ကြွက်လေးမျိုးတူစွာအားထုတ်ရာဝယ်
- စာပေကျမ်းဂန်များကို
သင်ကြားရုံသာ သင်ကြားထားပြီး
တရားအားမထုတ်လျှင် အန္တရာယ်
မကင်းဘေးမရှင်း တွင်းသာတူးတတ်၍
မအောင်းတတ်သော ကြွက်နှင့်
တူလေသည်။
- စာပေကျမ်းဂန်
မတတ်သော်ငြားလည်း ဉာဏ်ဖြင့်
မှတ်သား ကူးယူပြီး အားထုတ်သဖြင့်
မဂ်ဉာဏ်
ဖိုလ်ဉာဏ်ရရှိသူသည်
တွင်းမတူးတတ်သော်လည်း
တူးပြီးသားတွင်းကိုအောင်း
တတ်သော
ကြွက်နှင့် တူလေသည်။
- စာပေကျမ်းဂန်လည်း
မတတ်၊ ကျင့်ကြံအားထုတ်မှုလည်း
မရှိသဖြင့် ဘာမျှမရသော သူသည် တွင်းလည်းမတူး တတ်၊ အောင်းလည်း မအောင်းတတ်သော
ကြွက်နှင့် တူလေသည်။
- စာပေကျမ်းဂန်လည်း
တတ်၊ ကျင့်ကြံအားထုတ်မှုလည်း
ရှိသဖြင့် အန္တရာယ်ကင်း၍ ဘေးရှင်းခြင်းရှိသော
ထို အကောင်းဆုံးသူသည်
တွင်းလည်းတူးတတ်၊ အောင်း
လည်းအောင်း
တတ်သော
ကြွက်နှင့်တူသည်။
<
ဦးဝိမလ
(မိုးကုတ်ဆရာတော်)၏
'ကြွက်လေးမျိုးဥပမာ တရားတော်'
>
လိပ်ပမာတရားအားထုတ်ရာ
လိပ်သည်
မည်သည့်အပေါက်မှ လာသည်ဖြစ်စေ
လိပ်ခုံးအောက်သို့သာ
ဆွဲသွင်းတတ်သည်။
တရားအားထုတ်သော
ပုဂ္ဂိုလ်သည်လည်း လာသမျှ
အာရုံကို
ဉာဏ်အောက်သို့သာ သွင်းယူရမည်။
<
ဦးဝိမလ
(မိုးကုတ်ဆရာတော်)၏
'တရားအားထုတ်သော ပုဂ္ဂိုလ်တို့သည်
လိပ်ကဲ့သို့ကျင့်ရမည်
တရားတော်'
>
Posted
by ဉာဏ်ဦး၊
အေးဆက်
ကံခြောက်မျိုး
တရားတော် /
ဦး
ဝိမလ (မိုးကုတ်ဆရာတော်)
မိုးကုတ်၊
ဒီဇင်ဘာ ၆၊ ၁၉၅၉။
ကံကိုသိခြင်း၊
ကံဖြစ်ကြောင်း၊ ကံအထူး၊
ကံအကျိုး၊ ကံအဆုံး၊ ကံဆုံးစေသော
အကျင့်နှင့် ဝဋ်လည်ပတ်ပုံတို့ကို ဖေါ်ပြဟော ကြားထားသည်။
တရားနာပါ။
ခေမာမိဖုရား၏
မဂ်ဖိုလ်ရပုံ တရားတော် /
အရှင်
ဇနကာဘိဝံသ (မဟာဂန္ဓာရုံ
ဆရာတော်)
[ခုနှစ်မပါ]
လူ့ဘဝကို ရရှိပြီး မိဘကောင်းနှင့် ဆရာသမားကောင်းများနှင့်
တွေ့ဆုံရခိုက်တွင် တရားအသိရရှိအောင်
ကြိုးစားကြရန်နှင့်
ဘာသာသာသနာဆိုင်ရာ လုပ်ငန်းများကို
