Saturday, August 27, 2011

ထေရဝါဒ ဓမ္မ အသံစု (၃၀)


ကိုယ့်ကိုယ်ကိုချစ် လူအစစ် / ဘဒ္ဒန္တသီရိန္ဒာဘိဝံ(ယောဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၁၇၊
၁၉၉၈။
လူအစစ် ဟူသည် အဘယ်သူနည်းနှင့် ထိုသူ၏ စွမ်းအားတို့ ကို ဟောကြားထားပြီး၊
ကုသိုလ် မျိုးစေ့၏ သတ္တိသုံးခုကို အာဏာပါးကွက်သား
"တမ္ဗဒါဋ္ဌိက" အကြောင်း ဥပမာဖြင့် ဖေါ်ပြထား သည်။ တရားနာပါ။
ဒုက္ခချုပ်ရာ နိဗ္ဗာန်အကြောင်း ရှင်းပြပုံ တရား / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊
ဖေဖေါ်ဝါရီ ၁၆၊ ၁၉၅၅။
ဒုက္ခချုပ်ရာ နိဗ္ဗာန်ကို ပိုင်းခြား သိမြင်စေသည့် ဥာဏ်ရရှိရန် အားထုတ်ပုံကို ရှင်းလင်း
ဟောကြား ထား၏။
တရားနာပါ။
နေရေးထက်သေရေးအရေးကြီးပုံ / ဘဒ္ဒန္တ သဒ္ဓမ္မ ကိတ္တိသာရ (အောင်ဆန်း ဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅၊ ၂၀၀၄။
ရှောင်ကွင်းလို့ မရသော သေခြင်းတရားအကြောင်းကို ဟောကြားထားပြီး၊ သေရာ
ညောင်စောင်း လဲလျောင်းရသည့် အခါတွင် နောင်တ မရရှိစေရေးအတွက် ၀ိပဿနာ အားထုတ်ခြင်းဖြင့် အား ကိုးစရာတရား ရှာထားကြရန်အကြံပြု ဟောကြားထားသည်။
  တရားနာပါ။
နိဗ္ဗာန်ချမ်းသာ တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) ပဲခူး၊ နိုဝင်
ဘာ ၂၃၊ ၁၉၇၅။
နိဗ္ဗာန်သည် အမွန်မြတ်ဆုံးဖြစ်ကြောင်း၊ အပါယ်လေးပါးသည် ကြောက်စရာ အကောင်း ဆုံးဖြစ်ပုံနှင့် ကံ၏သတ္တိတို့ ကို ဟောကြားထားသည့်ပြင်၊ ဓမ္မ အမေးအဖြေ များကိုလည်း
ဖေါ်ပြထား သည်။
တရားနာပါ။
နှလုံးသားဝယ် ဘုရားတည် / ဘဒ္ဒန္တသီရိန္ဒာဘိဝံသ (ယောဆရာတော်) တပ်ကုံး၊ ဇူလိုင် ၁၇၊
၁၉၉၃။
ဘုရား တရား သံဃာ ရတနာသုံးပါးနှင့် မေတ္တာတရားကို သဒ္ဓါ၊ သတိ ပညာတို့နှင့်
ယှဉ်တွဲကာ ကိလေသာနေရာတွင် အစားထိုးကြရန် တိုက်တွန်းဟောကြားထားသည်။
တရားနာပါ။
မဂ်ဥာဏ်လိုချင်လျှင် ၀ိပဿနာ အားထုတ်ပါ အလုပ်ပေး တရား / ဘဒ္ဒန္ဘဇနိတာလင်္ကာရ
[
ခုနှစ်မရှိ]
မဂ်ဖိုလ်ရရန် အဓိကအချက်၊ ၀ိပဿနာ အကျင့်တွင် အားသာရမည့် တရားများ
နှင့် သမာဓိ ထူထောင်ပုံတို့ ကို ဟောကြားထားသည်။ ထို့ အတူ၊ တရားအားထုတ်
ရာ၌ တရားဂုဏ်တော် ခြောက်ပါးအား ကိုးကားပုံကိုလည်း ညွှန်ပြထားသည်။
 
