Wednesday, February 27, 2013

ဓမ္မပဒ ၆ [ခုဒ္ဒကနိကာယ်]


၁- ယမကဝဂ္ဂ၊ အစုံဖြစ်သော တရားတော်များ
၅- ကောသမ္ဗကဝတ္ထု

ပရေ စ န ဝိဇာနန္တိ၊ မယမေတ္တ ယမာမသေ။
ယေ စ တတ္ထ ဝိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။  
ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်။ ထိုမသိမှုကြောင့် ခိုက်ရန် ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်။ ဤလော
က၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏။ ထိုသိမှုကြောင့် ခိုက်ရန် ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။
 

Posted by ဉာဏ်ဦး

Sunday, February 24, 2013

ထေရဝါဒ ဟောဓမ္မ (၅)


ကုဏ္ဍလာဘိဝံသ၊ ရှင် (သဒ္ဓမ္မရံသီ ဆရာတော်)။ ပဒါနိယင်္ဂသုတ္တန် (ကျန်းမာခြင်း)။ ၁၃၅၂။
ကမ္မဋ္ဌာန်းတရားပွါးများ အားထုတ်ရာတွင် ကျန်းမာခြင်းသည် အရေးပါပုံနှင့် ဝေဒနာနုပဿ     နာတရားတို့ကိုရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။
ကုဏ္ဍလာဘိဝံသ၊ ရှင် (သဒ္ဓမ္မရံသီ ဆရာတော်)။ ပဒါနိယင်္ဂသုတ္တန် (ယုံကြည်ခြင်း)။ ၁၃၅၂။
ပဒါနိယင်္ဂသုတ္တန်ကို ကိုးကားလျက် အဆုံးအမမှန်ကို သိမြင်ရန်
အတွက်လိုအပ်သောအင်္ဂါရပ်များ၊သဒ္ဓါအကြောင်းထင်ရှားပေါ်
လွင်အောင် တင်ပြခြင်းနှင့် ထိုင်ခြင်း၊ စင်္ကြံလျှောက်ခြင်းနှင့်
အထွေထွေ အသေး စိတ် ရှုမှတ်ခြင်း စသော တရားရှုမှတ်
နည်း သုံးမျိုး စသည်တို့ကို ဖေါ်ပြထားသည်။ တရားနာပါ။
ဆေကိန္ဒ၊ ဒေါက်တာအရှင် (ဓမ္မဒူတ၊ မှော်ဘီ)။ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာဝေဒနာ [ခုနှစ်မပါ]
သုခခုနစ်မျိုး၊တဏှာနှစ်မျိုး၊တဏှာသည် ဝေဒနာဖြစ်ကြောင်းနှင့်
ဝေဒနာသည် တဏှာဖြစ်ကြောင်း ဖြစ်ပုံ၊ လောဘ ဒေါသ နှင့်
မောဟတို့ကို ပယ်ရှားနိုင်ရန် သတိနှင့် ဝီရိယတရားများ ထားရှိ
ရမည့် အကြောင်း တို့ကို ဖေါ်ပြဟောကြားထားသည်။
တရားနာပါ။
ဆေကိန္ဒ၊ ဒေါက်တာအရှင် (ဓမ္မဒူတ၊ မှော်ဘီ)။ သေမထူး နေမထူး။ မန္တလေး။ ၁၃ အောက်တိုဘာ ၂ဝဝ၁။
"အဇိတမထေရ်" ၏ ဇာတ်ကြောင်းကို အကိုးအကားပြု ပြီး
မရဏဿ     တိ၊ ကိလေသာနှင့် နေ၊ ကိလေသာနှင့် သေခြင်း၊
သတိနှင့် ဉာဏ်တို့ ဖြင့် အသက်ရှင်သန်ခြင်း၊ သေဆုံးခြင်း စသည်တို့ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ဓမ္မသာရ၊ ဦး (ဆင်ဖြူ ကျွန်းဆရာတော်)။ မသိဘေး၊ အမှားဘေးမှ လွတ်အောင် ကြိုးစားရန် တရားတော်။ ဆင်ဖြူ ကျွန်း၊ ၂၅ ဇူလိုင် ၁၉၉ဝ။
ဒိဋ္ဌိသည် ကံထက်ပို၍ ကြောက်စရာကောင်းပုံ၊ အဘယ်
ကြောင့် အပါယ်သို့ ကျ ကြရကြောင်း နှင့် နိဗ္ဗာန်ကို မျ က်
မှောက်ပြုနိုင်ရေး
အတွက် ခန္ဓာကို ဉာဏ်ဖြင့် ရှုကြရန် တိုက် တွန်းမှုများ ပါရှိသည်။  တရားနာပါ။
ဓမ္မသာရ၊ ဦး (ဆင်ဖြူ ကျွန်းဆရာတော်)။ သက္ကပဥှသုတ် (အဆုံး သတ်) တရားတော်။ ဆင်ဖြူ ကျွန်း၊ ၂၄ ဇူလိုင် ၁၉၉ဝ။
ဣဿာ နှင့် မစ္ဆရိယ၊ ချစ်ခြင်းနှင့် မုန်းခြင်း၊ ဆန္ဒနှင့် ဝိတက်၊ ပပဉ္စတရား (တဏှာ၊ မာန၊ ဒိဋ္ဌိ၊)၊ ဝေဒနာ၊ ဆန္ဒ၊ ဝိတက်နှင့်
ဝေဒနာ အမျိုးအစားများ၊ ဝေဒနာရှုပွါးခြင်းအစရှိသော တရား
များကို ဖေါ်ပြဟောကြားထားသည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Thursday, February 21, 2013