ပြုလုပ်ကြရန် "ခေမာမိဖုရား"အား ဥပမာထားကာ အကြံပေးဟောကြား
ထားသည်။
တရားနာပါ။
ခြောက်ဌာနတရားတော်
/
ဦး
ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး
ဆရာတော်)
ရန်ကုန်၊
အောက်တိုဘာ ၁၉၊ ၂ဝဝ၆။
ခန္ဓာဉာဏ်ရောက်တရားနာခြင်း၊
ဒိဋ္ဌိပယ်သတ်နည်းများ၊
ရှာမှီးခြင်း သုံးမျိုး (ကာမ၊
ဘဝနှင့် ဓမ္မ)၊
ဖယ်ရှားရမည့် ပပဉ္စတရား (တဏှာ၊
မာနနှင့် ဒိဋ္ဌိ)
စသည့်
တရားများ ပါရှိသည်။
တရားနာပါ။
တရားကိုမှ
မြတ်နိုးသူ /
အရှင်
ဣန္ဒာစာရာဘိဝံသ၊ ရန်ကုန်၊
၁၃၆၄။
တရားရရှိနိုင်သော
ပုဂ္ဂိုလ်အမျိုးအစားများနှင့်
တရားကို ပူဇော်ခြင်း
အကျိုးကျေးဇူးများကို ဖေါ်ပြဟော
ကြားထား
သည်။
တရားနာပါ။
ဒုက္ခခြောက်မျိုး
တရားတော် /
ဦး
ဝိမလ (မိုးကုတ်ဆရာတော်)
မိုးကုတ်၊
ဒီဇင်ဘာ ၇၊ ၁၉၅၉။
ဒုက္ခကိုသိခြင်း၊
ဒုက္ခဖြစ်ကြောင်း၊ ဒုက္ခအထူး၊
ဒုက္ခအကျိုး၊ ဒုက္ခ၏ အဆုံး (နိဗ္ဗာန်)
နှင့် ဒုက္ခဆုံးစေသော အကျင့်စသည် တို့ကို
ဟောကြားထားသည်။
တရားနာပါ။
ပုဏ္ဏားခြောက်ယောက်
တရားတော် /
အရှင်
ဇနကာဘိဝံသ (မဟာဂန္ဓာရုံ
ဆရာတော်)
[ခုနှစ်မပါ]
နတ်နှင့်
ဗြဟ္မာတို့ ဖြစ်ပုံဖြစ်နည်း၊
အသုံးမကျသော ခန္ဓာမှ နိဗ္ဗာန်ကို
မျက်မှောက်ပြုကြောင်းဖြစ်သည့်
အနှစ်သာရကို ထုတ်ယူကြရန်
အကြံပြုချက်တို့ကို
ရှင်းလင်းဖေါ်ပြထား
သည်။
တရားနာပါ။
မီးသတိပြု
/ ဘဒ္ဒန္တ
သိရိန္ဒာဘိဝံသ (ယောဆရာတော်)
[ခုနှစ်မပါ]
မြတ်ဗုဒ္ဓ၏
နောက်ဆုံးစကားတော် နှစ်ခွန်းဖြစ်သော
"အပ္ပမာဒေန
သမ္ပါဒေထ"
နှင့်စပ်လျဉ်း၍
ထင်လင်းအောင် ရှင်းပြဟောကြားထားသည်။
တရားနာပါ။
မေတ္တာစွမ်းအား
နေ့စဉ်ပွား /
အရှင်
ဣန္ဒာစာရာဘိဝံသ၊ ရန်ကုန်၊
၁၃၅၈။
မေတ္တာနှင့်
ပတ်သက်ကာ ပေါ်လွင်အောင် ဖေါ်ပြရာတွင်
အဓိပ္ပါယ်၊ မေတ္တာဘာဝနာနှင့်
အကျိုးတို့ပါရှိပြီး
မေတ္တာသုတ်၊ ကုလသုတ်၊ သြဃသုတ်နှင့်
ဝေလာမသုတ် စသည်ဖြင့်
သုတ္တန် အမျိုးမျိုးကို
ကိုးကားဟောကြားထားသည်။
