Tuesday, April 30, 2013

ဓမ္မသုတ (၂ဝ)


တဏှာ ဥပါဒါန်
လူကို ခွေးက ဟောင်သဖြင့် ခဲနှင့်ပစ်သည်။ ခဲပစ်သူကို မ
ကြောက်
ဘဲ ပစ်လိုက်သော ခဲကိုသာခွေးက လိုက်ကာ ကိုက် တတ်၏။
လူတို့သည် သေမင်းထံသို့ပို့တတ်သော တဏှာနှင့် ဥပါဒါန်ကို
ကြောက်ရကောင်းမှန်းမသိကြဘဲ သေမင်းကိုသာ ကြောက်
တတ်
ကြသည်။
< ဦးဝိမလ၏ 'သေမင်းတမန်သတ်နည်း တရားတော်' >
တဏှာ ဥပါဒါန် ကံ သေမင်းတမန်
မျှားနှင့် မျှားပစ်သူ ဤနှစ်မျိုးတို့တွင် သေအောင်ပစ်မည့် မျှားပစ် သူသည် ပို၍ကြောက်ရွံ့ဖွယ်ရာ ကောင်းသည်။
ဇာတိ၊ ဇရာ၊ မရဏ တည်းဟူသော သေမင်းသုံးဦးထက် သေ မင်းထံသို့ အရောက်ပို့ ပေးမည့်သေမင်းတမန် တဏှာ၊ ဥပါဒါန်
နှင့် ကံတို့သည် ပိုလွန်၍ ကြောက်မက်ဖွယ်ဖြစ်သည်။ ယင်းတို့ ကို
မဂ်ဖြင့် အပြတ် ချေမှုန်း ရပေမည်။
< ဦးဝိမလ၏ 'သေမင်းတမန်သတ်နည်း တရားတော်' >
ပုထုဇဉ်တို့ ၏ တဏှာ
ကျွဲသည် မသိသဖြင့် နွံကိုသာအားကိုးရာဖြစ်သည်။ အေး
သော နေရာဖြစ်သည်ဟု ယူဆသည်။ နွံထဲမှ ထလာ
သော အခါ တွင် ရွှံ့ များပေလူးကာ ကြည့်၍ မကောင်းဖြစ်နေသော် လည်း ကျွဲသည် ကျေနပ်လျက် ရှိသည်။
ပုထုဇဉ်တို့သည်လည်း တဏှာအိုင်တွင်း၌သာ လူးလျက်နေ
လို ကြသည်။ ဒုက္ခရောက်လျှင် ပျောက်လိုသည့် တဏှာသာ လာ
သည်။ တဏှာမလာစေရန် သုံးသပ်ကြည့်ရှုရကောင်းမှန်း မသိ တတ်ကြပေ။
<ဦးဝိမလ၏ 'ဝိတက် ဝိစာရနည်းဆီခွက်မဖိတ်တရားတော်'>
ဝဋ်နှင့် တဏှာ
ဝဋ်ဆင်းရဲ မုဆိုးသည် နောက်ကလိုက်ကာ တဏှာသားကောင်
မှာ ရှေ့ မှပြေးနေသည်။
< အရှင်ဇနကာဘိဝံသ၏ 'သိပယ်ဆိုက်ပွါး တရားတော်' >
အဝိဇ္ဇာ တဏှာ အဖုံး
အဖုံးကို မဖွင့်လျှင် အတွင်း၌ရှိသော ပစ္စည်းကိုယူ၍ မရနိုင်။
နိဗ္ဗာန်ကို ဖုံးကွယ်ထားသော အကွယ်နှစ်ချက် အဝိဇ္ဇာ တဏှာ နှင့် ဖြစ်ပျက်ခန္ဓာကို ဖယ်ရှားနိုင်ပါမှ နိဗ္ဗာန်ကို ဒိဋ္ဌမြင်ရမည်။
< ဦးဝိမလ၏ 'အဖုံးနှစ်ချပ်ဖွင့်ကြည့်မှ နိဗ္ဗာန်မြင်ရမည် တရားတော်' >

Posted by အေးဆက်

Saturday, April 27, 2013

ဓမ္မပဒ ၁၇ [ခုဒ္ဒကနိကာယ်]


