Saturday, May 24, 2014

ဓမ္မသုတ (၃၉)


ကုသိုလ်မေ့ ဘေးတွေ့ 
ကုသိုလ်ကို မမေ့ပါနှင့်၊ ကုသိုလ်ကို မေ့လျှင် ကုသိုလ်ကလည်း
ပြန်လည်၍ မေ့ပါလိမ့်မည်။
ကုသိုလ်ကို မေ့ပါက ဘေးတွေ့ ကြပါမည်။
ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ သတ်ပူဇော်က အသတ်ခံရ တရားတော်။
လောကီကုသိုလ်
လောကီ ဒါန သီလ သမထ ကုသိုလ်များသည် မှိုင်းနှင့်တူသည်။ ပုထုဇဉ်လူသားများကား မီးပုံးပျံ အလားဖြစ်၏။ မီးပုံးပျံသည် မှိုင်းအားအစွမ်း ရှိသလောက် အထက်သို့ တက်နေတတ်သည်။ မှိုင်းအားကုန်သော် အောက်သို့ ဇောက်ထိုးမိုးမျှော် ပြန်ကျတော့သည်။
ပုထုဇဉ်များသည်လည်း မိမိတို့ ပြုလုပ်ထားသလောက်သော ကုသိုလ်က လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတို့သို့ ပို့ပေးလေသည်။ ယင်းပြုလုပ်ထားသော ကုသိုလ်ကံ ကုန်သည်နှင့်အမျှအပါယ်သို့
ထိုးဆင်းကြရမြဲတည်း။
 
ဇဝန၊
အရှင် (မေတ္တာရှင်)။ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ၊ ၁-၂။
Posted by အေးဆက်

Wednesday, May 21, 2014

ဓမ္မပဒ ၆ဝ [ခုဒ္ဒကနိကာယ်]


၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၁ - အညတရပုရိသဝတ္ထု

ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။
၆ဝ။ အိပ်မပျော် နိုးနေသော သူအား ညဥ့်တာ ရှည်လျား၏။ ခရီးပန်းသော သူအား ယူဇနာ ခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အား သံသရာသည် ရှည်လျား၏။
 

Posted by ဉာဏ်ဦး

Thursday, May 15, 2014

ဘဝနေဟန် တရားမှန်(၁၅)


ကုသိုလ်စွမ်းအား
ကုသိုလ်သည် လှေနှင့် တူပြီး၊ အကုသိုလ်ကံက ကျောက်ခဲနှင့် တူသည်။ ကျောက်ခဲသည် သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ
ရေထဲသို့ကျလျှင်
မြုပ်သွားမည် ဖြစ်သည်။
ထို့အတူ၊ အကုသိုလ်သည်လည်း သေးသည်ဖြစ်စေ၊ ကြီးသည်
ဖြစ်စေ ကုသိုလ်ကံတည်းဟူသော အခံလှေမရှိခဲ့သော် အပါယ်
လေးပါးသို့ ဧကန်မုချ  ကျရမည် ဖြစ်သည်။

ကုသိုလ်လှေကလေး ရှိထားပါလျှင် ကုသိုလ်၏ စွမ်းအားကြောင့် နတ်ရွာသုဂတိသို့ ရောက်နိုင်ပေသေး၏။
ကုသိုလ်ကံသည် အကုသိုလ်ကံထက် နည်းသည့်တိုင် စွမ်းအား ပိုကြီးသည့်အတွက် ကောင်းရာသို့ ပို့ပေးနိုင်ခြင်း ဖြစ်သည်။
စာကိုး။ ဇဝန၊ အရှင် (မေတ္တာရှင်)။ သရဏဂုံစွမ်းအား အံ့မခန်းဖြစ်ရပ်ဆန်းများ။ ၂ဝဝ၅။
Posted by အေးဆက်

Tuesday, May 6, 2014

ဓမ္မသာကစ္ဆာ (၂၂)


အရှင်အာနန္ဒာထုံးနည်း 
 

အခါတစ်ပါးတွင် ဗုဒ္ဓ၏ မိန့်ကြားတော်မူချက်အရ အရှင်ဆန္ဒအား
ဗြဟ္မဒဏ်ပေးရန် အရှင်အာနန္ဒာသည် နောက်ပါ ရဟန်းငါးရာနှင့်
အတူ ကောသမ္ဗီပြည်သို့ ကြွချီတော်မူခဲ့၏။ ဥတေနမင်းကြီး၏ 

