Wednesday, September 28, 2011

ဓမ္မသာကစ္ဆာ (၃)


အသေမမေ့သူ
ယက္ကန်းသည်မလေး တစ်ဦးသည် "အသက်ရှင်ခြင်းသည်မမြဲ၊ သေခြင်းတရားသည်သာမြဲသဖြင့် မမေ့ကြရန် အကြောင်း" ဗုဒ္ဓ၏ တရားတော်ကို ကာလတစ်ခု၌ နာကြားခဲ့ရဖူးလေသည်။ ထိုအချိန် မှစ၍ သေခြင်းတရားကို မပြတ်ဆင်ခြင်လျက်သာနေလာခဲ့၏။ နှစ်အနည်းငယ်ကြာသော်၊ ထို သတို့သမီးနေထိုင်ရာအရပ်သို့ ဘုရားရှင် ကြွရောက်တော်မူလာခဲ့သည်။ သို့ သော်၊ ယက္ကန်းသည် မလေးသည် မအားလပ် လွန်းရကား တရားနာသွားခွင့် မသာချေ။ ဖခင်၏ စေခိုင်းချက်အရ အိမ်မှယက်ဖေါက် သွားယူအပြီး ယက္ကန်းစင်သို့  ပြန်လာခဲ့စဉ် တရားပွဲနားအရောက်တွင် တရား နာလိုသောစိတ်ကြောင့်ရပ်ကာနေမိရှာ၏။ ဘုရားရှင်က ခေါ်တော်မူသဖြင့် ၀င်ရောက် ထိုင်လိုက် အပြီးတွင် ဘုရားရှင်နှင့် အပြန်အလှန် စကားဆိုခဲ့ကြသည်။

မြတ်စွာဘုရား........... ချစ်သမီး ဘယ်ကလာတာလဲ။
ယက္ကန်းသည်မလေး... မသိပါဘုရား။
မြတ်စွာဘုရား........... ဘယ်ကိုသွားမှာလဲ။
ယက္ကန်းသည်မလေး... မသိပါဘုရား။
မြတ်စွာဘုရား........... မသိဘူးလား။
ယက္ကန်းသည်မလေး... သိပါတယ်ဘုရား။
မြတ်စွာဘုရား........... သိရဲ့လား။
ယက္ကန်းသည်မလေး... မသိပါဘုရား။

တရားနာ ပရိဿတ်များသည် ယက္ကန်းသည်မလေး၏ အဖြေစကားများကို ဘ၀င်မကျ နားမရှင်း
ဖြစ်ကြသည်။ ဘုရားရှင်ကို မေးမြန်းကြသဖြင့်ယက္ကန်းသည်မလေးကို ပြန်လည်ဖြေကြားစေတော်
မူသည်။

မြတ်စွာဘုရား........... ချစ်သမီး၊ သင်ဟာ အိမ်ကပြန်လာတာ ဖြစ်ပါလျက် "ဘယ်က 
လာတာလဲ" ဆိုတဲ့ငါဘုရားရဲ့ အမေးကို "မသိပါ" လို့ ဘာကြောင့်ဖြေရတာလဲ။
ယက္ကန်းသည်မလေး... သဗ္ဗညုတဥာဏ်တော်အရှင်သူမြတ်ဘုရားသည် ဤအမေးကို
အကြောင်းမဲ့မေးတော်မူသည်ဟုမယူဆပါ။ ဘယ်ဘ၀ကလာကြောင်းမေးတာဖြစ်တယ်လို့ မှတ်ယူမိတဲ့အတွက်"မသိပါ"ဟုဖြေခဲ့ပါတယ်အရှင်ဘုရား။
မြတ်စွာဘုရား........... "ဘယ်ကိုသွားမှာလဲ" ဆိုတာကို ဘာကြောင့် "မသိပါ" လို့  ဖြေသလဲ။
ယက္ကန်းသည်မလေး... သေလွန်ပြီးတဲ့နောက်မှာဘယ်ဘ၀ကိုသွားမှာလဲဆိုတာကိုမေးတော် 
မူတာဖြစ်တဲ့အတွက်မသိကြောင်း ဖြေတာဖြစ်ပါတယ်အရှင်ဘုရား။
မြတ်စွာဘုရား........... "မသိဘူးလား" ဆိုတာကို "သိပါတယ်" လို့  ဖြေတာကျတော့ကောချစ်သမီး။
ယက္ကန်းသည်မလေး... "သေမယ်ဆိုတာမသိဘူးလား" လို့  ဆိုလိုတဲ့အတွက် "သိပါတယ်" 
လို့ ဖြေတာဖြစ်ပါတယ်အရှင်ဘုရား။
မြတ်စွာဘုရား........... "သိရဲ့လား" မေးတော့ "မသိဘူး" လို့ ဆိုပြန်တယ်။ ဘာကြောင့်လဲ။
ယက္ကန်းသည်မလေး..."ဘယ်အချိန်မှာသေမယ်ဆိုတာသိရဲ့လား" လို့ မေးတာကြောင့် မသိတဲ့ 
ကြောင်းဖြေတာသာဖြစ်ပါတယ်အရှင်ဘုရား။
မြတ်စွာဘုရား........... ဒီမျှဆိုပရိဿတ်အပေါင်းတို့ ရှင်းလင်းလောက်ပြီဖြစ်တယ်။ သင်တို့ 
သည်လဲ ဒီယက္ကန်းသည်မလေးလိုပဲ ကိုယ့်အသေကိုယ်ဘယ်သောအခါမှမမေ့ကြဖို
ငါဘုရား အထူးမှာကြားတော်မူလိုတယ်။
ပရိဿတ်များ........... မှန်လှပါအရှင်ဘုရား။
သာဓု.... သာဓု.... သာဓု