တရားနာပါ။
လမ်းသုံးသွယ် ဘယ်လမ်းရွေးကြမလဲ / ဘဒ္ဒန္တ သဒ္ဓမ္မ ကိတ္တိသာရ (အောင်ဆန်း ဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆၊ ၂၀၀၄။
ယထာဘူတဥာဏ်၏ဆိုလိုရင်း၊ အရိယာတို့ ပိုင်းခြားသိသောအရာ၊ သတ္တ၀ါများ အတွက် လမ်းသုံးသွယ်_၁။ မြုပ်လမ်း၊ ၂။ မျောလမ်းနှင့် ၃။ ဆန်လမ်း။ အားထားရာ တစ်ကြောင်း တည်းသော ၀ိပဿနာဆန်လမ်း၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုရေး အတွက် လိုအပ်သည့် အားကြီးသော ၀ိပဿနာ ရရှိရန် ဒိဋ္ဌိပယ်သတ်ခြင်း အစရှိသော တရားများ ပါဝင်သည်။ တရားနာပါ။
ဝိသုဒ္ဓိ ပမာပြ တရားထိုင်နည်းပြ အလုပ်ပေး တရား / ဘဒ္ဒန္ဘဇနိတာလင်္ကာရ [ခုနှစ်မရှိ]
ဝိပဿနာအကျင့်တွင် သီလ၏ အခန်းကဏ္ဍ၊ ၀ိပဿနာ၏ မှန်ကန်သော အမြင်
နှင့် အနိစ္စ ဒုက္ခ နှင့် အနတ္တ တို့ကို ပိုင်းခြားသိမြင်စေသည့် နည်းလမ်းများ စသည် အားဖြင့် ပြည့်စုံစွာ ဟောကြား ထားသည်။
တရားနာပါ။
ဝဿကာရပုဏ္ဏားနှင့် ရှင်အာနန္ဒာ အမေး၊ အဖြေ / ဦး ဝိမလ (မိုးကုတ်ဆရာတော်)
မိုးကုတ်၊
ဖေဖေါ်ဝါရီ ၁၅၊ ၁၉၅၅။
အယူမှားသူ မဖြစ်ကြစေရန်သုခ ဒုက္ခနှင့် ဥပေက္ခာ စသော ဝေဒနာများပေါ်တိုင်း ဒုက္ခဟု
ရှုမှတ် ကြရန် လမ်းညွှန်ချက်၊ တရားကို ကိုးကွယ်ခြင်း၏ အဓိပ္ပါယ်နှင့် အရှင်အာနန္ဒာနှင့် ၀ဿကာရ ပုဏ္ဏားတို့ ဆွေး နွေးသော တရားစကားကို ကိုးကားကာ မဂ္ဂင်ရှစ်တန် ရရှိရန် နည်းလမ်း စသော တရားများကိုထင်လင်းစွာဟောကြားထားသည်။
တရားနာပါ။
သူတော်ကောင်းလက္ခဏာ တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်)
[
ခုနှစ်မရှိ]
သူတော်ကောင်း တို့ ၏ လက္ခဏာ ငါးပါးကို ရှင်းပြထားပြီး၊ တန်ဖိုးမရှိဘဲ မမြဲလည်း
မမြဲသော ခန္ဓာမှ တရားအားလုံး၏ အနှစ်ဖြစ်သော နိဗ္ဗာန်ကိုထုတ်ယူကြရန်အကြံ
ပေးဟောကြားထား သည်။
တရားနာပါ။
 
Posted by ဉာဏ်ဦး၊ အေးဆက်

Monday, August 22, 2011

စာရေးတံမဲ အလှူပွဲ

 
မြန်မာ့ဓလေ့အစဉ်အလာအားဖြင့် တစ်နှစ်တာတွင် ဆယ့်နှစ်လရာသီပွဲအဖြစ် တစ်လလျှင်တစ်မျိုး
ဆင်ယင်
ကျင်းပခဲ့ကြလေသည်။ ငါးခုမြောက်ဆယ့်နှစ်လရာသီပွဲမှာ ၀ါခေါင်လစာရေးတံမဲပွဲ ဖြစ်
ကြောင်းဖေါ်ပြကြ၏။
 