၁- ယမကဝဂ္ဂ၊ အစုံဖြစ်သော တရားတော်များ
၁၂- ဒေဝဒတ္ထဝတ္ထု

ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ။
ပါပံ မေ ကတန္တိ တပ္ပတိ၊ ဘိယျော တပ္ပတိ ဒုဂ္ဂတိံ ဂတော။
၁၇။ မကောင်းမှုပြုသူသည် ဤဘဝ၌လည်း ပူပန်ရ၏။ တမလွန်ဘဝ ၌လည်း ပူပန်ရ၏။ ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်တို့၌လည်း ပူပန်ရ၏။ "ငါသည် မကောင်းမှုကို ပြုမိပြီ" ဟု ပူပန်ရ၏။ ဒုဂ္ဂတိဘုံဘဝသို့ ရောက် ပါမူကား အလွန်ပူပန်ရ၏။
 

Posted by ဉာဏ်ဦး

Wednesday, April 24, 2013

ထေရဝါဒ ဟောဓမ္မ (၁၁)


လက္ခဏ၊ ဦး (ကျစွာဆရာတော်)။ အနာမရှိသော လက်။ ဆစ်ဒနီ၊ ၂၃ ဒီဇင်ဘာ ၂ဝ၁၂။
အိုခြင်း ဒုက္ခ၊ "အနာမရှိသော လက်"၏ ဆိုလိုရင်း ရှင်းလင်း
ချက်၊  အကုသိုလ်စေတနာ မဖြစ်စေရန် တားဆီးနည်းတို့ကို မုဆိုးခင်ပွန်း နှ
င့် သောတာပန်ဇနီး ဇာတ်ကြောင်း အကိုး အကား ဖြင့် ဟောကြားဖေါ်ပြထားသည်။  တရားနာပါ။
လက္ခဏ၊ ဦး (ကျစွာဆရာတော်)။ သတိပဋ္ဌာန် ရှုမှတ်နည်း။ ဆစ်ဒနီ၊ ၂၄ ဒီဇင်ဘာ ၂ဝ၁၂။
ကာယာနုပဿနာ သတိပဋ္ဌာန်၊ သတိပဋ္ဌာန်လေးပါးကို ထိုင်လျက် ရှုမှတ်ခြင်း၊ စင်္ကြံကမ္မဋ္ဌာန်း အားထုတ်ပုံ၊ အထွေထွေ အမူအရာ ရှုမှတ်ခြင်းစသည့် တရားများကို ဖေါ်ပြဟောကြားထားသည်။ တရားနာပါ။
သောဘဏ၊ အရှင် (ရွှေမြင်းမိုရ်ဆရာတော်)။ ပညာပြည့်ဝ
နှလုံးလှစေ။ တောင်ဥက္ကလာပ၊ ၂၂ နိုဝင်ဘာ ၂ဝဝ၉။