Posted by အေးဆက်

Saturday, September 24, 2011

ထေရဝါဒ ဓမ္မ အသံစု (၃၄)



ခုရှု ခုငြိမ်း တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၁၊ ၂၀၀၅။
ခန္ဓာ၊ အာယတန၊ ဓါတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ် အစရှိသော အရှုခံတရားများကို ပစ္စုပ္ပန်
တည့်
တည့် ရှုကြည့်နည်းကိုသေချာစွာရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
စိုက်ပျိုးရေးကို ရပ်ချင်လို့ / အရှင် ဣန္ဒာစာရာဘိဝံသ၊ လှည်းကူး၊ မတ် ၁၇၊ ၂၀၀၅။
ဗီဇသုတ္တန်ကို ညွှန်းဆိုလျက် အပင်ပေါက်နိုင်သော အစေ့ငါးမျိုး၊ အစေ့မှ အပင်ပေါက်
ရန်
လိုအပ်သည့် အခြေအနေများနှင့် ဗုဒ္ဓပေးသော ဥပမေယျတို့ကိုဟောကြားထားပြီး၊
ရာဂကို ပယ်သတ် ကြရန်ကိုလည်း တိုက်တွန်းထားသည်။
တရားနာပါ။
စိတ်ကောင်းထားက မိတ်ကောင်းရ / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ပဲခူး၊
ဇန္နဝါရီ ၃၀၊ ၁၉၉၈။
စိတ်ထားကောင်းမွန်ခြင်းသည် ဘ၀၏အကြီးမားဆုံး အင်အားဖြစ်ပုံ၊ ဘေးငါးပါး၊ မိမိ
ကိုယ်မိမိ သိသူ၏ စွမ်းအား၊ လူ့ ဘ၀၏ ရလဒ်သုံးမျိုး၊ ကုသိုလ်၏ အကျိုးများနှင့် စိတ်ကောင်းထားခြင်း
ကြောင့် မိတ်ဆွေကောင်းရရှိခြင်း အစရှိသော တရားများပါဝင်
သည်။
တရားနာပါ။
ဓမ္မနှင့် အနုဓမ္မရှင်း တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ၁၉၅၆။
ဓမ္မနှင့် အနုဓမ္မတို့၏ ဆိုလိုရင်းကိုဟောကြားထားပြီး၊ အနုဓမ္မကျင့်ခြင်းဖြင့် ဓမ္မဖြစ်စေ
ကြ
ရန် အကြံပြုထားသည်။ ထို့အတူ၊ ယခုဘ၀ နိဗ္ဗာန်ရရှိမည့်ပုဂ္ဂိုလ်နှင့် မရရှိမည့်
ပုဂ္ဂိုလ်တို့၏
ကွာခြားချက်ကိုလည်း ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။
နေ့စဉ်အလုပ်ကို လုပ်မှာလား၊ နေစဉ်အလုပ်ကို လုပ်မှာလား / အရှင် ဣန္ဒာစာရာဘိဝံသ၊ အင်းတိုင်၊ ဇူလိုင် ၉၊ ၂၀၀၄။
လူ့ဘ၀၏ အလုပ်နှစ်မျိုးဖြစ်သော နေ့စဉ်အလုပ်နှင့် နေစဉ်အလုပ် (ဒါန၊ သီလ၊ သမထ
နှင့် ဝိပဿနာ
) တို့ ကိုတော်ဒေးယျသူဋ္ဌေး၊ သားသတ်သ္မားနှင့်အိမ်ရှင်မထေရိကာတို့ 
၏ ဇာတ် ကြောင်းများကို ကိုးကားလျက် ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။
ပေါရိသာဒဇာတ်တော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) ပဲခူး၊ နိုဝင်ဘာ ၂၃၊ ၁၉၇၅။
သံသရာမှ ကျွတ်တမ်းဝင်ရန် မည်သို့ ဆောင်ရွက်ရမည်ကို ပေါရိသာဒဇာတ်ကြောင်း
ကိုးကါး ချက်ဖြင့်ဟောကြားထားသည်။
တရားနာပါ။
ရွှေဟင်္သာမင်း တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) ပဲခူး၊ နိုဝင်ဘာ ၂၃၊ ၁၉၇၅။
သူတော်ကောင်းတို့၏ အပြုအမူကိုဟောကြားထားပြီး၊ သူတော်ကောင်းတစ်ဦးဖြစ်စေ
ရန်
အစဉ်ထာဝရ မကောင်းမှုကိုရှောင်ကြဉ်ကာကောင်းမှုကို ပြုလုပ်ရမည်ဖြစ်ကြောင်း
ကိုဘုရားအလောင်းတော်တေမိမင်းနှင့် ရွှေဟင်္သာမင်းဇာတ်တော်များကိုသာဓကပေး
၍ ဟောကြား ထားသည်။
တရားနာပါ။
ဝိပဿနာရှုသော ပုဂ္ဂိုလ်တို့၏ မှတ်တိုင်တရား / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ နိုဝင်ဘာ ၁၂၊ ၁၉၅၆။
မိမိကိုယ်မိမိ စစ်ဆေးနိုင်သူနှင့် စစ်ဆေးနည်းနှစ်မျိုးဖြစ်သော ၀ိပဿနာသမ္မာဒိဋ္ဌိနှင့်
မဂ္ဂ
သမ္မာဒိဋ္ဌိတို့ကို ရှင်းလင်းဟောကြားထားသည်။ ထို့ပြင်၊ ဘုရားရှင်နှင့် ဓနမောဂ္ဂလ္လာ
နပုဏ္ဏား
တို့၏ ဆွေးနွေးစကားကို သာဓကထားကာ အားထုတ်ရာ၌နောက်ဆုတ်ခြင်း
မပြုဘဲ
ဝိပဿနာ သမ္မာဒိဋ္ဌိမှမဂ္ဂ သမ္မာဒိဋ္ဌိသို့ ရောက်အောင်ဆက်လက် ကြိုးပမ်းကြ
ရန် တိုက်တွန်း
ဟောကြားထားသည်။
တရားနာပါ။
သတ္တိနှင့် ဗျတ္တိ တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၄၊ ၂၀၀၅။
ပစ္စယသတ္တိ၊ လောကဓမ္မနှင့် သမင်္ဂီတို့ကိုဟောကြားထားသည်။ ထို့ပြင်၊ သတ္တိနှင့်
ဗျတ္တိနှစ်မျိုးစလုံးရှိစေရန်နှင့် သတိ၊ ဝီရိယ၊ ပညာတို့ ဖြင့် ဝိပဿနာကျင့်ကြံအားထုတ်
ကြရန်ကို
လည်း တိုက်တွန်းဟောကြားထားသည်။ တရားနာပါ။
အသီးတစ်ရာ အညှာ တစ်ခု / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈၊ ၁၉၉၉။
သံသရာတွင် မရှိမဖြစ်သော ပမာဒ-သတိတရား၊ မေ့လျော့ခြင်း-အပ္ပမာဒတရား၏ ဆိုး
ကျိုးများ၊ ခန္ဓာ၏ အမေးပုစ္ဆာသုံးရပ်နှင့် မိမိတို့ မည်သို့ ဆောင်ရွက်သင့်ကြောင်း စသော တရားများကို ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Wednesday, September 21, 2011