ဥယျာဉ်အနီး သစ်တစ်ပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။
မင်းကြီးနှင့်အတူ ဥယျာဉ်ကစားထွက်လာကြသော မောင်းမ
မိဿံများသည် မင်းကြီးအား ခွင့်ပန်ကာ အရှင်အာနန္ဒာအား သွားရောက်ဖူးမြော်ကြသည်။ တရားနာကြားအပြီးတွင် အပေါ်ရုံ တဘက်ငါးရာကို အသီးသီးလှူ ဒါန်းခဲ့ကြသည်။ တစ်ပါးတည်းကို တဘက်ငါးရာ လှူ ခဲ့သဖြင့် မကျေနပ်သော ဥတေနမင်းကြီးသည် အရှင်အာနန္ဒာထံ ချ ဉ်းကပ်ကာ လျှောက်ထားမေးမြန်းလေသည်။

မင်းကြီး      

ဤအရပ်သို့ တပည့်တော်၏ မောင်းမမိဿံများ လာရောက်ပါ သလော။
အရှင်မြတ် 
သင်၏ မောင်းမမိဿံများ ဤအရပ်သို့ လာရောက်ခဲ့ကြကုန်၏။
မင်းကြီး 
အရှင့်အား တစ်စုံတစ်ခုကို ပေးလှူ  ကြကုန်သလော။
အရှင်မြတ် 
အပေါ်ရုံတဘက်ငါးရာကို ပေးလှူ  ကြကုန်၏။
မင်းကြီး 
ဤမျှလောက်သော တဘက်ငါးရာကို မည်ကဲ့သို့  အသုံးပြုပါ မည်နည်း။
အရှင်မြတ် 
သင်္ကန်းရှားပါးသော ရဟန်းတို့နှင့်အတူ ခွဲဝေသုံးစွဲမည်။
မင်းကြီး
ဟောင်းနွမ်းသော သင်္ကန်းတို့ကို မည်သို့အသုံးပြုအံ့နည်း။
အရှင်မြတ် 
ထိုသင်္ကန်းဟောင်းတို့ကို အပေါ်အခင်းပြုကုန်အံ့။
မင်းကြီး 
အပေါ်အခင်းအဟောင်းတို့ကို မည်သို့ပြုကုန်အံ့နည်း။
အရှင်မြတ် 
အပေါ်အခင်းအဟောင်းတို့ကို ဘုံလျှို စွပ်ပြုကုန်အံ့။
မင်းကြီး 
ဘုံလျှို စွပ်အဟောင်းတို့ကို မည်သို့ပြုကုန်အံ့နည်း။
အရှင်မြတ် 
ဘုံလျှို စွပ်အဟောင်းကို မြေအခင်းပြုကုန်အံ့။
မင်းကြီး
မြေအခင်းအဟောင်းတို့ကို မည်သို့ပြုကုန်အံ့နည်း။
အရှင်မြတ်
မြေအခင်းအဟောင်းတို့ကို ခြေသုတ်ကြိုးဝန်းပြုကုန်အံ့။
မင်းကြီး
ခြေသုတ်ကြိုးဝန်းဟောင်းတို့ကို မည်သို့ပြုကုန်အံ့နည်း။
အရှင်မြတ်
ခြေသုတ်ကြိုးဝန်းဟောင်းတို့ကို ဖုန်သုတ်အဝတ်ပြုကုန်အံ့။
မင်းကြီး 
ဖုန်သုတ်အဝတ်ဟောင်းတို့ကို မည်သို့ ပြုကုန်အံ့နည်း။
အရှင်မြတ် 
ဖုန်သုတ်အဝတ်ဟောင်းတို့ကို နုပ်နုပ်စဉ်းထောင်း၍ ရွှံ့ ညွန်ုဖြင့် နယ်ပြီး အကာအရံအကျ ည်ကို လိမ်းကျံကုန်အံ့။
မင်းကြီးသည် ကျေနပ်ဝမ်းမြောက်စွာဖြင့် နောက်ထပ်တဘက်ငါးရာကို လှူ ဒါန်းသွားလေ၏။
 

စာကိုး။ ဇဝန၊ အရှင် (မေတ္တာရှင်)။ မေတ္တာဖြင့် စီးပွါးရှာခြင်း။ ၂ဝဝ၈။
 

Posted by အေးဆက်

Sunday, May 4, 2014

ထေရဝါဒ ဟောဓမ္မ (၃၂)