တရားနာပါ။
မေတ္တာတရား
လူ့စွမ်းအား (၁)
/ ဘဒ္ဒန္တ
သိရိန္ဒာဘိဝံသ (ယော ဆရာတော်)
ရန်ကုန်၊
ဖေဖေါ်ဝါရီ ၂၊ ၁၉၉၆။
မြတ်သောသူတို့၏
အပြုအမူ လေးရပ်ဖြစ်သော
သည်းခံခြင်း (ခန္တီ)၊ ကရုဏာ၊ မုဒိတာနှင့် မေတ္တာ တရားများကို ရှင်းလင်း
ဟောကြားထားသည်။
တရားနာပါ။
ဝိပဿနာတစ်ချက်ရှုတိုင်း
ကိလေသာ ပါးပါးသွားရင်း
အပါယ်တံခါး ပိတ်ပုံ /
ဦး
ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး
ဆရာတော်)
ရန်ကုန်၊
စက်တင်ဘာ ၂၆၊ ၂ဝဝ၆။
ဝိပဿနာကျင့်စဉ်သည်
ကိလေသာကို တဖြည်းဖြည်း
ပါးသွားစေကာ အပါယ်ကျခြင်းမှ
တားဆီးနိုင်ပုံကို
ရှင်းလင်းဖေါ်ပြထားသည်။
တရားနာပါ။
Posted
by ဉာဏ်ဦး၊
အေးဆက်
နေနှင့်တူစွာ ကျင့်ကြံပါ။
- နေ၏ အပူရှိန်သည် ရေကို ခန်းခြောက်စေသည်။ တရား
အားထုတ် သူသည် အရှုအမှတ်စိတ်ဖြင့် ကိလေသာများ နည်းပါးခြောက်ခန်းသွားအောင် အားထုတ်ရမည်။
- နေရောင်ခြည်၏ အစွမ်းသတ္တိကြောင့် နေထွက်လာလျှင် အမှောင်ပျောက်သွားသည်။ နေရောင်ခြည်သည် အမှောင်
ထုကို ဖြိုခွင်းသည်။ တရားဓမ္မအလင်းရောင်ဖြင့် ကိလေသာ အမိုက်မှောင်ကို ပယ်ရှင်းရမည်။
- နေသည် တစ်နေရာတည်းတွင် ရပ်တံ့ကာနေသည်ဟူ၍ မရှိ။ တရွေ့ရွေ့အဆက်မပြတ်နေ့စဉ်လစဉ် မရပ်မနား တသွား
တည်း သွားနေသော သဘာဝရှိ၏။ တရားကျင့်ကြံအားထုတ် သူသည်လည်း အဆက်မပြတ်နှလုံးသွင်းမှု၊ အားထုတ်မှု ရှိနေရမည်။
- နေ၏ အပူစွမ်းအင်သည် လူတို့အား နွေးထွေးသော အကျိုး ကိုပေးသည်။ တရားအားထုတ်သူများတွင် ဣနြေ္ဒငါးပါး စွမ်းအားရှိငြားက တရားထိရောက်တိုးတက်သော အကျိုးရှိ၏။
- နေ၏ အလင်းရောင်သည် အကောင်းအဆိုးကို ဝေဖန်ပြသည်။ တရားအားထုတ်သူသည်လည်း တရားနည်းလမ်းမှန်ကို သိနေရမည်။ ဉာဏ်ဖြင့် အကောင်းအဆိုးကို ဝေဖန်နိုင်ရမည်။
- နေသည်ရာဟုအသူရိန်ဖမ်းသည့်အခါ ပျောက်ကွယ်ရသည်။
နေသည်ရာဟုအသူရိန်ကို ကြောက်သကဲ့သို့ တရားအားထုတ်