မဂ္ဂင်ရှစ်ပါး၏ ခေါင်းဆောင်_ပညာမဂ္ဂင်၊ စီးပွါးရေး၊ လူမှုဆက် ဆံရေးနှင့် တရားအားထုတ်ရာတို့တွင် ပညာ၏ အရေးပါပုံ၊ အကောင်းဆုံး အရသာနှင့် ပျော်ရွှင်စရာ(ဓမ္မ_သစ္စာသိခြင်း)၊
ကုသိုလ်ကောင်း
မှု တိုင်းအတွက် တောင်းရမည့် ဆုတောင်း
နှင့် လောကုတ္တရာဖြစ်
ကြောင်းတို့ပါဝင်သည်။  တရားနာပါ။
သောဘဏ၊ အရှင် (ရွှေမြင်းမိုရ်ဆရာတော်)။ နောင်ဘဝသို့ မရောက်မီ။ တောင်ဥက္ကလာပ၊ ၂၁ မေ ၂ဝဝ၇။
ခန္ဓာ၏ လမ်းစဉ် (ပဋိသန္ဓေနေခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်
ခြင်း
နှင့် သေဆုံးခြင်း)၊ ကုသိုလ်တရားများ ရှိပြီးသေဆုံးနည်း၊ ကပ်ကြီးသုံးပါး (ငတ်မွတ်ခေါင်းပါးခြင်း၊ ဓါးလက်နက်ဘေး၊
ရောဂါဘေး)
နှင့် အနာဂတ်ဘဝများကို ဖေါ်ပြဟောကြားထား သည်။  တရားနာပါ။
သောဘိတ၊ အရှင် (ပတ္တမြားရိပ်သာဆရာတော်)။ ခန္ဓာတွင်းမှန် စုံစမ်းရန်။ အမရပူရ၊ ၁၃၅၁။
တရားအားထုတ်ရန် သင့်လျော်သည့်နေရာ၊ ထိုင်လျက်အား ထုတ်ရာတွင် ရှိရမည့် ခန္ဓာကိုယ် အနေအထား၊ အာနာပါန သတိပဋ္ဌာန်ဖြင့် သမာဓိ ထူထောင်ခြင်း၊ အို နာ သေ နှင့် အပါယ်ဘေးများ၏ အကြောင်းရင်း၊ မိမိခန္ဓာတွင် မည်သည့် ဒိဋ္ဌိရှိကြောင်း စစ်ဆေးခြင်း စသော တရားများပါရှိ၏။  တရားနာပါ။
သောဘိတ၊ အရှင် (ပတ္တမြားရိပ်သာဆရာတော်)။ လေးဖြာဣရိယာ ရှုမှတ်ပါ။ အမရပူရ၊ ၁၃၅၁။
ဝိပဿနာတရား အားထုတ်ခြင်း၏ ရည်ရွယ်ချက်၊ ဝိပဿနာဟူသည်၊ ရှုမှတ်ရမည့်နေရာနှင့် ရှုမှတ်စရာ၊ ကမ္မဋ္ဌာန်းလေးပါး၊ စရိုက် အလိုက် သင့်လျော်သည့်ကမ္မဋ္ဌာန်း၊ ဣရိယာပုထ်လေးပါးတို့ တွင် ရှုမှတ်ပုံ၊ သတိပဋ္ဌာန်နှင့် သတိပဋ္ဌာနဘာဝနာတို့ကို ရှင်းလင်းဟောကြားထား သည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Sunday, April 21, 2013

ဓမ္မသာကစ္ဆာ (၉)


ဖန်ဆင်းရှင်မှာ မိမိသာ

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၌ သီတင်းသုံး
နေတော်မူ၏။ ထိုအခါ တောဒေယျ ပုဏ္ဏား၏သား သုဘလုလင်သည် သင့်လျော်ရာ၌ထိုင်ကာ မြတ်စွာဘုရားအား ဤသို့လျှောက် ထား၏။
 

သုဘ
အရှင်ဘုရား၊ လူအချင်းချင်းဖြစ်ကြပါလျက်_
(၁) အသက်တိုခြင်း၊ အသက်ရှည်ခြင်း၊
(၂) အနာရောဂါများခြင်း၊ အနာရောဂါကင်းခြင်း၊
(၃) အရုပ်ဆိုးခြင်း၊ အဆင်းလှခြင်း၊
(၄) အခြံအရံမရှိခြင်း၊ အခြံအရံများခြင်း၊
(၅) စည်းစိမ်ဥစ္စာရှားပါးခြင်း၊ စည်းစိမ်ဥစ္စာပေါများခြင်း၊
(၆) အမျိုးယုတ်ခြင်း၊ အမျိုးမြတ်ခြင်း၊
(၇) ပညာမဲ့ခြင်း၊ ပညာရှိခြင်း ဟူ၍လူမှုအဆင့်အနိမ့်အမြင့်တို့ကို တွေ့မြင်ရပါသည်။ ထိုအကြောင်း ရင်းများကား အဘယ်ပါနည်း ဘုရား။ 
ဘုရား
လုလင်၊ ကောင်းစွာ နှလုံးသွင်း၍ နာယူပါ။ သတ္တဝါတို့သည် ကံသာလျှင် မှီခိုရာအကြောင်းရင်း ရှိ၏။ ထိုကံသည် သတ္တဝါ တို့ကို အနိမ့်-အမြင့် ကွဲပြားခြားနားစေ၏။
သုဘ
မြတ်စွာဘုရား၊ ဤတရားသည် အကျဉ်းဖြစ်၍ တပည့်တော် မသိပါ ဘုရား။ အနက်သဘော အကျယ်ကို ဟောကြားတော် မူပါဘုရား။
ဘုရား
(၁) သူတစ်ပါးကို မသနားဘဲ သတ်ဖြတ်မှု အကျင့်ကြောင့် အသက်တိုရ၏။ မသတ်ဘဲ ရှောင်ကြဉ် မှုကြောင့် အသက် ရှည်ရ၏။
(၂) သူတစ်ပါးကို ညှဉ်းဆဲမှု အကျင့်ကြောင့် ရောဂါများရ၏။ မညှဉ်းဆဲမှုကြောင့် ရောဂါနည်းပါး ရ၏။
(၃) သူတစ်ပါးကို အမျက်ထွက်မှု အကျင့်ကြောင့် အဆင်းမလှ ရုပ်ဆိုးရ၏။ မေတ္တာထားမှုကြောင့် အဆင်းလှပတင့်တယ်ရ၏။
(၄) သူတစ်ပါးကို ငြူစူမနာလိုမှု အကျင့်ကြောင့် အခြံအရံမရှိ
ဖြစ်ရ၏။ ငြူစူမနာလိုကင်းမှုကြာင့် အခြံအရံများပြားရ၏။
(၅)သမဏ ဗြာဟ္မဏတို့အား မပေးလှူမှု အကျင့်ကြောင့် စည်းစိမ်ဥစ္စာရှားပါးရ၏။ ပေးကမ်းလှူဒါန်းမှုကြောင့်စည်းစိမ်ဥစ္စာ
ပေါများ
ရ၏။
(၆) မာနကြီး၍ ခက်ထန်ပြီး မရိုသေမှု အကျင့်ကြောင့် အမျိုး ယုတ်ညံ့ရ၏။ ရိုသေနှိမ့်ချ မာနမထောင်လွှားမှု ကြောင့်အမျိုး
မြင့်မြတ်ရ၏။