ဓမ္မသုတ [၃]



ဒါန ကုသိုလ် အကျိုး
မြတ်စွာဗုဒ္ဓ၊ ပစ္စေက၊ ဗုဒ္ဓသာဝကတို့ မှာ၊ လှူဒါန်းရတာ၊ ညံ့ဖျင်းတာ၊ ဘယ်ခါမရှိပါ။
အကျိုးပေးတာ၊ အလွန်သာ၊ လွန်စွာကြီးလှ၊ တွက်ကြောင့်ပါ။
စိတ်ကြည်လင်က၊ ညံ့ဖျင်းရ၊ ဒါနဆိုတာမရှိပါ။
<ဦးပညာဇောတ ၏ လှူကျိုးသိမူ အသက်စွန့် လှူ တရားတော်မှ>
သပ္ပုရိသအလှူ
လှူဖွယ်ဖြာဖြာ၊ စင်ကြယ်စွာ၊ ပြုကာပြင်ကာလှူ ဒါန်းသည်။
လှူဖွယ်ဖြာဖြာ၊ ရို သေစွာ၊ စိတ်မှာထား၍လှူ ဒါန်းသည်။
ကိုယ်တိုင်ကိုင်ကာ၊ လက်နှင့်သာ၊ သေချာကပ်ကာလှူ ဒါန်းသည်။
စွန့် ပစ်ပမာ၊ မလှူပါ၊ သေချာ စိတ်စိုက်လှူ ဒါန်းသည်။
ကောင်းကျိုးရောက်မှာ၊ ပြစ်ရှိကာ၊ သေချာရေးယူလှူ ဒါန်းသည်။
<ဦးပညာဇောတ ၏ လှူကျိုးသိမူ အသက်စွန့် လှူ တရားတော်>
သပ္ပုရိသဒါန
စင်ကြယ်မွန်မြတ်၊ လျောက်ပတ်သောခါ၊
ရွေးချယ်အပ်စပ်၊ မပြတ်လှူရာ၊
လှူဆဲတသီး၊ လှူပြီးပြန်ခါ၊
ဝမ်းမြောက်လှ ဒါနသပ္ပုရိသ။
<အရှင်ဇနကာဘိဝံသ ၏ ချမ်းသာလေးပါးတရားတော်>
ချို့ တဲ့သောဒါနအကျိုး
လှူထွေရှေးရှု၊ ဥာဏ်နှင့်ချို့ ၍၊ တွန့် တိုပိုက၊ ပထမအရွယ်၊ နောင်အခါမယ်၊ ရုပ်ဝယ်ဆိုးဝါး ဆင်းရဲမည်။
လှူနေဆဲမှာ၊ တွန့် တိုပါသော်၊ အင်္ဂါချို့ သွယ်၊ ဂုဏ်မဲ့နွယ်၊ တင့်တယ်ရုပ်ဆိုးဖြစ်တတ်သည်။
လှူပြီးနောက်မှာ၊ ချို့ တဲ့ပါသော်၊ နောင်ခါသမီးသား၊ မဲ့ကုန်ငြား၊ ပုညနိမ့်ကျဖြစ်တတ်သည်။
<ဦးပညာဇောတ ၏ ၀ိပဿနာမခက် ဒါနခက် တရားတော်>
လှူရန်ခဲယဉ်းပုံ
မိမိဥစ္စာ၊ နှစ်သက်စွာကို၊ စိတ်မှာရွှင်ကြည်၊ ပေးလှူမည်၊ ကြံစည်ခဲယဉ်းသည်။
ကြံစည်နိုင်လျက်၊ တဆင့်တက်၍၊ နှုတ်ထွက်လှူမယ်၊ ပြောဖို့ ကွယ်၊ တကယ်ခဲယဉ်းသည်။
ပြောတော့ပြောနိုင်၊ လက်ကကိုင်၍၊ ကိုယ်တိုင်သေချာ၊ လှူဖို့ ရာ၊ လွန်စွာခဲယဉ်းသည်။
ကိုယ်တိုင်ကိုင်ကာ၊ လှူနိုင်ပါလျက်၊ နောင်ခါနောင်တ၊ မပူကြ၊ လွန်စွာခဲယဉ်းသည်။
<ဦးပညာဇောတ ၏ ၀ိပဿနာမခက် ဒါနခက် တရားတော်>
လှူသူနှင့် မလှူသူ 
နှမျောသောသူ၊ စွန့် ကြဲလှူ၊ သေမူယူသွားရ။
မနှမျောသူ၊ မပေးလှူ၊ သေမူထားခဲ့ရ။
<
ဦးပညာဇောတ ၏ ၀ိပဿနာမခက် ဒါနခက် တရားတော်>
လှူချမ်းသာ