စာရေးတံမဲအလှူပွဲဟူသည် မဲဖေါက်၍ လှူဒါန်းကြသောနှောင်ကြိုးကင်းသည့် သံဃိက အလှူ
ဒါနပွဲစစ်စစ်
တစ်ခုပင်ဖြစ်သည်။ အခါတစ်ပါး ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း
တော်၌ သီတင်းသုံး စံနေတော် မူခိုက်၊ တစ်တိုင်းပြည်လုံး မိုးခေါင်လေရာ အစားအစာခေါင်းပါး
သော ဘေးဆိုးကြီးကျရောက်ခဲ့၏။ သံဃာတော်များအား ဆွမ်းလှူဒါန်းနိုင်ရေးအတွက် အခက်
ကြုံ ခဲ့ကြရလေသည်။ လှူဒါန်းလိုသူများက အဆင်ပြေခြင်းငှါ ဆောင်ရွက်စီမံကြရတော့သည်။
တတ်စွမ်းသမျှ ထည့်ဝင်ကြကာ သံဃာတစ်ပါးနှစ်ပါး စသည်ကိုဖြစ်စေ၊ အလှူ ရှင်တစ်ဦးစီမှ
သံဃာများအား မဲစနစ်ဖြင့်ဖြစ်စေ လှူဒါန်းကြခြင်းကို ဘုရားရှင်အား ခွင့်ပြုတော်မူပါရန်ပန်ကြား
လျှောက်ထားကြလေသည်။ ဘုရားရှင်ကခွင့်ပြု တော်မူသည်နှင့်အညီ စာရေးတံမဲအလှူပွဲဟူ၍
ဖြစ်ပေါ်လာခဲ့ပေသည်။ 


သမိုင်းအထောက်အထားအရ၊ စာရေးတံမဲအလှူပွဲကို ၀ါခေါင်လတွင် ကျင်းပလေ့ရှိခဲ့ကြောင်း
တွေ့ ရှိရ၏။
ထိုလတွင်ဆင်ယင်ကျင်းပရခြင်းမှာ သံဃာတော်များကျောင်းတိုက်များတွင် စုစု
စည်းစည်း ၀ါကပ်နေတော်မူကြသည့် အချိန်ဖြစ်ခြင်းနှင့် မိုးတွင်းကာလ ဆွမ်းကိစ္စကြွရောက်ခြင်း အခက်အခဲရှိနိုင်သောကြောင့် ဖြ စ်နိုင်လေသည်။
 

မဲချကာ လှူဒါန်းသော စနစ်မှာ ယနေ့ထက်တိုင်ပြောင်းလဲခြင်းမရှိပေ။ သို့ ရာတွင်၊ စာရေးတံမဲ၊
လှူဖွယ် ပစ္စည်းနှင့် ကျင်းပသော အချိန်ကာလတို့ ကား အသွင်ကူးပြောင်းခဲ့လေပြီ။ ရှေးယခင်
က စာရေးတံမဲအဖြစ် သစ်သားပြား၊ ၀ါးခြမ်းပြား၊ နှီးပြားနှင့်ပေရွက်စသည်တို့ ကိုအသုံးပြုခဲ့ကြ
သည်။ ယခုမူ စက္ကူ စာရွက်ကိုသာ စာရေးတံမဲ အဖြစ် သုံးစွဲနေကြတော့သည်။ လှူဖွယ်ပစ္စည်း
မှာလည်း မူလက ဆွမ်းသက်သက်မျှသာဖြစ်ခဲ့ သည်။  နောင်တွင်ဆွမ်း သပိတ်သာမက လိုအပ်
ရာရာ အသုံးအဆောင်ပစ္စည်းများဖြည့်စွက် ပါဝင်လာလေ သည်။ ကျင်းပသည့်အချိန် ကာလမှာ
လည်း ၀ါခေါင်လတွင်ဟူ၍ သီးခြားမဟုတ်တော့ချေ။ တစ်နှစ်တာ၏ မည်သည့်အချိန်တွင်မဆို
ဗုဒ္ဓပူဇနိယျပွဲ ကျင်းပချိန်များ၌ စာရေးတံမဲအလှူပွဲကို ပြုလုပ်လျက်ရှိကြသည်။

 

မဲဖေါက်သောပုံစံမှာလည်း တမျိုးတဖုံပြောင်းရွေ့ကာ လာခဲ့သည်။ စတင်ခဲ့စဉ်က စာရေးတံမဲ
ပြားတွင် အလှူရှင်၏ အမည်ကိုရေးသားထားပြီး သံဃာများကနှိုက်ယူရသည်။ ထိုမှတဖန်၊
သံဃာတော်၏ ဘွဲ့ တော် ကိုရေးသား
ထားသော မဲပြားကို အလှူရှင်က နှိုက်ယူရသည်။ လက်ရှိ အချိန်တွင်ကား လှူဖွယ်ပစ္စည်း အစုစု ကို ပြင်ဆင်ကာ နံပတ်စဉ်များ တပ်လျက်ပေါက်မဲအဖြစ်
ထားရှိသည်။ နံပတ်များရေးထားသော မဲကို သံဃာတော်များအား ကံစမ်းမဲဖေါက်ပေးခြင်းဖြစ်
သည်။
 