(၇) သမဏ ဗြာဟ္မဏတို့ကို ချဉ်းကပ်ပြီး အဖန်ဖန်မမေးမြန်းမှု အကျင့်ကြောင့် ပညာမဲ့ဖြစ်ရ၏။ အဖန်ဖန် မေးမြန်းမှုကြောင့် ပညာရှိဖြစ်ရ၏။
သုဘ
အရှင်ဘုရား၊ တရားတော်သည် အလွန်နှစ်သက်ဖွယ် ဖြစ်ပါ
သည်။ လမ်းမှားသူအား လမ်းမှန်ကို ပြောကြားဘိသို့ ရှိပါ၏။ တပည့်တော် သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး ကို ကိုးကွယ်ရာ
ဟူ၍ ဆည်းကပ်ပါ၏။ တပည့်တော်အား ယနေ့မှစ၍ ဥပါသကာဟု မှတ်တော်မူပါ ဘုရား။
ဘုရား
ဤသို့ လူမှုအဆင့် အနိမ့်-အမြင့် ကွဲပြားခြားနား နေရခြင်း
သည် နတ် ဗြဟ္မာတို့ ဖန်ဆင်း၍မဟုတ်၊ ဖန်ဆင်းရှင်မှာ မိမိပြုလုပ်သော ကံကောင်း ကံဆိုး နှစ်ပါးကြောင့်ပင်တည်း။

သာဓု သာဓု သာဓု
ကျမ်းကိုး။ ။စူဠကမ္မဝိဘင်္ဂသုတ်၊ ဝိဘင်္ဂဝဂ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ မဇ္ဈိမနိကာယ်။
 

Posted by ဉာဏ်ဦး

Thursday, April 18, 2013

ဓမ္မပဒ ၁၆ [ခုဒ္ဒကနိကာယ်]


၁- ယမကဝဂ္ဂ၊ အစုံဖြစ်သော တရားတော်များ
၁၁- ဓမ္မိကဥပါသကဝတ္တု

ဣဓ မောဒတိ ပေစ္စ မောဒတိ၊
ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊
ဒိသွာ ကမ္မဝိသုဒ္ဓိ မတ္တနော။
၁၆။ ကောင်းမှုပြုသူသည် ဤဘဝ၌လည်း ဝမ်းမြောက်ရ၏။ တမလွန် ဘဝ၌လည်း ဝမ်းမြောက်ရ၏။ ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်တို့၌လည်း ဝမ်းမြောက်ရ၏။ ထိုကောင်းမှုပြုသူသည် မိမိ၏ စင်ကြယ်သော ကံကို သိမြင်ရ၍ ဝမ်းမြောက်ရ အလွန်ဝမ်းမြောက်ရ၏။
 

