Thursday, September 25, 2014

ဓမ္မသုတ (၄၃)


သုံးဆယ့်တစ်ဘုံနွားသတ်ရုံ
 

သုံးဆယ့်တစ်ဘုံ၊ နွားသတ်ရုံ၊ ပမာပုံတူသည်။
သတ္တဝါအများ၊ နွားအလား၊ မခြားတူလေသည်။
စွဲလန်း၍သာ၊ ဒီခန္ဓာ၊ ရကာလာခဲ့သည်။
ဇရာနှင့်သာ၊ ဆက်လက်ကာ၊ ပျော်ရှာနေလေသည်။
ရန်သူနှင့်သာ၊ ပျော်နေတာ၊ ဘယ်ခါမသိပြီ။
ဇရာတရား၊ နွားဆွဲသား၊ သတ်နွားဆွဲသွားနေလေသည်။
ဆွဲသွားလွတ်ရာ၊ ရုန်းကန်ကာ၊ ပြေးရာကာလမသိပြီ။
မသိနေရှာ၊ မပြေးရှာ၊ သေချာသတ်ခံရလေမည်။
မရဏတရား၊ နွားသတ်သား၊ ရောက်နွားအကုန်သတ်လေမည်။
မသတ်မီမှာ၊ ရုန်းကန်ကာ၊ ပြေးရန်ချိန်ခါကောင်းလေသည်။
ဝိပဿနာ၊ ရှုပွါးတာ၊ ရုန်းကာပြေးတဲ့အလုပ်မည်။
ကြိုးစား၍သာ၊ ရှုပွါးကာ၊ လွတ်ရာပြေးရပေလိမ့်မည်။
ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ သုံးဆယ့်တစ်ဘုံ နွားသတ်ရုံ အလုပ်ပေးတရားတော်။
 

Posted by အေးဆက်

Monday, September 22, 2014

ဓမ္မပဒ ၆၈ [ခုဒ္ဒကနိကာယ်]


၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၉ - သုမနမာလာကာရဝတ္ထု

တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။
ယဿ ပတီတော သုမနော၊ ဝိပါကံ ပဋိသေဝတိ။
၆၈။ အကြင်ကံကို ပြုလုပ်ခြင်းကြောင့် နောင်တတစ်ဖန် မပူပန်ရ၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏။ နှစ်သက် ဝမ်းမြောက်လျက် အကြင်ကံ၏ အကျိုးကို ခံစားရ၏၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် 
ကောင်း၏။
 

Posted by ဉာဏ်ဦး

Friday, September 19, 2014

ဓမ္မပဒ ၆၇ [ခုဒ္ဒကနိကာယ်]


၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၈ - ကဿကဥပါသကဝတၳဳ

န တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
ယဿ အဿု မုခေါ ရောဒံ၊ ဝိပါကံ ပဋိသေဝတိ။
၆၇။ အကြင်ကံကို ပြုလုပ်ခြင်းကြောင့် နောင်တတစ်ဖန် ပူပန်ရ၏။ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် မကောင်း၊ မျက်ရည် စက်လက် ငိုကြွေးလျက် အကြင်ကံ၏ အကျိုးကို ခံစားရ၏၊ ထိုကံမျိုးကို ပြုလုပ်ခြင်း သည် မကောင်း။
 

Posted by ဉာဏ်ဦး

Saturday, September 13, 2014

ဘဝနေဟန် တရားမှန် (၁၉)


အလှဆင်သူ

သင်၏ ဥစ္စာဓနသည် သင့်အိမ်ကိုသာ အလှဆင်နိုင်သည်။
သင့်အား အလှ မဆင်နိုင်။
သင်၏ ကောင်းမြတ်သော ဂုဏ်အင်္ဂါကသာ သင့်အား အလှဆင်နိုင်သည်။
သင်၏ အဝတ်အစားသည် သင့်ခန္ဓာကိုယ်ကိုသာ အလှဆင်နိုင်သည်။
သင့်အား အလှ မဆင်နိုင်။
သင်၏ ကောင်းမွန်သော အပြုအမူသည်သာ သင့်အား အလှဆင်နိုင်သည်။
ကျွန်ုပ်တို့သည် တိရစ္ဆာန်အဖြစ်နှင့် ရှင်သန်နေခြင်းထက် လူအဖြစ်နှင့်
သေရခြင်းက ပို၍ ကောင်းမွန်ပေသည်။
(ဘေရွန်)
 

Posted by အေးဆက်

Thursday, September 4, 2014

ဓမ္မသာကစ္ဆာ (၂၆)


ကိုယ့်ကိုယ်ကို ရှာခြင်း
မြတ်စွာဘုရားသည် ဣသိပတနတွင် ဓမ္မစကြာတရား ဟောကြားအပြီး ဗုဒ္ဓဂယာဘက်သို့ ပြန်ကြွလာ တော်မူသည်။ လမ်းခရီး၌ တောအုပ်တစ် အုပ်တွင်းမှ သစ်ပင်တစ်ပင်ရင်းတွင် ခေတ္တအနားယူနေစဉ် လူတစ်အုပ်

 ရောက်ရှိလာသည်။ မဟာကောသလမင်းကြီး၏ သားတော်မင်းသား သုံးဆယ်ပါဝင်သည့် ဘဒ္ဒဝဂ္ဂိယ အုပ်စုတို့ ဖြစ်သည်။
မင်းသားများ