နိဗ္ဗာန်ကိုရည်၍ ပြုသမျှသော ကုသိုလ်အပေါင်းတို့ သည်များများပြုနိုင်လေ အထောက်အပံ့ပြု
လေပင်ဖြစ် သည်။
ထို့ ကြောင့်၊ ယခုပင်လျှင် နှလုံးသွင်းမှန်စွာဖြင့်မေတ္တာစိတ်ထား ဘာဝနာ
ပွါးကာ ကုသိုလ်များကို ပြု ကြပါရန် အကြောင်း တိုက်တွန်းလိုက်ရပေသည်။
 

Posted by အေးဆက်

Saturday, August 20, 2011

ထေရဝါဒ ဓမ္မ အသံစု (၂၉)


ချမ်းသာသက်ရှည်နည်း / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) စစ်ကိုင်း၊ ၁၃၅၈။  
ကိုယ်စိတ်နှစ်ပါး အေးငြိမ်းစေရန်၊ ကြီးပွါးချမ်းသာရန်နှင့် အသက်ရှည်ရန် နေထိုင်ဆောင် ရွက်နည်းများကိုဖေါ်ပြဟောကြားထားသည်။ တရားနာပါ။ 
နှိုင်းလို့မရ တုလို့မနိုင် / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ ဇန္နဝါရီ ၁၆၊ ၂၀၀၃။
ဒါန၏ အကြောင်းရင်း_အလောဘ၊ ဗုဒ္ဓါနုဿတိနှင့် ဓမ္မာနုဿတိ ပွါးများအားထုတ်ပုံ
စသည့် တရားများပါရှိသည်။
တရားနာပါ။ 
ပုထုဇဉ်နှင့် အရိယာတို့ ရှာမှီးခြင်း မတူညီကြပုံ (ပရိယေသနသုတ်) / ဦး ဝိမလ (မိုးကုတ် ဆရာတော်) ဖေဖေါ်ဝါရီ ၈၊ ၁၉၅၅။
ပုထုဇဉ်နှင့် အရိယာတို့  ရှာမှီးခြင်းမတူကြပုံကို ပရိယေသနသုတ္တန် ကိုးကားချက်ဖြင့်ရှင်း လင်းဟောကြားထားသည်။ တရားနာပါ။ 
လောင်စာသိမ်း မီးငြိမ်း တရားတော် (ပဋိစ္စသမုပ္ပါဒ် သင်တန်း) / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) အောင်ပန်း၊ ဇွန် ၁၇၊ ၂၀၀၅။
ဝိပဿနာအားထုတ်ခြင်းမပြုမီ ဒိဋ္ဌိကို ဦးစွာ ဖြုတ်ကြရန် လမ်းညွှန်ထားပြီး၊ မြတ်စွာ
ဘုရားနှင့် အဂ္ဂိဝစ္ဆပုဏ္ဏားတို့ ၏ တရားဆွေးနွေးစကားကိုလည်း ဟောကြားထားသည်။