သူသည် အပါယ်သို့ လားစေမည့် ယွင်းမှားသော အယူဝါဒများ ကို ကြောက်လန့် နေရမည်။
- နေ၏ ဘေးတွင် ရောင်ခြည်စက်ဝန်း ရှိသည်။ တရားအားထုတ် သူတွင်လည်း ရှုမှတ်စရာ တရားအာရုံတည်းဟူသော
ရောင်ခြည်စက်ဝန်း ရှိနေရမည်။
- နေကို အတုယူကျင့်ကြံအားထုတ်သူသည် နိဗ္ဗာန်ကို
မျက်မှောက်ပြုနိုင်သည်။
< ဒေါက်တာအရှင် ပညိဿရ၏ 'နေနှင့်တူစွာ ကျင့်ကြံပါ တရားတော်' >
Posted by ဉာဏ်ဦး၊ အေးဆက်
ကာမသမုဒယမှ
ဘ၀သမုဒယသို့/
ဝနဝါသီ
အရှင် ဉေယျဓမ္မသာမိ
(မဟာဗောဓိမြိုင်ဆရာတော်)
ဇွန်
၂၁၊ ၁၉၉၇။
လူ၊
နတ်နှင့် ဗြဟ္မာတို့တွင်
ကိလေသာ၊ ကမ္မနှင့် ဝိပါကဝဋ်
သုံးဝတို့ လည်ပတ်နေပုံကို
"ပဋာစာရီ"
ဇာတ်ကြောင်းအား
အကိုးအကားပြုလျက် ဟောကြားထားသည်။
ထို့ပြင်၊ လောကီ သမုဒယသစ္စာမှ
လောကုတ္တရာ မဂ္ဂသစ္စာသို့  ပြောင်းလဲကြရန်
ကိုလည်း
တိုက်တွန်းထားသည်။
တရားနာပါ။
ကိုယ့်ကိုချစ်လျှင်
ကိုယ်ပြုပြင် /
ဒေါက်တာအရှင်
ဆေကိန္ဒ (ဓမ္မဒူတ)
ရန်ကုန်၊
မတ် ၂၊ ၂ဝဝ၂။
"ဇောတိကကုမာရ"
ဇာတ်ကြောင်းကို
ကိုးကားလျက် မိမိ
ကိုယ် မိမိ
စောင့်ရှောက်ရာတွင် သတိတရား အရေးပါသည့် အကြောင်းကို
ဖေါ်ပြဟောကြားထားသည်။
တရားနာပါ။
တဏှာအပ်ချုပ်သမား
ဥပမာပြ (၁)
/ ဦး
ဝိမလ (မိုးကုတ်ဆရာတော်)
မိုးကုတ်၊
နိုဝင်ဘာ ၃ဝ၊ ၁၉၅၉။
ဒုက္ခ အဆက်မပြတ်
ဖြစ်စေသော တရားခံ တဏှာ၊
တဏှာ
ပယ် သတ်ရန် အရေးကြီးပုံနှင့်
ပယ်သတ်ခြင်း၊ တဏှာတွယ် ကပ်ရာနေရာများစသည်တို့ကို ဖေါ်ပြဟောကြားထားသည်။
တရားနာပါ။
တဏှာအပ်ချုပ်သမား
ဥပမာပြ (၂)
/ ဦး
ဝိမလ (မိုးကုတ်ဆရာတော်)
မိုးကုတ်၊
ဒီဇင်ဘာ ၁၊ ၁၉၅၉။
အတိတ်၊
ပစ္စုပ္ပန်နှင့် အနာဂတ်ဘ၀များကို
ဆက်စေပြီးနိဗ္ဗာန်ကို
မျက်မှောက်ပြုခြင်းမှ
တားမြစ်သော တဏှာ အကြောင်းကို
ရှင်းလင်းအောင် ဟောကြားထားကာ
တဏှာပယ်သတ်နည်း ကိုလည်း
ဖေါ်ပြထား၏။
တရားနာပါ။
ဒုက္ခကို
ဒုက္ခမှန်း သိဖို့လိုတယ် /
ဝနဝါသီ
အရှင် ဉေယျဓမ္မသာမိ