အရှင်ဘုရား၊ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ပါသလား။
ဘုရား
အသင်တို့က အမျိုးသမီးကို ဘာဖြစ်လို့ လိုက်ရှာနေကြတာ တုန်း၊ အသင်တို့ရဲ့ ပြဿ      နာက ဘာများလဲ၊ ပြောပါဦး။
မင်းသားများ
အဲဒီအမျိုးသမီးကို ဇနီးမရှိတဲ့ မင်းသားအတွက် ငှါးရမ်းလာ
ခဲ့ပြီး တောထဲကို မင်းသားများနဲ့  ဇနီးများ ပျော်ပွဲစား ထွက်ခဲ့
ကြပါတယ်။ သူဟာ လက်ဝတ်ရတနာတွေကို ယူပြေးသွား
တဲ့အတွက် လိုက် ရှာနေကြတာ ဖြစ်ပါတယ် ဘုရား။
ဘုရား
သင်မင်းသားတို့၊ အမျိုးသမီးကို လိုက်ရှာတာရယ်၊ ကိုယ့်ကိုယ် ကို ရှာတာရယ်၊ ဒီနှစ်ခုမှာ ဘယ်ဟာက ကောင်းမြတ်သလဲ။
မင်းသားများ
အရှင်ဘုရား၊ သူများကို ရှာတာထက် ကိုယ့်ကိုယ်ကို ရှာတာက ပိုကောင်းမြတ်ပါတယ်ဘုရား။
ဘုရား
အေး၊ အဲဒါဆိုရင် ထိုင်ကြ၊ ငါတရားဟောမယ်။
မြတ်စွာဘုရားသည် မင်းသားများ၏ စိတ်ဓါတ်များ ဖြူစင်သွားစေရန် မှတ်လွယ်သော တရားများကို ဦးစွာ ဟောကြားတော်မူသည်။ စိတ်
များ ကြံ့ခိုင်လာပြီဆိုမှ သစ္စာလေးပါး အမြင့်တရားကို ဆက်လက်
ဟောကြားတော့သည်။ မင်းသားများသည် ရဟန်းအဖြစ်ကို တောင်း
ဆိုကြလေရာ မြတ်စွာဘုရားက ရဟန်းခံ ပေးတော်မူလိုက်သည်။

နောင်အခါတွင် ထိုရဟန်းများ သာဝတ္ထိပြည်ရှိ မြတ်စွာဘုရားထံ လာရောက်ကြလေရာ အနမတဂ္ဂ ဒေသနာဖြင့် သံသရာဟူသည်
ငြီးငွေ့သင့်ပြီဖြစ်ကြောင်း ဟောကြားတော်မူသည်။ တရားတော်      အဆုံးတွင် အားလုံးသော ရဟန်းသုံးဆယ်သည် ရဟန္တာများဖြစ်
သွားကြလေ၏။
စာကိုး။ နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ (ပါ-ချုပ်)။ ရှာဖွေခြင်းနှင့် ရရှိခြင်း တရားတော်။
 

Posted by အေးဆက်

Monday, September 1, 2014

ထေရဝါဒ ဟောဓမ္မ (၃၆)


ဇဋိလ၊ ဦး (ကြာနီကန်ဆရာတော်)။ မြစ်ကိုပစ်၍ ချောင်းကိုရှာ။
တောင်ငူ၊ ၁၃၃၈။
ရဟန်းဘဝကို စွန့်လိုသူတစ်ဦးအား မစွန့်စေရန် ဘုရားရှင် ကာကွယ်တားဆီးတော်မူခဲ့ပုံကို ဖေါ်ပြဟောကြားထားသည်။ http://goo.gl/NRQeGd
ဇာနေယျ ၊ ဘဒ္ဒန္တ (မြစိမ်းတောင်ဆရာတော်)။ နေဝင်ခါနီး ခရီးသည်
တွေ။ [ခုနှစ်မပါ]
သေဆုံးခါနီးအချိန်ကို နေဝင်ခါနီးဟု ခေါ်ဆိုနိုင်ကြောင်း၊ နေ
ထွက်ရာမှနေဝင်သွားသကဲ့သို့ လူတို့သည် မွေးဖွားလာခဲ့ရာမှ အို နာ ကာ သေဆုံး သွားကြရပုံကို မရပ်မနား သွားလာနေ ကြသည့် ခရီးသွားများနှင့် တင်စား ၍ ဟောကြားထားသည်။ ထို့ပြင် အိုခြင်းနှင့် နာခြင်း အကြားတွင် လမ်းခွဲ ရှာကြရန်ကို လည်း ရှင်းလင်းတိုက်တွန်းထားသည်။ http://goo.gl/p6wjZL
သူရိယ၊ အရှင် (အောင်စကြာ)။ ဒါနကထာ။ ရန်ကုန်၊ [ခုနှစ်မပါ]
ငြိမ်းအေးသော ဘဝအတွက် အလုပ်သုံးခု၊ ဒါန၏ စွမ်းအား၊ ဒါနနှစ်မျိုး၊ ဉာဏ်ယှဉ်သော ဒါနစသည်တို့ကို ဖော်ပြဟော
ကြား ထားသည်။ http://goo.gl/ExOx0I
Posted by ဉာဏ်ဦး၊ အေးဆက်