Tuesday, February 18, 2014

ဓမ္မသုတ (၃၆)


ဒိဋ္ဌိကိလေသာသုံးမျိုး
ကြောင်သည် ကြွက်ကို မမြင်သည့် အချိန်တွင် လက်သည်းကို ဝှက်ထားတတ်သော်လည်း ဝမ်းထဲ တွင်မူ ကြွက်ခုပ်လိုသော ဝါသနာရှိနေသကဲ့သို့  အနုသယ ဒိဋ္ဌိကိလေသာသည် ဝမ်းထဲ
တွင် အမြဲ ကိန်းအောင်းပြီး ပါလာတတ်သည်။
ကြောင်သည် ကြွက်ကို မြင်သောအခါ လက်သည်းကို ထုတ်
သကဲ့သို့  ပရိယုဋ္ဌာန ဒိဋ္ဌိကိလေသာ သည် ကာမဂုဏ်အာရုံကို
မြင်သည့်အခါ ထကြွသောင်းကျန်း လာတတ်သည်။
ကြောင်သည်မြင်သောကြွက်ကို အမှန်တက်ခုပ်သည့်နည်းတူ
ဝီတိက္ကမ ဒိဋ္ဌိကိလေသာသည် ကိုယ်ထိလက်ရောက် ကျူးလွန်
စေသည်။
ပဏ္ဍိတ၊ အရှင် (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်)။ အရှုံးထဲ က အမြတ် တရားတော်။
Posted by အေးဆက်

Saturday, February 15, 2014

ဓမ္မပဒ ၄၈ [ခုဒ္ဒကနိကာယ်]


၎ - ပုပ္ဖဝဂ်၊ ပန်း တရားတော်များ
၎ - ပတိပူဇိကကုမာရီဝတ္ထု

ပုပ္ဖါနိ ဟေဝ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။
အတိတ္တညေဝ ကာမေသု၊ အန္တကော ကုရုတေ ဝသံ။
၄၈။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို ဆွတ်ခူးလျက် မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာကပ်ငြိသည့် စိတ်ရှိသော ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်သော သူကို သေမင်းယုတ်သည် မိမိအလိုအတိုင်း ပြုနိုင်၏။
 

Posted by ဉာဏ်ဦး

Monday, February 10, 2014

ဓမ္မသာကစ္ဆာ (၁၉)


ပြုဖွယ်ရာ
 

အခါတစ်ပါး၌ မင်းသုံးပါးနှင့် သိကြားမင်းသည် ဘုရားအလောင်းတော် သရဘင်္ဂရသေ့ထံ ရောက်ရှိလာကာ သိလိုသည့် မေးခွန်းပြဿ        နာ ကို မေးလျှောက်ကြသည်။

သိကြား

တစ်ရံတစ်ခါမျှ စိုးရိမ်မှု မရှိရလေအောင် အဘယ်တရားကို ပယ်သတ်ရ ပါမလဲ။
ရသေ့
ဒေါသကို ပယ်သတ်လိုက်လျှင် တစ်ရံတစ်ခါမျှ  စိုးရိမ်ရတော့မည် မဟုတ်ပေ။
သိကြား
အဘယ်တရားကို ပယ်ရှားသော် သူတော်ကောင်းတို့၏ ချီးမွမ်း
ခြင်းကို ခံရပါမလဲ။
ရသေ့
ကျေးဇူးကန်းခြင်း မပြုသော် သူတော်ကောင်းများက ချီးမွမ်းကြ ပါလိမ့်မယ်။
သိကြား
အဘယ်သူ ပြောဆိုသော ကြမ်းကြုတ်စကားကို သည်းခံရမှာ ပါလဲ။
ရသေ့
မိမိထက်သာသူ၊ တန်းတူသူနဲ့  မိမိအောက် နိမ့်ကျသူတို့ရဲ့ ကြမ်းကြုတ်စကားကို သည်းခံရမှာ ဖြစ်ပေတယ်။
သိကြား
မိမိထက်သာသူနဲ့ တန်းတူသူများရဲ့ ကြမ်းကြုတ်စကားကို သည်းခံနိုင်ပါတယ်။ မိမိအောက် နိမ့်ကျသူရဲ့ ကြမ်းကြုတ်
စကားကို အဘယ်ကြောင့် သည်းခံရပါမလဲ။