မလှူမတန်း၊ ဆင်းရဲလမ်း၊ လှူတန်းချမ်းသာသည်။
ချမ်းသာသူမှာ၊ စဉ်မကွာ၊ မင်္ဂလာရှိပေသည်။
<အရှင်ဇနကာဘိဝံသ ၏ ချမ်းသာလေးပါးတရားတော်>

Posted by အေးဆက်

Saturday, September 17, 2011

ထေရဝါဒ ဓမ္မ အသံစု (၃၃)


ခြောက်အိမ်တန်းရွာ တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) အောင်ပန်း၊
ဇွန် ၁၇၊ ၂၀၀၅။

ဒါန၊ သီလ၊ ဘာဝနာကုသိုလ်များ ပြုလုပ်နေချိန်တွင် နှလုံးသား၌ ကိန်းအောင်း
လျက်ရှိသောစေတနာတရား။ ကိလေသာ၊ကံနှင့် ဝိပါကတို့၏ဆက်စပ်မှုကြောင့်
ဖြစ်ပေါ်ရသည့် ဝဋ်တရားနှင့် မီးတစ်ဆယ့်တစ်ပါး အစရှိသော တရားများကို ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။
စံယူစရာ ခန္တီမင်္ဂလာ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၈။
တရားအားလုံးတို့ တွင်အကောင်းဆုံးဖြစ်သော ခန္တီတရား ကိုဟောကြားထားပြီး၊ သည်းခံခြင်း၏ အကျိုးကျေးဇူးများနှင့် သည်းမ ခံခြင်း၏ ရလဒ်များကို စပါးကြီး  မြွေပြိတ္တာဇာတ်ကြောင်း ဥပမာ ပြဖြင့်ဟောကြားထားသည်။ တရားနာပါ။
တရားအားထုတ်တယ်ဆိုတာ / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) [ခုနှစ်မရှိ]
တရားအားထုတ်ခြင်းဆိုသည်မှာ မည်သည်ကို ဆိုလိုကြောင်းနှင့် ဗုဒ္ဓ၏ တရား အားထုတ်နည်းတို့ကို ရှင်းလင်းဟောကြားထား၏။ တရားနာပါ။
တရားအားထုတ်သော ပုဂ္ဂိုလ်တို့သည် လိပ်ကဲ့သို့ ကျင့်ရမည် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ အောက်တိုဘာ ၈၊ ၁၉၅၆။
တစ်ခုတည်းသော အားကိုးရာဖြစ်သည့် ခရီးမှန်လမ်းမှန်-မဂ္ဂသစ္စာကို ကုမာရ
ကဿပရဟန္တာနှင့်
မိခင်တို့၏ ဇာတ်ကြောင်း ကိုးကားချက်ဖြင့်ဟောကြားထား
သည်။ ထို့ပြင် ဝိပဿနာကျင့်ကြံ အားထုတ်ရာတွင် လိပ်သည် အရာဝတ္တုဟူသမျှ
တို့ကို အခွံအောက်သို့ ဆွဲသွင်းသကဲ့သို့ အတွေး အာရုံအကုန်လုံးကို ဥာဏ်
အောက်သို့ ရောက်ရှိစေရမည်ဖြစ်ကြောင်း လမ်းညွှန်ဟောကြားထား သည်။
တရားနာပါ။
တိုက်ပွဲနှစ်မျိုး / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၅။
ကိလေသာကိုအောင်နိုင်ခြင်းသည် မြင့်မြတ်ပုံကို ဧကသာရကပုဏ္ဏားဇနီးမောင်နှံ ဇာတ်ကြောင်း ဥပမာဖြင့်ဟောကြားထားသည်။ တရားနာပါ။
ဒုက္ခွကို ပိုင်းခြားသိရှိကြရန် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ အောက်တိုဘာ ၁၅၊ ၁၉၅၆။
တရားအားထုတ်ခြင်း၏ ရည်ရွယ်ချက်၊ ဒုက္ခကို ပိုင်းခြားမသိခြင်း၏ ဆိုးကျိုးများ ဒုက္ခဆိုသည် မှာနှင့် ဒုက္ခကို ပိုင်းခြားသိမြင်ပုံ စသည်တို့ကိုဟောကြားထားသည်။ တရားနာပါ။
ဘ၀သံသရာ / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင်ဆရာတော်) ဇွန် ၉၊ ၁၉၉၇။
ရုပ်နာမ်၊ ဝဋ်၊ ခန္ဓာစသော ပဋိစ္စသမုပ္ပါဒ်တရားသုံးပါးတို့၏ ဆက်နွှယ်မှုကြောင့်
ဖြစ်ပေါ်လာရသည့် ဘဝလည်ပတ်ပုံကို သေချာစွာ ရှင်းလင်းဟောကြားထား
သည်။
တရားနာပါ။
လာခြင်းကောင်း၍ ပြန်ခြင်းကောင်းပါစေ တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီးဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂ဝ၊၂၀၀၅။
လာခြင်းကောင်း၍ ပြန်ခြင်းကောင်းကြစေရန်_ဆိုလိုသည်မှာ ဝိပဿနာကို အ
ချိန်မီ အားထုတ်ကြ ရန်ကို မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဥပမာထားလျက် ရှင်းလင်းဟောကြား
ထားသည်။ ထို့ ပြင်၊ ဗုဒ္ဓညွှန်ုပြသော
ကောင်း မွန်စွာ နေထိုင်ပုံနှင့် အဘယ်ကြောင့် ခန္ဓာရရှိကြ ကြောင်းတို့ကိုလည်း
ဟော ကြားထားလေသည်။
တရားနာပါ။
သတိတစ်လုံး လက်ကိုင်သုံး / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) မှော်ဘီ၊ အောက်တိုဘာ ၂၃၊ ၂ဝဝ၂။
သတိပဋ္ဌာန်နှင့် စပ်လျဉ်း၍ဟောကြားရာတွင်- အမျိုးအစား၊ အကျိုးတရား၊
ကျင့်စဉ်၊ သတိနှင့် အာနာပါ နဿတိ စသည်များပါရှိသည်။
တရားနာပါ။
အာသဝေါတရားကုန်လိုလျှင် / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင်ဆရာတော်) ဇွန် ၅၊ ၁၉၉၇။
မှန်ကန်သော ဒါနပြုခြင်းနှင့် သီလဆောက်တည်ခြင်းတို့ကို ပြုလုပ်ကြရန်
နည်းလမ်းညွှန်ပြ ဟောကြားထားသည်။
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Wednesday, September 14, 2011