တရားနာပါ။ 
ဝါသနာ ဉာဉ်စရိုက်တို့၏ အဆွဲ / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင်ဆရာတော်)
ဇွန် ၁၊ ၁၉၉၇။
သီလ၏ တန်ဖိုးနှင့် အရေးပါမှုကို သဒ္ဓါတိဿမင်းနှင့် သီလကို မြဲမြံစွာ စောင့်ထိန်းသည့် 
မောင်သီလတို့၏ ဇာတ်ကြောင်း ဥပမာဖြင့် ဟောကြားထားသည်။
တရားနာပါ။ 
သတိတစ်ခု ငါးပြာလိုစု / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင်ဆရာတော်) ဇွန် ၃၊
၁၉၉၇။
ကိလေသာသည် မိမိတို့အား နေ့ ညမပြတ် ခိုင်းစေထားပုံကို ဟောကြားထားသည်။ ထို
့ပြင်၊ သရဏဂုံသုံးပါးကို သတိဖြင့် ပွါးများကြရန် တိုက်တွန်းထားပြီး၊ ဘေးအန္တရာယ်များ
ကို သရဏဂုံ သုံးပါးက ကယ်တင်နိုင်ကြောင်းနှင့် ဘေးအန္တရာယ်ကို ကာကွယ်ပေးနိုင်
သည့် တရား (၆)ပါးကို လည်း ဖေါ်ပြထားသည်။
တရားနာပါ။ 
၃၁ ဘုံ နွားသတ်ရုံ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ကျောက်မဲ၊ ၁၃၅၈။
၃၁ဘုံတွင် ရှိကြကုန်သော သတ္တ၀ါများသည် သားသတ်ရုံမှ နွားများနှင့် တူညီပုံကို ရှင်းလင်း ဟောကြားထားသည်။ တဖန်၊ အဘယ်ကြောင့် ခန္ဓာရရှိကြကြောင်းနှင့် ၀ိပဿ
နာကို အချိန်တိုင်း အားထုတ်ကာ နောက်ဆုံး တရားအပြီးတိုင် ရရှိခြင်း သို့မဟုတ်
အနည်းဆုံး တစ်မဂ်တစ်ဖိုလ် ရရှိအောင်ဆောင်ရွက်ကြရန် နှိုးဆော် ဟောကြားထား
သည်။
တရားနာပါ။ 
အတွယ်အတာ အမှတ် (၂) တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) အောင်ပန်း၊
ဇွန် ၁၆၊ ၂၀၀၅။
အတွင်းနှင့် အပြင်သံယောဇဉ်များဖြင့် သတ္တ၀ါများ အနှောင်အဖွဲ့ ခံနေကြရပုံကို ရှင်းလင်း
ဟောကြားကာ၊ အတွင်းသံယောဇဉ်_အနုသယကိလေသာ ပယ်သတ်ခြင်းကို ၀ိသာခနှင့် ဓမ္မဒိန္နာ သူကြွယ်ဇနီးမောင်နှံကို ညွှန်းဆိုလျက် ဟောကြားထားသည်။
တရားနာပါ။ 
အိုသေဘေးမစောင့်ဘဲ ဝိပဿနာ လုပ်သင့်ကြောင်း တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာ
တော်) [ခုနှစ်မရှိ]
ရှောင်ရှားရမည့် အနာဂတ်ဘေး ငါးမျိုးကို ဖေါ်ပြထားပြီး ၀ိပဿနာ အားထုတ်ခြင်းဖြင့် ယင်းတို့မှ လွတ်မြောက်နိုင်ကြောင်းကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။ 
အိမ်တွင်းကန်တော့ပွဲ ပြင်ကြမယ် / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) မှော်ဘီ၊ အောက်တို
ဘာ ၂၈၊ ၁၉၉၉။
သရဏဂုံမြဲကြရန်၊ အိမ်ရှိ ဘုရားစင်ရှေ့ တွင် မိသားစုဝင်များ အားလုံးစုဝေးကာ ဘုရား
ဝတ်ပြုခြင်းကို နေ့စဉ်အလုပ်တစ်ခုအဖြစ် ဆောင်ရွက်ကြရန်နှင့် နတ်သိကြားများ ရှိခိုး
ခြင်းကို ခံရသူ စသည်များကို ပြည့်စုံစွာ ဟောကြားထားသည်။
တရားနာပါ။

Posted by  ဉာဏ်ဦး၊ အေးဆက်

Sunday, August 14, 2011

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့


ရဟန်းသံဃာတော်များသည် တစ်နှစ်တွင်သုံးလ ဝါဆိုတော်မူကြသည်။ “ဝါဆိုသည်“ ဟုဆိုရာ၌ အကြောင်းကြီးငယ်မရှိဘဲ မိမိတို့ သီတင်းသုံးရာအရပ်မှထွက်ခွါကြွသွားခြင်းမပြုသည်ကိုဆိုသည်။ ထိုသုံးလကာလသည်ပင်“ဝါတွင်း“ မည်ပေသည်။ ပရိယတ်နှင့်ပဋိပတ် သာသနာတို့ အလို့ငှါ အ
ပြည့်အ၀ အားထုတ်ကြိုးကုတ်ခွင့်ရကြသည့် အခါသမယလည်းဖြစ်သည်။

ဝါခေါင်လသည် ဝါတွင်းသုံးလ၏ အလယ်ခေါင်ကျသောလဖြစ်သည်။ မေတ္တာအခါတော်နေ့သည် ဝါခေါင်လပြည့်နေ့ ဖြစ်သည်။ စင်စစ်၊ မေတ္တာအခါတော်နေ့ မှာ ကြာမြင့်လှပြီ ဖြစ်သော ဗုဒ္ဓ
မြတ်စွာဘုရား သက်ရှိထင်ရှားရှိတော်မူခဲ့စဉ်က စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မရှိရာမှ
ရှိလာခဲ့သော ထိုနေ့၏ မူလအရင်းအမြစ်ကို သိကြပါလျှင် ပိုမို၍ပင် သဒ္ဓါတရားပွါးများ မိကြပါ
လိမ့်မည်။