ရသေ့
ကြောက်ရွံ့တဲ့အတွက် မိမိထက်သာသူရဲ့ ကြမ်းကြုတ်စကားကို သည်းခံကြတာ ဖြစ်တယ်။ တန်းတူသူရဲ့ စကားကို သည်းခံကြ တာကတော့ မိမိထက်သာသွားအောင် ကြံစည်အားထုတ်မှာကို စိုးရိမ်ကြလို့ပဲ။ ဒီသည်းခံခြင်း နှစ်မျိုးကို မြတ်တဲ့ သည်းခံခြင်းလို့ မဆိုနိုင်။ မိမိအောက် နိမ့်ကျသူရဲ့ ကြမ်းကြုတ်စကားကို သည်း ခံမှသာ ကြောက်ရွံ့စိုးရိမ်မှုကင်းတဲ့ သည်းခံခြင်းဖြစ်တဲ့အတွက်
သူတော်ကောင်းတို့က အမြတ်
ဆုံးလို့ သတ်မှတ်ကြပေတယ်။
သာဓု သာဓု သာဓု
ကျမ်းကိုး။    ။ငါးရာငါးဆယ် သရဘင်္ဂဇာတ်။
 

Posted by အေးဆက်

Sunday, February 9, 2014

ထေရဝါဒ ဟောဓမ္မ (၂၉)


ကုမာရ၊ အရှင် (ဓမ္မဓရ)။ ကုသိုလ်နှင့် အကုသိုလ်။ မန္တလေး၊ ၁၃၇၃။
ကုသိုလ် အကုသိုလ်တို့နှင့်စပ်လျဉ်း၍ အဓိပ္ပါယ်၊ အကြောင်းရင်း
နှင့် အမျိုးအစားတို့ကို ဖေါ်ပြ ဟောကြားထားသည်။ တရားနာပါ။

ကုမာရ၊ အရှင် (ဓမ္မဓရ)။ အဟောင်းပြု ပြင် အလှဆင်စို့ (၁)-(၂)။ ဝက်လက်၊ ၁၃၇၁။
သာသနာပြုရန် မူငါးချက်၊ စီးပွါးတိုးတက်ခြင်း၏ အခြေခံ
ခြောက်ချက်၊ ကျန်းမာစေသော အချက်ခြောက်ချက်၊ အဟောင်းပြု ပြင်၍ အလှဆင်သူနှင့် သင်္ဂါယနာတင်
ခြောက်ကြိမ် အစရှိသော အကြောင်းအရာများကို
ဖေါ်ပြ ထားသည်။ တရားနာပါ() - ()
ခေမိန္ဒ၊ ဘဒ္ဒန္တ (ခင်မကန်ဆရာတော်)။ ဘဝဇာတ်ဆရာ (၁)-(၂)။ ရန်ကုန်၊ ၆ ဒီဇင်ဘာ ၂ဝဝ၈။
နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းများ၊ တဏှာသည် ဘဝ၏ ဇာတ်ဆရာ ဖြစ်ပုံနှင့် တရားနာရခြင်း အကျိုးတို့ကို ဥပမာဇာတ်ကြောင်း များပြကာ ဟောကြားထားချက်များ ပါ ရှိသည်။ တရားနာပါ() - ()
ခေမိန္ဒ၊ ဘဒ္ဒန္တ (ခင်မကန်ဆရာတော်)။ သေမှာမကြောက် ထိုငါး
ယောက်။ ရန်ကုန်၊ [ခှုနှစ်မပါ]

သာသနာသုံးရပ်နှင့် မူလအကျင့်၊ သတိနှင့် အသိ၊ ဘုရားရှင် တိုင်း၏ အဆုံးအမနှင့် သေရမည်ကို မကြောက်ရွံ့ သူငါးဦး စသည်တို့ကို ရှင်းပြဟောကြားထားသည်။ တရားနာပါ။
နရပတိ၊ ဦး (ဖြူးဆရာတော်)။ ရတနာထိုက်တဲ့ ချစ်သမီး။ ရန်ကုန်၊ ၅ ဒီဇင်ဘာ ၁၉၉၈။
ရောဟိနီထေရီဂါထာသုတ္တန်ကို အကိုးအကားပြုကာ ရတနာ သုံးပါး၏ အနှစ်သာရ၊ သောတာပန်နှင့် သံဃာဂုဏ်ရည်၊ စင်ကြယ်သူနှင့် ဝေဒဂူဟူသည်တို့ကို ဖေါ်ပြဟောကြားထား
သည်။ တရားနာပါ။

နရပတိ၊ ဦး (ဖြူးဆရာတော်)။ အသက်သေသော်လည်း မျက်ရည်မကျ စတမ်း။ ရန်ကုန်၊ ၉ ဒီဇင်ဘာ ၁၉၉၈။
“သုရကဇာတ်" ကို ကိုးကားလျက် ကာကွယ်ရေးတရားလေးပါး
(ဗုဒ္ဓါ နုဿ       တိ၊ မေတ္တာဘာဝနာ၊ မရဏဿ       တိနှင့် အသုဘ
ဘာဝနာ)နှင့် အကျိုးကျေးဇူးများကို ထင်ရှားပေါ်လွင်အောင်
ဟော
ကြား ထားသည်။ တရားနာပါ။
 Posted by ဉာဏ်ဦး၊ အေးဆက်

Friday, February 7, 2014

ဓမ္မသုတ (၃၅)