အဘိဏှသုတ် ပါဠိတော်

ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ၊
ဣတ္ထိယာ ဝါ ပုရိသေန ဝါ ဂဟဋ္ဌေန ဝါ ပဗ္ဗဇိတေန ဝါ။
ကတမာနိ ပဉ္စ
() ဇရာဓမ္မောမှိ၊ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(
) ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(
) မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(
) သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါမှိတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
(
) ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိဿရဏော၊
ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ဝါ ပါပကံ ဝါ၊
တဿ ဒါယာဒေါ ဘဝိဿာမီတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ဣမာနိ ခေါ ဘိက္ခဝေ ပဉ္စ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ
ဣတ္ထိယာ ဝါ ပုရိသေန ဝါ ဂဟဋ္ဌေန ဝါ ပဗ္ဗဇိတေန ဝါ။

ပါဠိ-နိဿယ
ဘိက္ခဝေ၊ ရဟန်းတို့။ ပဉ္စ၊ ငါးပါးကုန်သော။ ဣမာနိ ဌာနာနိ၊ ဤအကြောင်းတရားတို့ကို။ ဣတ္တိယာ ဝါ၊ မိန်းမသည် လည်းကောင်း။ ပုရိသေန ဝါ၊ ယောက်ျားသည် လည်းကောင်း။ ဂဟဌေန ဝါ၊ လူသည် လည်းကောင်း။ ပဗ္ဗဇိတေန ဝါ၊ ရဟန်းသည် လည်းကောင်း။ အဘိဏှံ၊ နေ့ညဥ့်မပြတ်။ ပစ္စဝေက္ခိ တဗ္ဗာနိ၊ ဆင်ခြင်အပ်ကုန်၏။

ပဉ္စ၊ ငါးပါးတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်း။
() အဟံ၊ ငါသည်။ ဇရာဓမ္မော၊ အိုခြင်းသဘောရှိသည်။ အမှိ၊ ဖြစ်၏။ ဇရံ၊ အိုခြင်းသဘောတရား ကို။ အနတီတော၊ မလွန်နိုင်ချေ။ ဣတိ၊ ဤသို့။ အဘိဏှံ၊ နေ့ညဥ့်မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင် အပ်၏။
() အဟံ၊ ငါသည်။ ဗျာဓိဓမ္မော၊ နာခြင်းသဘောရှိသည်။ အမှိ၊ ဖြစ်၏။ ဗျာဓိံ၊ နာခြင်းသဘော တရားကို။ အနတီတော၊ မလွန်နိုင်ချေ။ ဣတိ၊ ဤသို့။ အဘိဏှံ၊ နေ့ညဥ့်မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။
() အဟံ၊ ငါသည်။ မရဏဓမ္မော၊ သေခြင်းသဘောရှိသည်။ အမှိ၊ ဖြစ်၏။ မရဏံ၊ သေခြင်း သဘော တရားကို။ အနတီတော၊ မလွန်နိုင်ချေ။ ဣတိ၊ ဤသို့။ အဘိဏှံ၊ နေ့ညဥ့်မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။
() မေ၊ ငါအား။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ မနာပေဟိ၊ နှလုံးကို ပွားစေတတ်သောအဆွေ အမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့်။ နာနာဘာဝေါ၊ အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲကွဲ ရခြင်းသည်လည်းကောင်း။ ဝိနာဘာဝေါ၊ ဘဝတစ်ပါးသို့ ပြောင်းသွားသဖြင့် သေကွဲကွဲ ရခြင်းသည် လည်းကောင်း။ အမှိ၊ ဖြစ်တတ်ချေ၏။ ဣတိ၊ ဤသို့။ အဘိဏှံ၊ နေ့ညဥ့်မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။
(
) အဟံ၊ ငါသည်။ ကမ္မဿကော၊ ကံသာလျှင် မိမိဥစ္စာရှိသည်။ ကမ္မဒါယာဒေါ၊ ကံသာလျှင် အမွေခံ
ရှိသည်။ ကမ္မယောနိ၊ ကံသာလျှင် အကြောင်းရင်းရှိသည်။ ကမ္မဗန္ဓု၊ ကံသာလျှင် အဆွေ အမျိုးရှိသည်။ ကမ္မပ္ပဋိဿရဏော၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာရှိသည်။ အမှိ၊ ဖြစ်၏။
ကလျာဏံဝါ၊ ကောင်းသည်လည်းဖြစ်သော။ ပါပကံဝါ၊ မကောင်းသည်လည်း ဖြစ်သော။ ယံကမ္မံ၊
အကြင်ကံကို။ ကရိဿမိ၊ ပြုအံ့။ တဿကမ္မဿ၊ ထိုကောင်းမှု မကောင်းမှုကံ၏။ ဒါယာဒေါ၊
ကောင်းမွေဆိုးမွေခံသည်။ ဘဝိဿာမိ၊ ဖြစ်ရအံ့။ ဣတိ၊ ဤသို့။ အဘိဏှံ၊ နေ့ညဥ့်မပြတ်။
ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။