ရဟန်းသံဃာတော် အပါးငါးရာသည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားများတောင်းယူကြကာ ဝါမဆိုမီကျောင်းမှထွက်ခွါကြပြီးတောအုပ်ကြီးတစ်ခုတွင် တရားအားထုတ်၍နေတော် မူကြလေ
သည်။ ၀ါကျွတ်အမီ တရားရရှိကြရန် ရည်သန်ချက်ဖြင့်ဖြစ်သည်။ ရဟန်းတော်များ၏ သိက္ခာ ဂုဏ် မြင့်မြတ်မှုကြောင့် နေရင်းစွဲ ဘုမ္မစိုး ရုက္ခစိုးနတ်တို့သည် မိမိတို့၏ ဘုံဗိမာန်အသီးသီးကို
စွန့်လွှတ်ရှောင်တိမ်းသွားကြရတော့သည်။ သို့ သော်၊ အနံ့ဆိုးများနှင့်ကြောက်မက်ဖွယ် အသံ
များ ပေးလျက် ရဟန်းတော်များအား အနှောက်အယှက် ပြု ကြလေသည်။ ငြိမ်းချမ်းစွာတရား
အားထုတ်၍ မရကြသောရဟန်းတော်များသည် မြတ်စွာဘုရားထံပြန်ခဲ့ကြသည်။

အကြောင်းခြင်းရာကို ဆင်ခြင်သုံးသပ်တော်မူအပြီး၌ မြတ်စွာဘုရားသည် ရဟန်းတော်တို့ အား
မေတ္တာသုတ် ပရိတ်တရားတော်ကို ဟောကြားပို့ ချတော်မူခဲ့သည်။ ဝါခေါင်လပြည့်နေ့တွင် ရဟန်းတော်များသည်ထပ်မံ၍ တောအုပ်ကြီးသို့ ရောက်ရှိခဲ့ကြ ပြန်သည်။  ဤအကြိမ်တွင်မူ
တောအုပ်ကြီးအတွင်းသို့ စတင်ဝင်ရောက်သည်နှင့် မေတ္တာသုတ်တရားတော်ကို ရွတ်ဆိုပွါးများ သွားကြလေသည်။ မေတ္တာတန်ခိုးကြောင့် ဘုမ္မစိုး ရုက္ခစိုးနတ်တို့သည် ရန်လိုခြင်းမရှိကြတော့
ချေ။ ရဟန်းတော်များအား ဝမ်းပန်းတသာကြိုဆိုကြသည်။ ဝါတွင်းကာလတလျှောက်ဝေယျာ ၀စ္စများ ပြုလုပ်ပေးကြသည်။ စောင့်ရှောက်ကြသည်။ ရဟန်းတော်များသည်လည်း ချမ်းသာ
အေးငြိမ်းစွာဖြင့် တရားအားထုတ်တော်မူနိုင်ကြတော့၏။ ရည်မှန်းတော်မူကြသည့်အတိုင်း
ဝါကျွတ်သည်နှင့် ရဟန်းကိစ္စပြီးပြည့်စုံကြ ပြီ ဖြစ်သော ရဟန္တာအရှင်မြတ်များဖြစ်တော်မူကြ
ကုန်သည်။

သို့ ဖြင့်၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဟူ၍ သတ်မှတ်လာခဲ့ကြသည်။ ယင်းနေ့များ တွင် မေတ္တာပွါးများခြင်းကို အခန်းအနားအသွင်ဖြင့် ဆင်ယင်ကျင်းပခဲ့ကြသည်။ ယခုခေတ်အခါ တွင် မေတ္တာဘာဝနာပွါးများခြင်းများကို တစ်နှစ်တွင်တစ်လ တစ်လတွင်တစ်ရက်ထဲတွင်သာ
မဟုတ် ကြတော့ဘဲ အခါအားလျော်စွာပြုလုပ်လျက်ရှိကြသည်။  ကောင်းလှပါဘိ။ မေတ္တာ၏
သဘောမှာ မိမိအတွက်ကိုယ်ကျိုးမဖက် တစ်ပါးသူ၏အကျိုးကိုသာ လိုလားစွာချမ်းသာစေလိုခြင်း သက်သက် ဖြစ်သည်မဟုတ်ပါလား။ တစ်ဦးချင်း အနေနှင့်သော်မှ အချိန်မရွေး ပွါးများနိုင်သော
ကုသိုလ် အလုပ်ပါတကား။