ဓမ္မသာကစ္ဆာ (၇)


အဖိုးတန်စကားသုံးခွန်း 

နတ်တစ်ပါးစုတိတော့မည်ဆိုလျှင် အခြားနတ်များက စကားသုံးခွန်း ဝိုင်းဝန်းမှာကြားလေ့ရှိတတ်ကြောင်းကို မြတ်စွာဘုရားသည် ဇေတ
ဝန်ကျောင်းတော်တွင် ရဟန်းအပေါင်းတို့ အား ဟောကြားတော်မူခဲ့
သည်။ ထိုစဉ်ခါဝယ် နတ်သားတစ်ပါးက သိလိုသည်ကို မေးမြန်း
လျှောက်ထားသဖြင့် မြတ်ဘုရားက ရှင်းလင်းဖြေ ကြားတော်မူခဲ့သည်။
 

ဘုရား
ရဟန်းတို့ ၊ နတ်တစ်ပါး စုတိတော့မယ့် အချိန်မှာ တခြားနတ်
တွေက "နတ်ပြည်ထက် ကောင်းတဲ့ အကောင်းဆုံး ဘုံကို
ရောက်အောင်
သွားပါ၊ ရောက်ခဲ့သော် အကောင်းဆုံး ရတနာ ကို ရအာင်ယူပါ၊ ထိုရသော ရတနာ မပျောက်ပျက် ပါစေနဲ့"
အစရှိတဲ့ စကားသုံးခွန်း
ကို မှာကြားတတ်ပေတယ်။
နတ်သား
သိလိုရေးကြောင့် မေးပါရစေ အရှင်မြတ်ဘုရား၊ နတ်ပြည် ထက်ကောင်းတဲ့ အကောင်းဆုံးဘုံဆိုတာ ဘယ်ဘုံများပါလဲ ဘုရား။
ဘုရား
နတ်ပြည်ထက်ကောင်းတဲ့ ဘုံဆိုတာ တခြားမဟုတ်၊ လူ့ဘုံ
ဖြစ်ပေတယ်။
လူ့ဘုံမှာ ကောင်းမှုတွေ စုံလင်အောင် ပြုလို
သမျှ ပြုလို့ရတာကြောင့်အကောင်းဆုံးဘုံဟုပင်ခ်ါဆိုနိုင်
ပေတယ် အမောင်နတ်သား။
နတ်သား
အကောင်းဆုံး ရတနာဆိုတာက အဘယ်ဟာကို ညွှန်းဆို ပါသလဲဘုရား။
ဘုရား
အကောင်းဆုံး ရတနာဆိုတာက ဘုရား၊ တရား၊ သံဃာ၊ ကံ၊ ကံ၏ အကျိုး အပေါ်မှာ ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါ တရားလို့ မှတ်ပါ။
နတ်သား
ရထားတဲ့ ဒီရတနာကို မပျောက်ပျက်အောင် ဘယ်ပုံထိန်းသိမ်း ရမှာပါလဲ အရှင်ဘုရား။
ဘုရား
ရတနာ သဒ္ဓါတရားမြတ် မပျောက်ပျက်ရေးအတွက် သီလ သမာဓိ ပညာနဲ့  သောတာပန်တည် အောင် ကြိုးစားကျင့်ကြံ အားထုတ်ခြင်းဖြင့် ထိန်းသိမ်းနိုင်ပေတယ် နတ်သား။
နတ်သား
မှန်လှပါ အရှင်မြတ်ဘုရား။ သာဓု  သာဓု  သာဓု 
ကျမ်းကိုး။    ။ပညာနန္ဒ၊ ဦး။ "အဖိုးတန်စကားသုံးခွန်း" တရားတော်။ ရန်ကုန်၊ ၂၅ မတ် ၂ဝဝ၆။