ဘိက္ခဝေ၊ ရဟန်းတို့။ ဣမာနိ ပဉ္စ ဌာနာနိ၊ ဤငါးပါးသောအကြောင်းတရားတို့ကို။ ဣတ္တိယာ ဝါ၊
မိန်းမသည် လည်းကောင်း။
ပုရိသေန ဝါ၊ ယောက်ျားသ ည် လည်းကောင်း။ ဂဟဌေနဝါ၊ လူသည် လည်းကောင်း။ ပဗ္ဗဇိတေန ဝါ၊ ရဟန်းသည် လည်းကောင်း။ အဘိဏှံ နေညဥ့်မပြတ်။ ပစ္စဝေက္ခိ တဗ္ဗာနိ၊ ဆင်ခြင်အပ်ကုန်၏။

Posted by ဉာဏ်ဦး

Monday, September 12, 2011

တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့


မည်သည့်နေရာမဆို အကြောင်းကောင်းလျှင် အကျိုးကောင်း စမြဲပင်။ မြတ်ဗုဒ္ဓ၏ တရားတော်များမှာ အကြောင်းကောင်းတွေပြု၍ အကျိုးကောင်းတွေရသည့် သာဓကများစွာရှိသည်။ လူ့လောကတွင် အလို အပ်ဆုံးနှင့် အရေးကြီးဆုံးအရာသည် မည်သည်နည်း။ ဂရုဓမ္မဇာတ်တော် အချုပ်ကို အနှစ်ထုတ်ကြည့်
လျှင် အမှန်သိပေမည်။

တစ်ခုသောဘဝဝယ် ဘုရားလောင်းသည် ကုရုတိုင်း၊ ဣန္ဒပတ္တနဂိုရ်ပြည်၌ ဓနဉ္စယ ကောရဗျမင်းဖြစ်၏။ ထိုဘုရင် အုပ်စိုးစဉ် တစ်ပြည်လုံးကို သီလတရားစောင့်ထိန်းစေသည်။ အားလုံးသီလလုံခြုံအောင် စောင့် ကြသဖြင့် ထိုတိုင်းပြည်မှာ မိုးလေဝသမှန်ကန်၏။ ကောက်ပဲသီးနှံ စပါးဆန်ရေပေါများ၏။ ပြည်သူလူ အများလည်း ငြိမ်းချမ်း၍ ရောဂါဘေးဆိုးများမှ ကင်းဝေးကြရသည်။

ထိုအချိန်မှာ ကာလိင်္ဂမင်း စိုးစံသော ဒန္တပူရပြည်သည်ကား မိုးနည်းရေရှား ဖြစ်နေ၏။ ဆန်ရေစပါး ရှားပါးသောကြောင့် လူအများလည်း ဒုက္ခမျိုးစုံ တွေ့ကြုံနေကြရသည်။ ထိုအခါ ဘုရင်သည် ကောရဗျမင်း
၏ တိုင်းပြည်သာယာဝပြောခြင်း၏ အကြောင်းရင်းကို စူးစမ်းလေ့လာ၏။ ဤတွင် ကောရဗျမင်း နှင့်
ပြည်သူအများ၏ သီလစွမ်းအားကြောင့် ကောင်းကျိုးဖြစ်ထွန်းခဲ့ရသည်ကို သိရှိယုံကြည်လာသည်။

ထို့ကြောင့်၊ ကာလိင်္ဂမင်း နှင့်တကွ ပြည်သူပြည်သားတို့သည် ကုရုဓမ္မကို ကြိုးစားလိုက်နာကြကုန်၏။ သီလတရား ပြည့်စုံလာကြသောအခါ ဒန္တပူရပြည်သည်လည်း ဥတုရာသီကောင်းမွန်လာပြီး သာယာ
ဝပြော လာတော့၏။ အကြောင်းရင်း ကုရုဓမ္မ ပြည့်စုံလုံခြုံမှုကြောင့် အကျိုးထူးများ ရလာခြင်းဖြစ်၏။ ကုရုဓမ္မခေါ် ဂရုဓမ္မသည် ယနေ့ ဗုဒ္ဓဘာသာဝင်တိုင်း စောင့်ထိန်းကျင့်သုံးနေကြသည့် ပဉ္စသီလ
(ဝါ) ငါးပါးသီလပင်ဖြစ် ပါသည်။

ကုရုဓမ္မဇာတ်တော်လာအတိုင်း တော်သလင်းလပြည့်နေ့ကို ကုရုဓမ္မအခါတော်နေ့ အဖြစ်သတ်မှတ်ခဲ့
ကြ၏။ ကာလရွေ့လာသော် ကုရုဓမ္မမှသည် ဂရုဓမ္မဟူ၍ ဖြစ်လာတော့၏။ဝေါဟာရပြောင်းလဲမှုတစ်ခု ပင်ဖြစ်ပေသည်။ မည်သို့ဆိုစေ သတ်မှတ်မှုကား ကောင်းမွန်လှ၏။ လိုက်နာကျင့်သုံးမှု အားကောင်းဖို့
လည်း ပို၍လိုမည်ထင်မိသည်။