Posted by အေးဆက်

Saturday, August 13, 2011

ထေရဝါဒ ဓမ္မ အသံစု (၂၈)

 
တရားရနိုင် မရနိုင် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မတ် ၄၊ ၂၀၀၆။  
လူတိုင်း အဘယ်ကြောင့် တရားမရ ရှိနိုင်ကြရသည့် အကြောင်းနှင့် တရားရနိုင် မရနိုင်
မိမိကိုယ် မိမိ စစ်ဆေးကြည့် ရမည့်အချက်များကို ရှင်းလင်းဟောကြားထားသည်။
 
တရားနာပါ။
 
ဘဝခရီးဝယ် ရွေးချယ်ရမည့်လမ်း / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊ ၁၃၆၉။  
ဘ၀ခရီးဝယ်ရွေးချယ်ရမည့်လမ်း_ ကာလာမသုတ္တန်ကို ဟောကြားရာတွင် ကုသိုလ်နှင့်
အကု သိုလ် ဆိုသည်မှာ၊ မေတ္တာဘာဝနာအကျိုး၊ တစ်ပါးသူများအပေါ်၌ မေတ္တာ ကရုဏာ မုဒိတာနှင့် ဥပေက္ခာ တရားများထားရှိခြင်းနှင့် မကောင်းမှုကို ထာဝစဉ် ရှောင်ကြဉ်လျက် သူတော်ကောင်း ဖြစ်အောင် ပြုလုပ်ခြင်း စသော တရားများပါဝင်သည်။
 
တရားနာပါ။
 
ဘဝအသွင်ကို ဓမ္မအမြင်ဖြင့် ရှုမြင်ခြင်း / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU)
ရန်ကုန်၊ ၁၃၆၈။
 

ဗုဒ္ဓမြတ်စွာ၏ ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ရှုမြင်ခြင်းနှင့် ဘ၀၏ ထွက်ပေါက်ဖြစ်သော မဂ္ဂင်ရှစ်ပါး ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။  
ရှုမှတ်ဖွယ်ရာ အိမ်တွင်း ဝိပဿနာ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) ပုသိမ်ကြီး၊
အောက်တိုဘာ ၁၊ ၂၀၀၇။
 

သတိပဋ္ဌာန်၏အခြေခံ၊ အရေးကြီးဆုံးတရား_ သတိ၊ အိမ်မှုကိစ္စ ပြုလုပ်ရင်း ၀ိပဿနာ အားထုတ် နည်းတို့ ကို ဟောကြားထားသည်။  တရားနာပါ။
လမ်းပေါ်လူလား လမ်းချော်သူလား / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) ပုသိမ်ကြီး၊
အောက်တိုဘာ ၂၊ ၂၀၀၇။
 
တရားအရသာ၊ ဗုဒ္ဓဘာသာအဆင့်များ၊ ဗုဒ္ဓနှင့် ဂဏ္ဍက မောဂ္ဂလ္လာန ပုဏ္ဏားတို့၏ တရား
ဆွေးနွေး ချက်နှင့်သတိပဋ္ဌာန် ကျင့်စဉ်မှန် စသော တရားများကို ဖေါ်ပြဟောကြားထား
သည်။
 
တရားနာပါ။
 
လွတ်လမ်းကိုရှာ တရားနာ / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဧပြီ ၁၊ ၂၀၀၆။  
တရားနာခြင်း၏ အကျိုးနှင့် တရားနာကြားသင့်သော အချိန်အခါတို့ကို မှတ်သား
လွယ်ကူစေခြင်းငှါ လင်္ကာဆောင်ပုဒ်များဖြင့် ဟောကြားထားသည့်အပြင်၊ ပြိတ္တာမ
တစ်ဦး၏ ဇာတ်ကြောင်း ကိုပါ ဥပမာ ပေးထားသေးသည်။
 
တရားနာပါ။
 
ဝိသာခနှင့် ဓမ္မဒိန္နာ အမေး၊ အဖြေ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဇန္နဝါရီ ၂၉၊ ၁၉၅၅။  
ဝိသာခနှင့် ဓမ္မဒိန္နာတို့ ၏ တရားဆွေးနွေး စကားကို ထင်လင်းအောင် ဟောကြားထား
သည်။
 