Posted by ဉာဏ်ဦး

Monday, April 15, 2013

ထေရဝါဒ ဟောဓမ္မ (၁ဝ)


တေဇောသာရ၊ ဘဒ္ဒန္တ (ပဲခူး)။ ထွက်ရာလမ်း တရားတော်။ ပဲခူး၊ ၁၃၆၉။
ဝဋ်၏ အကြောင်းရင်း ဘဝတဏှာကို ဖေါ်ပြထားပြီး၊ သေဖို့ 
ပြင်ဆင်
ခြင်း၊ သစ္စာလေးပါးကို သိမြင်ရန် အရေးပါမှုတို့ကို "သိင်္ဂါလ" ဇာတ် ဥပမာပြကာ ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။ () ()
တေဇောသာရ၊ ဘဒ္ဒန္တ (ပဲခူး)။ အလိုက်ပေးမှ လဲလို့ ရ။ ပဲခူး၊ ၁၃၇၀။ 
ဥတ္တရမထေရ်၏ ဇာတ်ကြောင်းကို ကိုးကားလျက် နိဗ္ဗာန်ကို အလိုက် ပေးလဲရန် လိုအပ်သည့် သဒ္ဓါ၊ ဆန္ဒနှင့် ဝီရိယတို့ကို ရှင်းလင်းဟော ကြားထားသည်။  တရားနာပါ။
သုနန္ဒ္ဒ၊ အရှင် (ဓမ္မရံသီဆရာတော်)။ ပါရမီမှန်လျှင် နိဗ္ဗာန်ဝင်။ မိုးကုတ်၊ ၈ စက်တင်ဘာ ၂ဝဝ၄။  
ပုရေဇာတ၊ ပစ္ဆာဇာတနှင့် အာသေဝန ပစ္စည်းတို့ကို ဖေါ်ပြ
ဟောကြားထားသည်။  တရားနာပါ။
သုနန္ဒ္ဒ၊ အရှင် (ဓမ္မရံသီဆရာတော်)။ ဣနြေ္ဒညီမျှ နိဗ္ဗာန်ရ တရား
တော်။ မိုးကုတ်၊ ၂၂ စက်တင်ဘာ ၂ဝဝ၄။ 

ဣနြေ္ဒ၏ အဓိပ္ပါယ်၊ ဣနြေ္ဒအမျိုးအစားများ၊ ဣနြေ္ဒညီမျှရန် အရေး ကြီးပုံနှင့် ကံ၏ စွမ်းရည်တို့ကို ဖေါ်ပြထားသည်။  တရားနာပါ။
ဥတ္တမ၊ အရှင် (သစ္စာရွှေစည် ဆရာတော်)။ သူတော်ကောင်းတို့၏ သဘောထား။ ရန်ကုန်၊ ၂၁ ဒီဇင်ဘာ ၂ဝ၁ဝ။
"ကဏ္ဍ ဇာတ်" ကို အကိုးအကားပြုကာ ဗုဒ္ဓ၏ ဆုံးမနည်းများ၊ ဥစ္စာ၊ ခန္ဓာနှင့် ဘဝတို့ မှ ဒါန၊ သီလ၊ ဘာဝနာစသော အနှစ် သာရကို ထုတ်ယူခြင်း၊ ဘုရားအလောင်းတော် ကဏ္ဍ က သိကြားမင်း ထံမှ တောင်းသောဆုများ၊ အားနည်းသောနှင့် အားကြီးသော ဒေါသ၊လာဘနှင့် ချစ်ခြင်းတို့၏ မကောင်းကျိုး များကို ဟောကြားထားသည်။ တရားနာပါ။
ဥတ္တမ၊ အရှင် (သစ္စာရွှေစည် ဆရာတော်)။ ဘုရားပေးသော ဥပမာ များ။ ရန်ကုန်၊ ၃ဝ အောက်တိုဘာ ၂ဝဝ၉။
"ပဉ္စသတ ဘိက္ခု" ဇာတ်ကြောင်း အကိုးအကားဖြင့် တရား
အဆုံးတွင် ရဟန္တာများဖြစ်တော်မူသွားကြသည့် ငါးရာသော ဘိက္ခုများအား ဥပမာစကားများသုံးကာ ဗုဒ္ဓမြတ်စွာ ဟောကြား
တော်မူခဲ့သော အကြောင်းအချက်များကို ရှင်းပြထားသည်။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