ဆန်စပါးစိုက်ပျိုးရာသီ တော်သလင်းလပြည့်နေ့ ကို ဂရုဓမ္မအခါတော်နေ့မြတ်ဟု သတ်မှတ်ခဲ့ခြင်းသည် ဗုဒ္ဓဘာသာ မြန်မာတို့၏ ကိုယ်ကျင့်တရား အလေးအမြတ်ထားပုံကို ပြသရာရောက်ပေသည်။ အလေး ထားကြသည့်အတိုင်း မြဲမြံစွာ လိုက်နာပြုကျင့်ကြဖို့လည်းလိုမည်၊ ဖြူစင်ဖို့လည်းလိုမည်ထင်ပါသည်။
သို့မှသာ သီလ၏ အစွမ်း ထက်မှုကို ဧကန်ခံစားရမည် မလွဲတည်း။

ထိုမှတစ်ပါး သီလဖြူစင်ခြင်း နှင့် ပြည့်စုံသူသည်
() မေ့လျော့မှု မရှိခြင်း () ကောင်းသတင်း ကျော်စောရခြင်း () ပရိတ်သတ်တွင်း အကြောက်
ကင်းစွာ ဝင်နိုင်ခြင်း
() သေခါနီးအခါ မတွေဝေဘဲ သေနိုင်ခြင်း () သေပြီးနောက် သုဂတိဘုံဘဝ ၌ ဖြစ်ရခြင်း _ ဟူသော အကျိုးတရားတို့နှင့် ပြည့်စုံနိုင်သည့်အပြင် အထက်မဂ်ဉာဏ်များကို ရရှိစေ
 နိုင် သည့် လှေကား သဖွယ်လည်း ဖြစ်ကြောင်း ဗုဒ္ဓ မိန့်တော်မူခဲ့၏။

ငါးပါးသီလသည် လူတိုင်းအတွက် အခြေခံအကျဆုံး အရှင်းဆုံး အကျိုးများဆုံး ကိုယ်ကျင့်တရားဖြစ်
သည်။ အရေအတွက်အားဖြင့် နည်းပါး၏။ သို့သော် လိုက်နာကျင့်သုံးလေ မိမိရောအများပါ အကျိုး ကြီးမားလေ ဖြစ်သည်။ ထိုငါးပါးကား_
၁။ သူ့အသက်ကိုသတ်ခြင်း-
၂။ သူ့ဥစ္စာခိုးခြင်း-
၃။ အိမ်ထောင်ရေးဖေါက်ပြားခြင်း-
၎။ လိမ်ညာပြောဆိုခြင်း-
၅။ အရက် မူးယစ်ဆေး သောက်သုံးခြင်း- တို့မှ လုံးဝရှောင်ကြဉ်မှုများ ဖြစ်၏။

လူပီသသော သူတော်ကောင်းများသည် ဤငါးပါးကို ထာဝရရှောင်ရှားကြ၏။ မည်သူမဆို အမြဲစောင့် ထိန်းနိုင်ရမည်။ စောင့်ထိန်းသည်နှင့်အမျှ တစ်ဦးချင်း၏ စိတ်သန္တာန်သည် ဖြူစင်နေမည်၊ ငြိမ်းအေးနေ
မည်။ အချင်းချင်း နှိပ်စက်မှုမှလည်း ကင်းဝေးနေကြမည်။ ထို့အပြင်၊ သီလမြဲမြံသူတို့ကို ဝန်းကျင်တွင် ရှိကြကုန်သော သမာဒေဝ နတ်ကောင်းနတ်မြတ်တို့ကလည်း စောင့်ရှောက်ကြ၏။ သီလရှိသူများ နေထိုင်
ရာ တိုင်းနိုင်ငံသည် ရာသီဥတုမှန်ကန်လာပြီး ကောက်ပဲသီးနှံများ ဖွံ့ဖြိုးစည်ပင်လာသည်။ လူတို့လည်း စားဝတ်နေရေး အဆင်ပြေလာကြမည်မှာ မလွဲပေ။

ထို့ကြောင့်၊ တစ်ဦးချင်းမှသည် တစ်ကမ္ဘာလုံးအထိ ငြိမ်းချမ်းသာယာဝပြောလာအောင် အမြဲတမ်း
လိုက်နာကျင့်သုံးအပ်သည့် ငါးပါးသီလခေါ်ဂရုဓမ္မကိုယ်ကျင့်ကောင်းများ လုံခြုံအောင် သတိထား
စောင့်ထိန်းကြဖို့ လေးစားစွာ တိုက်တွန်းလိုက်ပါသည်။ ကုရုတိုင်းသားများ ကျင့်သုံးခဲ့၍ ကုရုဓမ္မ ဟု
တွင်ခဲ့၏။ ကုရုတိုင်း သားများကဲ့သို့ လိုက်နာကျင့်သုံးနိုင်သည် နှင့် အမျှ ကောင်းကျိုးချမ်းသာကို ခံစားနိုင်ကြပါစေကုန်သတည်း။

Posted by ဉာဏ်ဦး

Saturday, September 10, 2011

ထေရဝါဒ ဓမ္မ အသံစု (၃၂)