Posted by  အေးဆက်

Monday, February 18, 2013

ဓမ္မပဒ ၅ [ခုဒ္ဒကနိကာယ်]


- ယမကဝဂ္ဂ၊ အစုံဖြစ်သော တရားတော်များ
- ကာဠယက္ခိနီဝတ္ထု

န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်း နိုင်ကုန်။ ရန်တုံ့မမူခြင်းဖြင့် သာလျှင် ရန်ပြေငြိမ်းနိုင်
ကုန်၏။ ဤသဘောကား အစဉ်အလာ ဓမ္မတာသဘောပင်တည်း။

Posted by ဉာဏ်ဦး

Friday, February 15, 2013

ထေရဝါဒ ဟောဓမ္မ (၄)


ခေမိန္ဒ၊ ဘဒ္ဒန္တ (ခင်မကန်ဆရာတော်)။ တရားတစ်ပုဒ်၏ တန်ဖိုး။ ရန်ကုန်၊ ၁၉ နိုဝင်ဘာ ၂ဝဝ၈။
ပရိယတ္တိ၊ ပဋိပတ္တိနှင့် ပဋိဝေဓ သာသနာသုံးရပ် ဆက်စပ်နေ ပုံ၊ ပရိယတ္တိသာသနာနှင့် ဒကာ၊ ဒကာမများ၏ သံဃာအား ပံ့ပိုးမှု အရေးပါကြောင်း၊ "သောပါကသာမဏေ"ဇာတ်ကြောင်း ကိုးကား ချက်ဖြင့် တရားတစ်ပုဒ် နာကြားခြင်း၏ အကျိုးကျေး ဇူးနှင့် သောပါကသာမဏေအား မြတ်ဗုဒ္ဓမေးမြန်းသည့် ပုစ္ဆာ ဆယ်ခု စသည် တို့ကို ဖေါ်ပြထားသည်။  တရားနာပါ(၁)။ (၂)။
ခေမိန္ဒ၊ ဘဒ္ဒန္တ (ခင်မကန်ဆရာတော်)။ တရားနာမှ နိဗ္ဗာန်ရ။ ရန်ကုန်၊ ၁၈ စက်တင်ဘာ ၂ဝဝ၉။
စိတ်ဟူသည်မှာနှင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဖြင့် မိမိ၏ စိတ်ကို
ပြုပြင်နည်းတို့ကို ရှင်းပြထားပြီး "သုစိလောမသုတ္တန်" ကို ကိုးကားလျက် ကိလေသာများတည်ရာနှင့် နိဗ္ဗာန်ကို မျက်
မှောက်ပြုသည့်တိုင် ယင်းတို့ကို မည်သို့ပယ်သတ်ရမည်ကို
ဟောကြားထားသည်။  တရားနာပါ။
ဃောသိတ၊ ဦး။ ပဋိစ္စသမုပ္ပါဒ် အခြေခံ။  ရန်ကုန်၊ ၁၃ ဧပြီ ၁၉၉၄။
ဒါန၊ သီလ၊ ဘဝနာ_အလုပ်သုံးခု၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ တစ် ဆယ့်နှစ်ပါးနှင့် အသွယ်ရှစ်သွယ်တို့ကို ရှင်းလင်းဟောကြား ထားသည်။   တရားနာပါ။
ဃောသိတ၊ ဦး။ ရှည်လျားတဲ့ ဘဝသံသရာ။  ရန်ကုန်၊ ၁၃ ဧပြီ ၁၉၉၄။
ပဋိစ္စသမုပ္ပါဒ်၏ မူလအရင်းခံများ၊ ဒိဋ္ဌိပယ်သတ်ရန်၊ ဥပမာပြ အမျိုးမျိုးဖြင့် ဘဝ အကြိမ်ကြိမ်ထပ်ခါခါ လည်ပတ်နေပုံ အကြောင်း စသည်တို့ကို ဖေါ်ပြ ဟောကြားထားသည်။  တရားနာပါ။
နရပတိ၊ ဦး (ဖြူးဆရာတော်)။ ခရီးသွား ခရီးနား တရား။ ရန်ကုန်၊ ၂၈ ဒီဇင်ဘာ ၁၉၉၆။
လောကီနှင့် လောကုတ္တရာ ခရီးသွားများအတွက် လိုအပ်ချက် သုံးရပ်၊ သံသရာခရီးတွင် ကြုံတွေ့ရမည့် ဒုက္ခလေးခု၊ ခရီးသွား တစ်ဆယ့်နှစ်ဦးနှင့် သွားရမည့်ယာဉ် (မဂ္ဂင်ရှစ်ပါး)၊ ခရီးလမ်း ဆုံး (နိဗ္ဗာန်)၊ သုံးဆယ့်တစ်ဘုံ၊ အပါယ်လေးပါးအကြောင်း၊ ဇာတိ၊ ဇရာနှင့် မရဏတို့၏ ဒုက္ခများနှင့်ပြည့်စုံသည့် ဝိပဿ နာ အားထုတ်မှုကို ပြုလုပ်ကြရန် အကြံပေးချက်စသည့် တရား များပါဝင်သည်။   တရားနာပါ။
နရပတိ၊ ဦး (ဖြူးဆရာတော်)။ မဟာသတိပဋ္ဌာန် တရားတော်။ ရန်ကုန်၊ ၂၃ ဒီဇင်ဘာ ၁၉၉၄။
တရားရရှိရန် သတိပဋ္ဌာန်၏ အရေးပါမှု၊ သတိပဋ္ဌာန်ကို ဖွင့်ဆို
ချက်နှင့် ဘာဝနာအကျိုးများကို ဖေါ်ပြဟောကြားထားသည်။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