Friday, April 12, 2013

ဘဝနေဟန် တရားမှန် (၃)


သရဏဂုံတည်ထား အကျိုးများ
 

သရဏဂုံသည် လူတိုင်းအတွက်ပင်မက ကလေးငယ်များအဖို့ပါ သင့်လျော်ပေသည်။ ဘာမျှ မကုန်ကျ၊ မပင်ပန်းဘဲ သရဏဂုံ
တည်မြဲခြင်းကို ရယူနိုင်ပါသည်။
 

သရဏဂုံတည်မြဲခြင်းဆိုသည်မှာ အဘယ်နည်း။
 

အောက်ပါလေးချက်အနက် တစ်ပါးပါးကို ပြုလုပ်လိုက်လျှင် ထိုပြုသူ တစ်စုံတစ်ယောက်သည် သရဏဂုံမြောက်သည်ဟု မှတ်ယူရပေမည်။ ထိုလေးချက်မှာ_
၁။ ဘုရား၊ တရား၊ သံဃာဟူသော ရတနာမြတ်သုံးပါအား     သဒ္ဓါ ယုံကြည်စိတ်ဖြင့် ကိုယ့်ကိုယ်ကို အပ်နှင်းခြင်း၊
၂။ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို မှီခိုအားထား
ခြင်း၊

၃။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး၏ တပည့်အဖြစ် ခံယူထားခြင်း၊
၎။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ရိုသေစွာ ရှိခိုးခြင်း၊
ဘုရား၊ တရား၊ သံဃာဟူသော ရတနာမြတ်သုံးပါးသည် လောက၌ (အမြင့်)အမြတ်ဆုံး ဖြစ်ပေသည်။ ဤရတနာသုံးပါးထက် သာလွန်
မြင့်မြတ်သည် မရှိပါချေ။ အထွတ်အမြတ်ဆုံး ရတနာသုံးပါးအား မိမိခန္ဓာကိုယ်ကို စွန့်လွှတ်လှူဒါန်းပေးအပ်ခြင်းသည် အလွန်အမင်း အကျိုးများလှပါ၏။ မြတ်ဗုဒ္ဓက ထိုအကြောင်းကို အင်္ဂုတ္တိုရ်ပါဠိတွင်
ဟောကြားဆုံးမထား၏။ သရဏဂုံ ခံယူဆောက်တည်၍ မိမိခန္ဓာ ကိုယ်ကို ပေးလှူအပ်နှင်းခြင်းဖြင့် အလွန်အကျိုးကြီးမြတ်ပါပေ၏ဟု
ဟောတော်မူသည်။
 

"ဟိံသတီတိ သရဏံ" ဟူသော ပါဠိတော်အရ ဖိစီး နှိပ်စက် ဖျက်ဆီး တတ်သောကြောင့် သရဏဂုံ မည်၏။ ဘာတွေကို ဖိစီး နှိပ်စက် ဖျက်ဆီး တတ်ကုန်သနည်း။ ဘေးအန္တရာယ်၊ ရန်သူ၊ ကြောက်မှု၊ ထိတ်လန့်မှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ အပါယ်လေးပါးသို့လားရမှုတို့ကို ဖိစီး နှိပ်စက် ဖျက်ဆီး တတ်၏။ ဆိုလိုသည်မှာ သရဏဂုံ တည်မြဲသူ တစ်ဦးအပေါ်မှာ ကျရောက် လာမည့် အဆိုပါ ဘေးဆိုးတို့ကို တားမြစ် ဖိစီး နှိပ်စက် ဖျက်ဆီး တတ်၏။
 

Posted by ဉာဏ်ဦး

Tuesday, April 9, 2013

ဓမ္မပဒ ၁၅ [ခုဒ္ဒကနိကာယ်]


