCzhq

Posted by ဉာဏ်ဦး၊ အေးဆက်