Tuesday, February 12, 2013

ဘဝနေဟန် တရားမှန်(၁)

လူမိုက်ဟူသည်

မြတ်ဗုဒ္ဓက လူမိုက်ကို ရှောင်ကြဉ်ကြရန် မှာကြားတော်မူခဲ့သည်။ လူမိုက်ဟူသည် အောက်ပါလက္ခဏာ များ ရှိသူပင်တည်း။

  • အကြောင်းတစ်စုံတစ်ရာမရှိဘဲ အမျက်ဒေါသ ထွက်နေတတ်ခြင်း၊
ယင်းဒေါသကြောင့်ပင် ပစ္စုပ္ပန်ကာလတွင် ရန်သူပေါများတတ် သည်။ နောင်တမလွန်ဘဝ၌ကား အပါယ်လားရတတ်၏။
  • အကျိုးမရှိဘဲ အပြောင်းအလဲများတတ်ခြင်း၊
မိမိဘဝ၏ အချိန်နှင့် အတွေ့ အကြုံကို ဖြုန်းတီးနေခြင်း သက်သက်သာဖြစ်သည်။
  • ရည်မှန်းချက်မရှိဘဲ စပ်စုတတ်ခြင်း။
အမုန်းတရားကို ဖန်တီးနေခြင်းပင်ဖြစ်သည်။
  • မောဟအားကြီးသည့်အလျောက် သူစိမ်းတစ်ရံဆံကို ယုံကြည် လွန်းခြင်း။
မိမိ၊ မိမိ၏ မိသားစုနှင့် မိမိကျင်လည်ရာ အဖွဲ့ အစည်း၏ ဂုဏ်သိက္ခာ ကျဆင်းရတတ်သည်။
  • ရန်သူကိုမိတ်ဖွဲ့ တတ်ခြင်း။
မုန်းစကို ရှည်စေရုံမှတစ်ပါး အခြားမရှိပြီ။
သို့ ဖြစ်၍၊ အဖက်ဖက်တွင် သတိတရားလက်ကိုင်ထားကာ နေထိုင်
ပါလျှင် လူတော်လူကောင်းဖြစ်နိုင် သည်ကား ဧကန်မုချဖြစ်ပေသည်။ 

ကျမ်းကိုး။    ။ဇောတိက၊ ဦး (ပခုက္ကူလေယာဉ်ကွင်းဆရာတော်)။ " သောတာပန်စစ်တမ်း " တရားတော်။ ဆစ်ဒနီ၊ ၂ဝ၁၁။
 

Posted by အေးဆက်

Saturday, February 9, 2013

ဓမ္မပဒ ၃-၄ [ခုဒ္ဒကနိကာယ်]