၁ - ယမကဝဂ္ဂ၊ အစုံဖြစ်သော တရားတော်များ
၁ဝ - စုန္ဒသူကရိကဝတ္ထု

ဣဓ သောစတိ ပေစ္စ သောစတိ၊
ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ဝိဟညတိ၊
ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။ 
၁၅။ မကောင်းမှုပြုသူသည် ဤဘဝ၌လည်း စိုးရိမ်ရ၏။ တမလွန် ဘဝ၌လည်း စိုးရိမ်ရ၏။ ပစ္စုပ္ပန် တမလွန်ဘဝ နှစ်တန်တို့၌လည်း စိုးရိမ်ရ၏။ ထိုမကောင်းမှုပြုသူသည် မိမိ၏ ညစ်နွမ်းသော ကံကို သိမြင်၍ စိုးရိမ်ရ ပင်ပန်းရ၏။
 

Posted by ဉာဏ်ဦး

Saturday, April 6, 2013

ထေရဝါဒ ဟောဓမ္မ (၉)


ဉေယျဓမ္မသာမိ၊ ဝနဝါသီ အရှင် (မဟာဗောဓိမြိုင် ဆရာတော်)။ ဒုက္ခမှန်းသိမှ ဒုက္ခပယ်လို့ ရ။ ၂၈ ဇွန် ၁၉၉၇။
ကာလရာဇ ပုဏ္ဏား ဇာတ်ကြောင်းကို ကိုးကားပြီး ဒုက္ခနှစ်မျိုးနှင့် ဘဝတိုင်း သယ်ပိုးနေခဲ့ရသည့် ဝန်ထုပ် သုံးထုပ်တို့အကြောင်း
ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ဉေယျဓမ္မသာမိ၊ ဝနဝါသီ အရှင် (မဟာဗောဓိမြိုင် ဆရာတော်)။ အမှတ်အသိလေးတစ်ခု၏ အကျိုးပေး။ ၂၃ ဇွန် ၁၉၉၇။
သူဋ္ဌေးသမီး သုမနဒေဝီ၏ ဇာတ်ကြောင်း ကိုးကားချက်ဖြင့် အဝိဇ္ဇာနှင့် တဏှာသည် သတ္တဝါများအား သံသရာမှ ရုန်းမ ထွက်နိုင်အောင် တွန်းပို့နေပုံ၊ မိမိ၏ သဘာဝကို ပြောင်းလဲ ရာတွင် သတိအရေးပါပုံ အကြောင်းနှင့် သတိရှိသူနှင့် သတိ မရှိသူ စသည်တို့ကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ပဏ္ဍိတ၊ အရှင် (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်)။ ဒိဋ္ဌိကပ် ခွါပုံ တရားတော်။ ၁၂ စက်တင်ဘာ ၂ဝဝ၅။
ဒိဋ္ဌိဖြစ်ကြောင်းများ၊ ဒိဋ္ဌိအမျိုးမျိုးနှင့် ဒိဋ္ဌိပယ်သတ်နည်းများ ပါရှိသည်။  တရားနာပါ။
ပဏ္ဍိတ၊ အရှင် (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်)။ သာသနာ ဘယ်လို ပြုကြမလဲ တရားတော်။ ၁၂ စက်တင်ဘာ ၂ဝဝ၅။
ဝိပဿ      နာ၏ ဆိုလိုရင်း၊ သာသနာပြုခြင်း နှစ်မျိုးနှင့် ပိုမို
ကောင်းမွန်သော တစ်ခုတို့ကို အနာထပိဏ် သူဋ္ဌေးကြီး၏ အငယ်ဆုံးသမီး စူဠသုဘဒ္ဒါ ဇာတ်ကြောင်းပြ ဖြင့် ရှင်းလင်း
ဟောကြားထားသည်။  တရားနာပါ။
ဝါယာမိန္ဒ္ဒ၊ ဘဒ္ဒန္တ (မြောက်ဦးဆရာတော်)။ ကိုယ့်စိတ်ကိုယ်စစ် တရားတော်။ မန္တ္တလေး၊ ၁၁ အောက်တိုဘာ ၂ဝဝ၈။
မိမိ၏ စိတ်ကို ကြည်လင်ဖြူစင် စေခြင်းငှါ စစ်ဆေးကြည့်ကြရန် တိုက်တွန်းချက်၊ စိတ်ကို စစ်ဆေးပုံနှင့် အဝိဇ္ဇာ မည်သည်ဖြစ်
ကြောင်းတို့ ပါဝင်သည်။  တရားနာပါ။
ဝါယာမိန္ဒ္ဒ၊ ဘဒ္ဒန္တ (မြောက်ဦးဆရာတော်)။ ခန္ဓာ့ဘေးရန် တရားတော်။ မန္တ္တလေး၊ ၁ဝ အောက်တိုဘာ ၂ဝဝ၈။
ခန္ဓာသည် ဘေးရန်ဖြစ်ပုံကို ရှင်းပြထားပြီး၊ မိမိ၏ စိတ်ကို ကုသိုလ်ဖြင့် အလှဆင်ရန် တိုက်တွန်းဟော ကြားထားသည်။  တရားနာပါ။ 
Posted by ဉာဏ်ဦး၊ အေးဆက်

