Sunday, August 24, 2014
ဓမ္မသုတ (၄၂)
တရားကျင့်ရန် ရည်ရွယ်ချက်မှန်
လူပေါင်းများစွာ၊ အံ့သြငှါ၊ ဘယ်ခါတရားမကျင့်ရာ၊
လူပေါင်းများစွာ၊ မြှူ ဆွယ်ငှါ၊ ဘယ်ခါတရားမကျင့်ရာ၊
ပညာလာဘ်လာ၊ ပေါများငှါ၊ ဘယ်ခါတရားမကျင့်ရာ၊
ပစ္စည်းလာဘ်လာ၊ ပေါများငှါ၊ ဘယ်ခါတရားမကျင့်ရာ၊
လူပေါင်းများစွာ၊ လေးစားငှါ၊ ဘယ်ခါတရားမကျင့်ရာ၊
လူပေါင်းများစွာ၊ ချီးမွမ်းငှါ၊ ဘယ်ခါတရားမကျင့်ရာ၊
လူပေါင်းများစွာ၊ ကျော်စောငှါ၊ ဘယ်ခါတရားမကျင့်ရာ၊
ကြောင်းကျိုးပြကာ၊ နှိပ်ကွပ်ငှါ၊ ဘယ်ခါတရားမကျင့်ရာ၊
ကြောင်းကျိုးပြကာ၊ နှိပ်ကွပ်လာ၊ လွတ်ငှါတရားမကျင့်ရာ၊
ကျင့်ကြံသူပါ၊ သိခြင်းငှါ၊ ဘယ်ခါတရားမကျင့်ရာ။
ပညိဿ ရ၊ ဒေါက်တာ အရှင် (ဓမ္မဒူတ၊ ပဲခူး)။ တရားကျင့်ရတဲ့ ရည်ရွယ်ချက်မှန် တရားတော်။
Posted by အေးဆက်
Saturday, August 23, 2014
ဓမ္မပဒ ၆၆ [ခုဒ္ဒကနိကာယ်]
၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၇ - သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု
စရန္တိ ဗာလော ဒုမ္မေဓာ၊ အမိတ္တေနေဝ အတ္တနာ။၆၆။ စပ်ရှားခံခက်သော အကျိုးရှိသည့် မကောင်းမှု အကုသိုလ်ကံကို
ကရောန္တာ ပါပကံ ကမ္မံ၊ ယံ ဟောတိ ကဋုကပ္ဖလံ။
ပြု ကြကုန်သော ပညာမဲ့ ကုန်သော သူမိုက်တို့သည် မိမိသည်ပင် ရန်သူကဲ့သို့ဖြစ်၍ လှည့်လည်ကြရကုန်၏။
Posted by ဉာဏ်ဦး
Friday, August 22, 2014
ဓမ္မပဒ ၆၅ [ခုဒ္ဒကနိကာယ်]
၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၆ - တိံသပါဝေယျကဘိက္ခုဝတ္ထု
မုဟုတ္တမပိ စေ ဝိညူ၊ ပဏ္ဍိတံ ပယိရုပါသတိ။၆၅။ လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့ သိကြား လိမ္မာသူသည် တစ်ခဏမျှ ပညာရှိကို ဆည်းကပ်ရစေကာမူ(သူတော်ကောင်း)တရားကို လျင်မြန်စွာ သိနိုင်၏။
ခိပ္ပံ ဓမ္မံ ဝိဇာနာတိ၊ ဇိဝှါ သူပရသံ ယထာ။
Posted by ဉာဏ်ဦး
Sunday, August 17, 2014
ဘဝနေဟန် တရားမှန် (၁၈)
အနေခက်၍ အသေပျက်သည်
လူတို့သည် အသက်ရှင်ကာ နေရပါလည်း အခက်တွေ့လျက် ရှိကြသည်။ အဘယ်သို့နည်း။
အဖိုးမထိုက်သော ကိလေသာသည် အခွါရခက်သည်။လူတို့သေကြသည့်အခါ အကောင်းမရှိ ပျက်စီးရ၏။ အဘယ်သို့နည်း။
မထင်ရှားသော ကြိုးဆယ်စင်း (သံယောဇဉ် ၁ဝ ပါး) သည် အဖြေရခက်သည်။
အခိုးမထွက်သော ရာဂမီး (၁၁)မီးသည် အငြိမ်းရခက်သည်။
မဝေးသော နိဗ္ဗာန်ခရီးသည် အသွားရခက်သည်။
အရှင်မရှိသောဥစ္စာ (သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပ စသော သူတော်ကောင်း တရားခုနစ်ပါး) သည် အရှာရခက်သည်။