၁- ယမကဝဂ္ဂ၊ အစုံဖြစ်သော တရားတော်များ  
၃- တိဿတ္ထေရဝတ္ထု  

အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။ 
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။
 
အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။

ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ။ ငါ့ကို ညှဉ်းဆဲဖူးပြီ။ ငါ့ကို အောင်နိုင် ဖူးပြီ။ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏။ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် မငြိမ်းအေးနိုင်။
 

ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ။ ငါ့ကို ညှဉ်းဆဲဖူးပြီ။ ငါ့ကို အောင်နိုင် ဖူးပြီ။ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်။ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်းနိုင်၏။
 

Posted by ဉာဏ်ဦး

Wednesday, February 6, 2013

ထေရဝါဒ ဟောဓမ္မ (၃)


ဇနကာဘိဝံသ၊ အရှင် (မဟာဂန္ဓာရုံဆရာတော်)။ အနာဂတ်သာ
သနာ (၁) တရားတော်။ [ခုနှစ်မပါ။] 

ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထ သင်္ဂါယနာ တင်ခြင်း အကြောင်းများနှင့် မြန်မာနိုင်ငံတွင် အရည်းကြီး သာသနာ
ပေါ်ပေါက်ထူထောင်လာခြင်း အကြောင်းတို့ကို ဖေါ်ပြဟော
ကြားထားသည်။  တရားနာပါ။
ဇနကာဘိဝံသ၊ အရှင် (မဟာဂန္ဓာရုံ ဆရာတော်)။ အနာဂတ်သာ
သနာ (၂) တရားတော်။ [ခုနှစ်မပါ။]
မှားယွင်းသော သာသနာပြုခြင်းနှင့် သာသနာတော် သန့်ရှင်း
ရေး အကြောင်းတို့ကို ရှင်းလင်းဟောကြား ထားသည်။ တရားနာပါ။
ဇောတိက၊ ဦး။ (ပခုက္ကူ လေယာဉ်ကွင်းဆရာတော်)။ ကုသိုလ်မပြည့် စုံက နောင်တရ။ ဆစ်နီ၊ ၂ မတ် ၂ဝ၁၁။
နောင်တသည်မည်မျှ ကြောက်စရာကောင်းပုံ၊ နောင်တအမျိုး
မျိုးနှင့် ပြည့်စုံသော ကုသိုလ် မပြုမိခြင်း၏ နောင်တတို့ကို ထင်ရှားပေါ်လွင်အောင် ရှင်းပြဟောကြားထားသည်။ တရားနာပါ။
ဇောတိက၊ ဦး။ (ပခုက္ကူ လေယာဉ်ကွင်းဆရာတော်)။ အငြိုးပြေ 
တရားတော်။ ဆစ်နီ၊ ၃ မတ် ၂ဝ၁၁။ 
သီလကျိုးပေါက်ခြင်း၊ အငြိုးအာဃာတ အမျိုးအစားများနှင့် အငြိုးဖြေဖျောက်နည်းတို့ကို ပြည့်စုံစွာ ဟောကြားထားသည်။ တရားနာပါ။
ပညာဝရ၊ အရှင် (ဓမ္မဒူတ၊ သိမ်ဇရပ်)။ မရင့်ကျက်သေးတဲ့ စိတ်။ ရန်ကုန်၊ ၅ အောက်တိုဘာ ၂ဝ၁ဝ။  
"မေဃိယ သုတ္တန်" ကို ကိုးကားလျက် အတွေ့အကြုံနှစ်မျိုး၊ ဝိတက်သုံးမျိုး၊ တရားအတွေ့အကြုံ ရင့်သန်စေသည့် အချက် များ၊ သုခခုနစ်မျိုး၊ တရားအားထုတ်ခိုက် အိပ်ငိုက်လာလျှင်
ဖြေဖျာက်နည်းများနှင့် တရားရှုမှတ်စဉ် လိုအပ်လျှင် သမထ အားထုတ်ခြင်း စသည့် အကြောင်းများကို ဖေါ်ပြဟောကြား ထားသည်။  တရားနာပါ။
ပညာဝရ၊ အရှင် (ဓမ္မဒူတ၊ သိမ်ဇရပ်)။ လက္ခဏာရေးသုံးပါး။ ရန်ကုန်၊ ၆ အောက်တိုဘာ ၂ဝ၁ဝ။  
အနိစ္စ၊ ဒုက္ခ၊ အနတ္တ တည်းဟူသော လက္ခဏာရေးသုံးပါး ရှုမှတ်ပုံကို နည်းပေးညွှန်ပြဟောကြား ထားသည်။  တရားနာပါ။ 