Wednesday, April 3, 2013

ဓမ္မသုတ (၁၉)


တဏှာကိုခွါ
မီးသည် အကောင်းအဆိုးမခွဲ မည်သည်ကိုမဆို ရှို့ မြှိုက်တတ် သည်။
ရေသည် အဆိုးအကောင်း မည်သည်ကိုမဆို သန့်စင်အောင်
ဆေး
ကြောတတ်သည်။
မြေကြီးမှာ ၄င်းအပေါ်သို့  ချလိုရာချ ကောင်း မကောင်းအကုန် လက်ခံတတ်သည်။
လေသည် အနံ့ကောင်း အနံ့ဆိုးမရွေး အကုန်တိုက်ချပစ်တတ်
သည်။

မိုးကောင်းကင်ကြီးသည် မည်သည့်နေရာနှင့်မျှမထိ အားလုံးကို တညီတည်း အုပ်မိုးထားတတ်သည်။
ကောင်းဆိုး အာရုံဟူသမျှတို့ အပေါ်တွင် လေ မြေ ရေ မီး
ကောင်း
ကင်ကြီး (ဝါယော၊ ပထဝီ၊ အာပေါ၊ တေဇော၊ အာကာ
သ) တို့ ကျင့်သုံးသကဲ့သို့ မိမိတို့သည်လည်း တဏှာ မကပ်ငြိ
အောင်
နေတတ်ကြရမည်။ နှစ်သက်ခြင်း၊ သာယာခြင်း ကင်း ကြရမည်။
<ဦးသုမင်္ဂလ၏ 'မငြိစေနှင့် တရားတော်'>
တဏှာကျော့ကွင်း
ငှက်မုဆိုး ထောင်ထားသော ကျော့ကွင်းတွင် မိနေသည့် ငှက် ကဲ့သို့ တဏှာကျော့ကွင်း၌ မိနေသူသည် မည်သည့်အခါမျှ မလွတ်နိုင်ချေ။
<ဒါက်တာအရှင် ဆေကိန္ဒ၏ 'တန်ဖိုးသိမှ တန်ဖိုးရှိတယ် တရားတော်'>
တဏှာနှင့် အဝိဇ္ဇာ
နွားသည် နွားသတ်သမားအား သခင်လို ချစ်ခင်နေလျှင် အဆုံး
တွင်
သေရမည်မှာ မလွဲပေ။
လူတို့သည်လည်း ရုပ် နာမ် ဖြစ်ပျက်ကို အဝိဇ္ဇာကြောင့် မသိ သဖြင့် တဏှာနှင့် ခင်ကြပြီး အသေဆိုးနှင့် သေကြရသည်။
<ဦးဝိမလ၏ 'ရန်သူနှစ်ယောက်ကို အသေသတ်နည်း တရားတော်'>
တဏှာလောဘ
မြစ်ချောင်း အင်းအိုင် အဆင့်ဆင့်မှ ရေများသည် ပင်လယ် သမုဒ္ဒရာ အတွင်းသို့ မည်မျှပင် စီးဝင်သွားသော်လည်း ပြည့် လျှံသွားသည်ဟူ၍ မရှိပေ။
မီးထဲသို့ ထည့်သမျှ လောင်စာသည် အလုံးစုံ လောင်ကျွမ်း သွားလေ့ရှိသည်။
ထို့အတူ၊ မည်မျှဖြည့်သည်ဖြစ်စေ အလို မပြည့်နိုင်သည်မှာ တဏှာလောဘဖြစ်သည်။
<ဒါက်တာအရှင် ပညိဿ      ရ၏ 'အကျဉ်းချုပ်တရားလေးပါး တရားတော်'>
Posted by အေးဆက်