ကိုယ်ဝန်ဆောင်သော ယောက်ျား အဖွားရခက်သည်။
ဥစ္စာပစ္စည်း မည်မျှချမ်းသာစေ မွဲ၍ သေရပါမည်။စာကိုး။ ပဏ္ဍဝ၊ ဦး (စတုဘုမ္မိကငှက်တွင်းဆရာတော်)။ နေလျှင် ၆ချက်၊ သေလျှင် ၆ချက်။
ခွန်အား မည်မျှကြီးမားစေ အားကုန်၍ သေရပါမည်။
အစားအစာကောင်း မည်မျှစားနိုင်စေ ငတ်၍ သေရပါမည်။
စကားပြော မည်မျှကောင်းစေ အ ၍ သေရပါမည်။
နတ်မမီ လူမမျှ လှပစေ အရုပ်ဆိုး၍ သေရပါမည်။
စုံမက်ချစ်ခင်သူ မည်မျှများစေ အမုန်းခံ၍ သေရပါမည်။
Posted by အေးဆက်
Thursday, August 7, 2014
ဓမ္မသာကစ္ဆာ (၂၅)
မေတ္တာစွမ်းပကား
ရှေးအခါက ဗာရာဏသီပြည်၌ ဘုရားအလောင်းတော် ဃဋမင်းသည် တရားနှင့်အညီ အုပ်ချုပ်စိုးစံကာ နေ၏။ ပြစ်မှုကျူးလွန်သဖြင့် တိုင်းပြည် မှ နှင်ထုတ်ခံရသော အမတ်တစ်ဦးသည် သာဝတ္ထိပြည့်ရှင် ဓင်္ကမင်းထံ သွားရောက်ခစားသည်။ ထီးနန်းပြိုင်ဖြစ်သော ဗာရာဏသီပြည်ကို သိမ်းပိုက်ရန် အကြံ ပြုသည်။ မည်သူ့ကိုမျှ မသေစေလိုသည့် ဃဋမင်းသည် ချီတက်လာသော ဓင်္ကမင်းအား အသာတကြည်ပင် နိုင်ငံကို ပေးအပ် လိုက်သည်။ ဃဋမင်း ထောင်သွင်းအကျဉ်းချခံရ၏။ တိုင်းရေးပြည်မှု ကိစ္စမှ အနားရကာ အေးချမ်းစွာ ဘာဝနာပွါးခွင့် ရသဖြင့် ဓင်္ကမင်းအား
ကျေးဇူးတင်ဖွယ် ဖြစ်သည်ဟု နှလုံးသွင်းလျက် မေတ္တာကမ္မဋ္ဌာန်းကို မပြတ်တမ်း ပွါးများလျက်သာ နေတော့သည်။ ဓင်္ကမင်းမှာမူ မခံရပ်နိုင်
အောင် တစ်ကိုယ်လုံး ပူလောင်ကာ အိပ်စားမရဖြင့် အလွန်ပင်ပန်း ညှိုးနွမ်းနေလေသည်။ ဃဋမင်း အခြေအနေကို သိလို၍ သွားရောက်
တွေ့ဆုံသည်။
ဓင်္ကမင်း
တစ်ပါးသော သူတွေဟာ အချုပ်အနှောင်ခံရရင် စိုးရိမ်ပူပန်မှုဃဋမင်း
ကြောင့် ခန္ဓာကိုယ် ညှိုးနွမ်းပိန်ချုံး တတ်ကြပါတယ်။ သင်က
တော့ စိုးရိမ်ကြောက်လန့်ခြင်း အလျင်းမရှိပါ။ မျက်နှာမှာလဲ
လပြည့်ဝန်းလို ကြည်လင်ဝင်းပနေပါတယ်။ ဘာကြောင့်ပါလဲ။
ကျွန်ုပ်ဟာ အချုပ်အနှောင် ခံနေရပေမယ့် သင့်အားဖြစ်စေ၊ အမတ်အားဖြစ်စေ၊ ဘယ်သူ့ကိုမျှ အာဃာတမထားပါ။ အေးအေးလူလူ မေတ္တာပွားခွင့် ရတဲ့အတွက် သင်တို့အား
ကျေးဇူးပင် တင်မိပါတယ်။
ဓင်္ကမင်း
ကျွန်ုပ်ကား သူတော်ကောင်းအား ပြစ်မှားမိပါပြီ။ ကာမဂုဏ် စည်းစိမ်တွေ ခံစားနေရပေမယ့် မပျော်ပိုက်ဘဲ ပူလောင်လို့ သာ နေရပါတယ်။ ကျွန်ုပ်အား မေတ္တာထားကာ ချမ်းသာစွာဃဋမင်းသည် ထီးနန်းကို ပြန်လည်ရရှိသော်လည်း မပျော်ပိုက်တော့ သဖြင့် မှူးမတ်များအား တိုင်းပြည်ကို လွှဲအပ်ကာ တောထွက်တော်မူ ခဲ့၏။ ရသေ့ဝတ်ကာ ဗြဟ္မဝိဟာရတရားလေးပါးကို အစဉ်ပွားများသဖြင့် ဈာန်ချမ်းသာကို ခံစားရလေသည်။ သေလွန်သော် ဗြဟ္မာပြည်သို့ လားရ၏။ ဤသည်မှာ မေတ္တာစွမ်း ပကားပင် မဟုတ်ပါလော။