မမေ့ပါနဲ့ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၄၊ ၂၀၀၈။
မြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနီးတွင်မိန့် ကြားတော်မူခဲ့သောအဆုံးအမစကားကိုဖေါ်ပြထား
သည်။ ထို့ ပြင်၊ သတိဖြင့် ခန္ဓာအစဉ်ကို ဥာဏ်သက်ဝင်ကြရန်၊ သစ္စာလေးပါးကိုကောင်း
စွာဟောကြားနိုင်သော ဆရာသမားကောင်းကို ရှာဖွေကြရန်၊ နှလုံးသွင်းမှန်ကန်စွာဖြင့်
တရားတော်ကို နားကြားကြရန်နှင့် တရားအဆုံးအမ အတိုင်းလိုက်နာ ကျင့်ကြံကြရန်တို့ 
ကိုတိုက်တွန်းဟောကြားထားသည်။
တရားနာပါ။
မရဏလမ်းနှင့် အမတလမ်း / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) ပုသိမ်ကြီး၊ အောက်တို
ဘာ ၃၊ ၂၀၀၇။
ဆင်းရဲဒုက္ခများသောနေရာနှင့်အေးငြိမ်းသောနေရာများ၊ ကုသိုလ်နှင့် အကုသိုလ်တရား
များနှင့် အတူအဟောင်း၊ အသစ်၊ အဟောင်းအသစ် အရောအနှော၊ အဟောင်းလည်း
မဟုတ်အသစ်လည်းမဟုတ်၊စသောကံလေးမျိုးတို့ အကြောင်းကိုဟောကြားထားသည်။ မမြဲသောခန္ဓာမှမြဲသောနိဗ္ဗာန်သို့ လမ်းကြောင်းပြောင်း ကြရန်ကိုလည်းတိုက်တွန်းထား
သည်။
တရားနာပါ။
ရှစ်ယောက် နှင့် တစ်ယောက် / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU)  ဥက္ကံ၊
၁၃၆၈။
မြင့်မြတ်သောကောင်းမှုပြုခြင်းကိုလက်လွတ်ဆုံးရှုံးရသူရှစ်ယောက်နှင့် မြင့်မြတ်သော
ကောင်းမှုကိုပြုနိုင်စွမ်းသူတစ်ယောက်တို့ ၏အကြောင်းကိုရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
လက်တွေ့ဘ၀ကို ပဋ္ဌာန်းဖြင့် လေ့လာသုံးသပ်ခြင်း / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ
(
ပါ-ချုပ်၊ ITBMU) [ခုနှစ်မရှိ]
လက်တွေ့ ဘ၀ကို ပဋ္ဌာန်းတရားတော်ဖြင့်လေ့လာသုံးသပ်ပြဆိုဟောကြားထားသည်။ တရားနာပါ။
သစ္စာတရားနာမှု နှလုံးသွင်းမှန်မှု တရားတော် () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဇူလိုင် ၁၀၊
၁၉၅၆။
သစ္စာတရားကို ပိုင်းခြားသိမြင်နိုင်သော နည်းလမ်းနှစ်မျိုး၊ ကိုယ်တိုင်သစ္စာတရားကို
ပိုင်းခြားသိမြင်ခြင်းနှင့် ဒိဋ္ဌိနှင့် တဏှာတို့ ကို မည်သို့ ပယ်ခွါနိုင်ပုံအစရှိသော တရားများ
ကိုဟောကြားထားသည်။
တရားနာပါ။
သစ္စာတရားနာမှု နှလုံးသွင်းမှန်မှု တရားတော် () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဇူလိုင် ၁၁၊
၁၉၅၆။
ဗုဒ္ဓမြတ်စွာဘုရား အကြိမ်ကြိမ် မှာကြားခဲ့သော စကားတော်များကိုဟောကြားထားပြီး၊ ၀ိပဿနာကျင့်ကြံ အားထုတ်သူနှင့် ကျင့်ကြံအားထုတ်ခြင်းမရှိသူတို့ ၏ခြားနားချက်ကို
လည်းဖေါ်ပြထားသည်။
တရားနာပါ။
အားထုတ်နည်းသင်အလုပ်ပေးတရား / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဧပြီ ၃၀၊
၂၀၀၆။
ဝိပဿနာကျင့်စဉ်ကိုဆောင်ပုဒ်များဖြင့်နည်းလမ်းညွှန်ပြဟောကြားထားသည်။
တရားနာပါ။
ဥပုသ်ဘာကြောင့် စောင့်ရတယ် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မေ ၆၊ ၂၀၀၆။
ကုသိုလ်သုံးမျိုးနှင့်လေးမျိုးတို့ အကြောင်းကိုဟောကြားထားပြီး၊ သီလစောင့်ထိန်းခြင်း၏
အဓိပ္ပါယ်နှင့် အကြောင်းရင်းတို့ ကို ဘုရားအလောင်းတော်နှင့် ခို၊ မြွေ၊ မြေခွေးနှင့် ၀က်ဝံ
တို့ ၏ ဇာတ်ကြောင်းကို ကိုးကား၍
ဟောကြားထားသည်။ တရားနာပါ။
ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း()ပါး () / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ
ဆရာတော်
) ရန်ကုန်၊ ၁၃၅၃။
တရားအားထုတ်ရန် သင့်လျော်သော ကိုယ်အနေအထားနှင့် ရာသီဥတု၊ပုဂ္ဂိုလ်လေးမျိုး
နှင့်ထိုသူတို့ ၏တ
ရားရရှိသော နည်းလမ်းများနှင့် သုခဝေဒနာကို ဒုက္ခဟူ၍ ဆင်ခြင်နိုင်
ရန်ကျင့်ကြံအားထုတ်ခြင်းစသော တရားများကိုဟောကြားထားသည်။
တရားနာပါ။
ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း()ပါး () / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ
ဆရာတော်
) ရန်ကုန်၊ ၁၃၅၄။  
ဣနြေ္ဒထက်စေသည့် အကြောင်းတစ်ချက်ဖြစ်သောဗောဇ္ဈင်တရား ပွါးများခြင်းနှင့် စိတ်
၏ သဘာဝတို့ ကို
ဟောကြားထားသည်။ ထို့ ပြင်၊ ရွဲကုန်သည်နှစ်ဦးဖြစ်ကြသောဂေါတမ
မြတ်စွာဘုရားအလောင်းတော်နှင့်ဒေ၀ဒတ်လောင်းတို့ ကို ဥပမာထားလျက်ဒုလ္လဘ
တရားလေးပါးကိုဟောကြားထားကာ အမျိုးမျိုးသောပီတိ
တို့ ကိုလည်းဖေါ်ပြထားသည်။ တရားနာပါ။

 Posted by  ဉာဏ်ဦး၊ အေးဆက်