လက္ခဏ၊ ဦး (ကျစွာဆရာတော်)။ ကိုယ်တွေ့ ဝေဒနာနုပဿနာ သတိ ပဋ္ဌာန် (၂)။ ဆစ်ဒနီ၊ ၂၅ ဒီဇင်ဘာ ၂ဝ၁၂။
ဝေဒနာ ရှုပွါးရခြင်းအကြောင်း၊ ဝေဒနာသိပုံ အဆင့်သုံးမျိုး၊
သောကနှင့် ကရုဏာ၊ တဏှစရိုက်နှင့် ဒိဋ္ဌိစရိုက်စသည်တို့ကို ရှင်းလင်းဟောကြား ထားသည်။

လက္ခဏ၊ ဦး (ကျစွာဆရာတော်)။ ကိုယ်တွေ့ ဝေဒနာနုပဿနာ သတိ ပဋ္ဌာန် (၃)။ ဆစ်ဒနီ၊ ၂၆ ဒီဇင်ဘာ ၂ဝ၁၂။
ကမ္မဋ္ဌာန်းလေးမျိုး၊ လက်တွေ့ ရှုမှတ်ခြင်း၊ ဖောဋ္ဌဗ္ဗာရုံရုပ်သုံးမျိုး၊
သမ္ပဇဉ်လေးပါးနှင့် ၄င်းတို့ အရေးကြီးသော နယ်ပယ်စသည့် တရားများပါရှိသည်။
သောဘဏ၊ အရှင် (ရွှေမြင်းမိုရ် ဆရာတော်)။ စစ်ဆင် ဥပမာပြတရား
တော်။ ရန်ကုန်၊ ၂၂ မေ ၂ဝဝ၇။
တရားအားထုတ်ရာတွင်_ ၁။ တရားနာယူခြင်း၊ ၂။ ဝင်ရောက် လာတတ်သော ဝိတက်တို့ကို ပယ်သတ်ခြင်း၊ ၃။ ဣနြေ္ဒ၆ပါး 
ကို
စောင့်ရှောက်ခြင်း၊ ၄။ သည်းခံခြင်းနှင့် ၅။ နိဗ္ဗာန်သို့ရောက်
သည့်တိုင် သွားခြင်းစသော အင်္ဂါငါးရပ်နှင့် ပြည့်စုံရန် လိုအပ်ပုံ ကို ရှင်းလင်းဟောကြားထားသည်။
သောဘဏ၊ အရှင် (ရွှေမြင်းမိုရ် ဆရာတော်)။ အာဇာနည်စိတ်ဓါတ် ထားရန်။ [ခုနှစ်မပါ]
တရားရှုမှတ်ရာတွင် နိဗ္ဗာန်ရလိုသော စိတ်ဓါတ်ဖြင့် မည်သို့ အားထုတ်ရမည်ကို အသေးစိတ် ညွှန်ပြဟောကြားထားသည်။
သောဘိတ၊ အရှင် (ပတ္တမြားရိပ်သာ ဆရာတော်)။ ဒိဋ္ဌိပြုတ်ပြန်
သောတာပန် အလုပ်ပေးတရားတော်။ အမရပူရ၊ ၁၃၅၁။
သောတာပတ္တိမဂ်ဖိုလ်ရရန် ဦးစွာပယ်ရမည့်တရား၊ ဒိဋ္ဌိကပ်ရာ ဌာန၊ စိတ္တာနုပဿ       နာဆိုသည်မှာ၊ ရှုရမည့်စိတ်အရေအတွက်၊ စိတ်ပေါ်သောနေရာ၊ နာမရူပ ပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟ ဉာဏ်၊ စိတ်၏ သတ္တိ၊ စိတ္တာနုပဿ       နာ ရှုမှတ်ခြင်းတို့ကို ရှင်း လင်းဟောကြားထား သည်။
သောဘိတ၊ အရှင် (ပတ္တမြားရိပ်သာ ဆရာတော်)။ ဒွါရ ၆ခွင် ဉာဏ် မျက်ရှင် အလုပ်ပေးတရားတော်။ အမရပူရ၊ ၁၃၅၁။
ဝိပဿ       နာဟူသည်၊ သမာဓိမဂ္ဂင်သုံးပါး၊ ပညာမဂ္ဂင်နှစ်ပါး၊ ဝိပဿ       နာ မရှုသူများ အပြစ်သင့်ပုံ၊ ဝိပဿ       နာ ရှုသူရရှိသော အကျိုးအမြတ်၊ မြင်အောင် ရှုရမည့် အရာနှင့် ရှုရမည့်အချိန် တို့ကို ဖေါ်ပြဟောကြားထားသည်။
Posted by ဉာဏ်ဦး၊ အေးဆက်