(မဟာဗောဓိမြိုင်ဆရာတော်)
ဇွန်
၂ဝ၊ ၁၉၉၇။
နိဗ္ဗာန်၏
ဆိုလိုရင်း၊ ကံ၊ ကမ္မနိမိတ်နှင့်
ဂတိနိမိတ်တို့နှင့်
အတူ
ဒုက္ခကို သိရှိအောင် ပြုလုပ်ကြရန်
လမ်းညွှန်ချက်
များ
ပါရှိသည်။
တရားနာပါ။
ဒုက္ခနှင့်စပ်
သိရန်(၆)ရပ်
/
အရှင်
ပညာဇောတ
(တောင်စွန်း၊
ဓမ္မဒူတ)
ရန်ကုန်၊
၁၃၅၉။
ဒုက္ခသိရန်အရေးပါမှု၊
ဒုက္ခသိပုံ အမျိုးမျိုး၊
ဒုက္ခနှင့် စပ်လျဉ်း
ပြီး သိရှိသင့်သော အချက်ခြောက်ခု _
(၁)
ဒုက္ခ
ကိုသိခြင်း၊ (၂)
ဒုက္ခဖြစ်ကြောင်း
(သမုဒယသစ္စာ)၊
(၃)
ဒုက္ခအထွေထွေ၊
(၄)
ဒုက္ခ၏အကျိုး၊
(၅)
ဒုက္ခအ
ဆုံး နှင့် (၆)
ဒုက္ခဆုံးကြောင်း
ကျင့်စဉ် (နိဗ္ဗာန်ကို
မျက်မှောက်ပြုခြင်း)
စသော
တရားများ ကို ဟောကြား ထားသည်။
တရားနာပါ။
မသိဘေးနှင့်
အမှားဘေး /
အရှင်
ပညာဇောတ (တောင်စွန်း၊
ဓမ္မဒူတ)
ရန်ကုန်၊
၁၃၅၉။
ပုထုဇဉ်တို
့တွင်ရှိသော မသိမှုအ၀ိဇ္ဇာနှင့် အယူမှားဒိဋ္ဌိ
ဘေးနှစ်မျိုးတို
့နှင့် ယင်းတို့ကို
ဝိပဿနာ ကျင့်စဉ်ဖြင့်
ဖယ်ရှားပုံတို့ကို ရှင်းပြထားပြီး
သောတာပန်တည်ကြောင်း
အင်္ဂါလေးပါးနှင့် ဗုဒ္ဓ၏ စကားတော် သုံးခွန်းတို့ကိုလည်း
ဟောကြားထားသည်။
တရားနာပါ။
လေးဖြာသြဃ
ကျော်လွှားကြ /
ဘဒ္ဒန
ၻဇနိတာလကၤာရ။
ရန်ကုန်၊
ဩဂုတ် ၉၊ ၂ဝဝ၇။
သြဃလေးပါး
အကြောင်းကို ထင်လင်းအောင်
ဖေါ်ပြ
ထားပြီး ယင်းတို့ကို
ကျော်လွှားပုံကိုလည်း ဟောကြား ထားသည်။
တရားနာပါ။
အာသဝပယ်မှ
ချမ်းသာရ /
ဘဒ္ဒန
ၻဇနိတာလကၤာရ။
ရန်ကုန်၊
ဩဂုတ် ၁ဝ၊ ၂ဝဝ၇။
အာသဝတရား
လေးပါးကို ပေါ်လွင်အောင်
ရှင်းပြထားပြီး ယင်းတို့ကို
ပယ်သတ်ရန် နည်းလမ်းများကိုလည်း
ညွှန်ပြ ထားသည်။
တရားနာပါ။
ဣနြေ္ဒမရှိ တရားမသိ /
ဒေါက်တာအရှင်
ဆေကိန္ဒ(ဓမ္မဒူတ)
မှော်ဘီ၊
နိုဝင်ဘာ ၇၊ ၂ဝဝ၁။
ဣနြေ္ဒတရားနှင့်
စပ်လျဉ်း၍ ထင်ရှားပေါ်လွင်အောင်
ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။
Posted
by ဉာဏ်ဦး၊
အေးဆက်