နေတတ်အောင် ညွှန်ပြပေးတဲ့အတွက် ကျေးဇူးတင်လို့ 
မဆုံးပါ။ ကျူးလွန်မိသမျှကို ခွင့်လွှတ်ဖို့ ရှိခိုးတောင်းပန်ပါတယ်။ သင့်ရဲ့  နိုင်ငံနဲ့ ထီးနန်းကို ဒီကနေ့ မှာပဲ ပြန်လည်အပ်နှံ
ပါရစေတော့။
စာကိုး။ ဇဝန၊ အရှင် (မေတ္တာရှင်)။ မေတ္တာအစွမ်း အံ့မခန်း။
Posted by အေးဆက်
Sunday, August 3, 2014
ထေရဝါဒ ဟောဓမ္မ (၃၅)
ရေဝတ၊ အရှင် (ဖားအောက်တောရ)။ လူ့ အဆင့်အတန်း။ ၂၆ မတ် ၂ဝဝ၇။
လူ့အဆင့်အတန်း အမျိုးအစားများ၊ အဆင့်အတန်း သတ်မှတ်ပုံ၊ ဘုရားအလောင်းတော်တို့ တောထွက်ရခြင်း အကြောင်းရေဝတ၊ အရှင် (ဖားအောက်တောရ)။ အရုဏ်နှင့်ဆည်းဆာ။ ၁၄ ဇန္နဝါရီ ၂ဝဝ၇။
သုံးချက်နှင့် ကာမဂုဏ်တို့ကို ဖေါ်ပြဟောကြားထားသည်။
မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့သည် အရုဏ်နှင့် ဆည်းဆာဝိလာသဂ္ဂ၊ အရှင် (သဒ္ဓမ္မရံသီ)။ ဘုံဘဝစော်မနံနဲ့ ။ [ခုနှစ်မပါ]
တို့နှင့်တူပုံ၊ ယင်းကာလနှစ်ခုအတွင်း၌ တန်ဖိုးရှိသည့် ပညာရှိ
အဖြစ်ဖြင့် နေထိုင်တတ်ရန်၊ ဗုဒ္ဓမိန့်ကြားသည့် ပညာရှိ၊ ဒါန၊
သီလ၊ ဘာဝနာတို့၏ အကျိုးစသည်များကို ရှင်းလင်းဟောကြား ထားသည်။
အတ္တဒိဋ္ဌိ၊ ဒါနနှင့် သီလတို့သည် နတ်ပြည်သို့ မုချဧကန်ရောက်ဝိလာသဂ္ဂ၊ အရှင် (သဒ္ဓမ္မရံသီ)။ သင်္ခါရပစ္စယာ ဝိညာဏံ။ [ခုနှစ်မပါ]
စေနိုင်သလော၊ အဝိဇ္ဇာ၏ လွှမ်းမိုးမှု၊ ဝိပဿနာရှုမှတ်ခြင်းဆို
သည်မှာ၊ သန့်ရှင်းသော ဒါန၊ သီလ၊ ဘာဝနာစသည့် တရားများ
ကို တင်ပြဟောကြားထားသည်။
အာရုံနှင့် စိတ်၊ သက္ကာယဒိဋ္ဌိ၊ ရှုမှတ်စိတ်တို့ကို ရှင်းလင်းသီလာနန္ဒာဘိဝံသ၊ ဒေါက်တာအရှင်။ ဘုရားရတနာ (၁)။ ဇူလိုင် ၁၉၉၁။
ဟောကြား ထားသည်။
ကိုးကွယ်ရာ ရတနာသုံးပါး၊ ဗုဒ္ဓဟူသည်နှင့် ဗုဒ္ဓသိသည်များ၊သီလာနန္ဒာဘိဝံသ၊ ဒေါက်တာအရှင်။ ဘုရားရတနာ (၂)။ ဇူလိုင် ၁၉၉၁။
ဗုဒ္ဓ၏ ထူးခြားအံ့ဖွယ်ရာများ၊ သစ္စာလေးပါးနှင့် အနတ္တတရား
တို့ကို ဖေါ်ပြဟော ကြားထားသည်။
ဗုဒ္ဓ၏ လွတ်လပ်စွာတွေးခေါ်ခြင်းကို ကြိုက်နှစ်သက်မှု၊ မှန်ကန်Posted by ဉာဏ်ဦး၊ အေးဆက်
သည်ဟု အလွယ်တကူ လက်မခံသင့်သည့် အချက်များ၊ ဗုဒ္ဓ
ဘာသာ၏ သဘာဝနိယာမ၊ အမျိုးဇာတ် ခွဲခြားမှုကို ဗုဒ္ဓ
ပယ်တော်မူပုံ၊ အလုပ်အလုပ်ဆုံးပုဂ္ဂိုလ်- ဗုဒ္ဓ စသည်တို့ပါရှိ၏။
Subscribe to:
Posts (Atom)