'ငါ' ဒိဋ္ဌိကြိုး
လေတံခွန်သည် ကောင်းကင်ပေါ်မည်မျှမြင့်အောင် တက်သည်
ဖြစ်စေ
နောက်ဆုံးတွင် ရစ်ဘီး၏ ခြေရင်းသို့  ပြန်လည်သက်
ဆင်းရမြဲဖြစ်သည်။ ကြိုးတန်းလန်းပါနေသောကြောင့်ပင်။

လေတံခွန်နှင့်တူသည့် ပုထုဇဉ်လူသားများသည်လည်း ကောင်း
ကင်ကဲ့သို့ သော သုဂတိဘုံများ၌ မည်မျှပင်နေရသည်ဖြစ်စေ အချိန်တန်လျှင် ရစ်ဘီးတည်းဟူသော အပါယ်အိမ်သို့  ပြန်ကြ ရသည်။ 'ငါ' ရှိသည် ဟု အယူမှား ဒိဋ္ဌိကြိုးကြီး ရှိနေ၍ဖြစ်၏။

ဇဝန၊ အရှင် (မေတ္တာရှင်)။ လူငယ်များအတွက် ဂမ္ဘီရဝိပဿ       နာ၊ ၁+၂။
ဒိဋ္ဌိမကွာ ရှက်ဖွယ်ရာ
ကြားစိတ်နှင့်တူသည့် ဧည့်သည်၏ နောက်တွင် ဒိဋ္ဌိတည်းဟူ
သော
ခွေးပါလာပါက အိမ်ရှင်မိမိတို့ မှာ အရှက်ကွဲခြင်းအဖြစ် အပါယ်လား ကြရ၏။ ခန္ဓာကို ခန္ဓာဟု ရှုမှတ် ရမည်။ 'ငါ' ဟု မမှတ်လျှင် ဒိဋ္ဌိကွာသည်။
ပဏ္ဍိတ၊ အရှင် (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်)
စုန်ရေနှင့် ဆန်ရေ တရားတော်။
Posted by  အေးဆက်

Thursday, February 6, 2014

ဓမ္မပဒ ၄၇ [ခုဒ္ဒကနိကာယ်]


၎ - ပုပ္ဖဝဂ်၊ ပန်းတရားတော်များ
၃ - ဝိဋဋူ ဘဝတ္ထု

ပုပ္ဖါနိ ဟေဝ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။
၄၇။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို မရသေး သည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာ ကပ်ငြိသည့် စိတ်ရှိသောသူကို ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော် နေသော ရွာကို လွှမ်းမိုးတိုက်ယူသွားသကဲ့သို့ သေမင်းသည် သိမ်းယူ၍ သွား၏။
 

Posted by ဉာဏ်ဦး

Tuesday, February 4, 2014

ဘဝနေဟန် တရားမှန် (၁၂)


မေတ္တာဥပမာ

မဟာပထဝီ မြေကြီးကို တူရွင်းဖြင့် ကုန်ဆုံးပျောက်ကွယ်စေခြင်းငှါ တူးထုတ်၍ မရနိုင်ပေ။ ထို့အတူ၊ မြေကြီးပမာ ကျယ်ပြန့်ကြံ့ခိုင်သည့်
မေတ္တာစိတ်ဓါတ် ရှိသူအား မည်သည့် စကားမျိုးနှင့်မျှ  တုန်လှုပ်စေရန်၊
မေတ္တာယုတ်လျော့စေရန် ပြုလုပ်၍ ရနိုင်မည် မဟုတ်ပေ။

မြစ်ကြီးကို မီးတုတ်ဖြင့် ပူစေရန် ရှို့မြှိုက်၍ မရနိုင်။ မြစ်ကြီးအတွင်း၌
ရေများစွာရှိပြီး မီးတုတ်မှာ သေးငယ် သောကြောင့်ဖြစ်သည်။ အလား တူစွာ မေတ္တာပွားများသူအား မည်သို့ သော စကားမီးတုတ်မျိုးဖြင့်မဆို ရှို့ မြှိုက်သော်လည်း ထိုသူ ၏ စိတ်ကို မလောင်မြိုက်နိုင်ပါ။

အာကာသ ဟင်းလင်းပြင်ဝယ် ဆေးခြယ်လျှင် အရုပ်မထင်နိုင်ပေ။
မေတ္တာနှလုံးသား ပိုင်ရှင်၏ စိတ်တွင် လည်း ဒေါသရုပ် ထင်စေရန်
ပြုလုပ်နိုင်မည် မဟုတ်ပေ။

ဤသည်တို့ကား မြတ်စွာဘုရားပေးသော မေတ္တာ ဥပမာများ ပင်တည်း။

ကျမ်းကိုး။    ။နန္ဒမာလာဘိဝံသ၊ ဒေါက်တာအရှင်။ မေတ္တာနှလုံးအစဉ်သုံး တရားတော်။

Posted by အေးဆက်