Posted by ဉာဏ်ဦး၊ အေးဆက်

Sunday, February 3, 2013

ဓမ္မသုတ (၁၇)


မဂ်  
ဘုရင်ထွက်တော်မူမည်ဆိုလျှင် ရှေ့ ပြေးရဲမက်များ ဦးစွာ ထွက်ရသည်။
လောကီမဂ် ရရှိပြီးမှသာလျှင် လောကုတ္တရာမဂ် ရရှိမည်ဖြစ် သည်။
<ဦးဝိမလ (မိုးကုတ်ဆရာတော်)။ ပေါ်သော စိတ်နှင့် ကိုယ့်
အသေ ကိုယ်ဝိပဿနာရှုနည်း တရားတော်>
မိမိအလုပ် မဂ်အလုပ် 
ဝါးစိမ်းနှစ်လုံးကို ပွတ်သော် ပူလာတတ်သည်။ နဂိုကပါလာ
သာ အပူမဟုတ်။ အားစိုက်မှုကြောင့် ပူ၍လာခြင်းဖြစ်သည်။ မီးသည်အလိုလို မထွက်၊ မီးထွက်အောင် လုပ်ယူရသည်။

မိမိ၏ စိတ်ကို အကဲခတ်ရမည်မှာ မိမိ၏ အလုပ်ဖြစ်သည်။
သောတာ
ပတ္တိမဂ်သည် မိမိ၏ အလုပ်မဟုတ်။ အားထုတ်မှု ရင့်သန်လာအောင် လုပ်ရန်မှာ မိမိ၏ တာဝန်ဖြစ်သည်။ ရင့်သန်လာသော် သူ့ ဘာသာသူလာသည်မှာ မဂ်၏ အလုပ် 
ဖြ
စ်သည်။

<ဦး ဝိမလ (မိုးကုတ်ဆရာတော်)။ ဝါးနှစ်လုံးပွတ်ဥပမာ တရားတော်>
ဖြစ်ပျက်နှင့် မဂ် 
ရေထဲမှ တက်လာသည့် ကြာပွင့်သည် လေ နေ စသည့် အကူ အညီနှင့် မတွေ့လျှင် စွင့်စွင့်ကားကား ပွင့်ခွင့်မရဘဲကြွေသွား မည်ဖြစ်သည်။
သာသနာနှင့် တွေ့ဆုံခြင်း၊ သစ္စာတရားနာနိုင်သူဖြစ်ခြင်းနှင့် သစ္စာတရား ဟောကြားနိုင်သူနှင့် တွေ့ဆုံခြင်းများရှိပါလျက်
ဖြစ်ပျက်နှင့် မဂ် ကိုက်ခြင်းတည်းဟူသော ဓမ္မာနုဓမ္မပဋိပတ္တိကို မပြုလုပ်နိုင်လျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိနိုင်မည် မဟုတ်ချေ။

<ဦး ဝိမလ (မိုးကုတ်ဆရာတော်)။ ဓမ္မာနုဓမ္မပဋိပတ္တိကင်း၍
မဂ်ဉာဏ် မရနိုင် တရားတော်>
ဖြစ်ပြီးပျက်ခြင်း
တုံးပေါ်တွင် ပေါက်လျက်ရှိသော မှိုသည် တုံးဆွေး၍ ပျက် သွားပါက မှိုပါပျက်သည်။ ဘုရားပြိုသော် ထီးတော်ပါပျက် သည်။
အကြောင်းချုပ်သော် အကျိုးလည်းချုပ်သည်။ ပျက်သင့်၍ ပျက်ခြင်းဖြစ်သည်။
<ဦး ဝိမလ (မိုးကုတ်ဆရာတော်)။ ဝေဒနာနုပဿနာရှုနည်း (၃) တရားတော်>
ဖြစ်ပျက်
သစ်ပင်ကိုစွဲကာ အရိပ်ဖြစ်ပေါ်လာသည်။
ရုပ်ကိုစွဲပြီး ဖြစ်ပျက်တည်းဟူသော အရိပ်ဖြစ်ပေါ်လာသည်။
<အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ)။ သင်္ခါရနှင့် လက္ခဏာအလုပ်ပေး တရားတော်>
Posted by အေးဆက်