တရားနာပါ။
သတိနှင့်ဆား ဥပမာပြ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဇန္နဝါရီ ၂၅၊ ၁၉၅၅။  
သတိ အရေးကြီးပုံကို ဆားနှင့် ဥပမာပြကာ ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။  
ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း (၉) ပါး (၄) / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ
ဆရာတော်) ရန်ကုန်၊ ၁၃၅၃။
 

သံဃရက္ခိတ သာမဏေ အကြောင်းကို ညွှန်းဆိုကာ ကုသိုလ်ဖြစ်အောင် အစားအစာ
သုံးဆောင်နည်း သုံးမျိုးကို ရှင်းလင်းထားသည်။ ထို့ ပြင်၊ စင်္ကြံလျှောက် တရားအား
ထုတ်
ခြင်း၏ အကျိုးရှိပုံ၊ သင့်လျော်သော တရားစခန်း၏ အင်္ဂါရပ်များနှင့် တရားစခန်း
ရွေးချယ်ခြင်းများကိုလည်း ဟော ကြားထားသည်။
 
တရားနာပါ။
ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း (၉) ပါး (၅) / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ
ဆရာတော်) ရန်ကုန်၊ ၁၃၅၃။
 
တရားစခန်းတွင် တရားအားထုတ်နေစဉ်အတွင်း ထိန်းသိမ်းနေထိုင်ရမည့် အချက်များ
ဖြစ်သော_ သင့်လျော်သည့် တရားစကားရှစ်မျိုးကိုသာ ပြောဆိုခြင်း၊ သင့်လျော်သော သူနှင့်သာအဖေါ်
ပြုခြင်း၊ သင့်လျော်သော အစာအာဟာရကိုမှီဝဲခြင်းစသည်တို့ကိုပြည့် စုံစွာဟောကြားထားသည်။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, August 6, 2011

ထေရဝါဒ ဓမ္မ အသံစု (၂၇)

 
ချမ်းမြေ့ မင်္ဂလာ သင်စရာ တရားတော်(၁) / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၃၊ ၁၉၉၈။  
မင်္ဂလသုတ္တန်နိဒါန်းနှင့် ပထမပိုင်း မင်္ဂလာ (၁၄) ပါးကို လင်္ကာဆောင်ပုဒ်များနှင့်အတူ
ရှင်းလင်းဟော ကြားထားသည်။
  တရားနာပါ။
 
ချမ်းမြေ့ မဂ်လာ သင်စရာ တရားတော်(၂) / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၃၊ ၁၉၉၈။ 
ကျန်ရှိသော မင်္ဂလာ (၂၄) ပါးကို လင်္ကာ ဆောင်ပုဒ်များနှင့်အတူ ရှင်းလင်းဟောကြား
ထား
သည်။  တရားနာပါ။
 
မငြိစေနဲ့ / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၃၊ ၂၀၀၇။ 
ရာဟုလာအား ဗုဒ္ဓသင်ကြားမှုကို အညွှန်းပြုကာ_အာနာပါန ကမ္မဋ္ဌာန်းကျင့်ရသည့်
ရည်ရွယ်
ချက်နှင့် ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဓါတ်ကြီးလေးပါးတို့  ပြုမူသကဲ့သို့  အားထုတ်ရသည့် အာနာပါနကမ္မဋ္ဌာန်းကျင့်စဉ် စသည်ဖြင့် ဟောကြားထားသည်။ 
တရားနာပါ။
 
မိဘကျေးဇူး ဆပ်ဖူးပြီလား / အရှင် ဇဝန (မေတ္တာရှင်) ပဲခူး၊ ၁၃၆၇။ 
မိဘမေတ္တာ၊ မိဘကျေးဇူးဆပ်ခြင်း၏ အကျိုးသက်ရောက်မှု၊ သားသမီး ၀တ္တရားကျေသူ
နှင့် မကျေသူတို့ ၏ ဇာတ်ကြောင်းများနှင့် ဖြစ်ရပ်မှန်များ၊ လူမိုက်၊ အရေးပါလှသော
ဓမ္မအမွေ အစရှိသည့် တရား များကို ဖော်ပြဟောကြားထားသည်။
  တရားနာပါ။
 
မိလက္ခရဟန်းနှင့် သုခသာမဏေ ဥပမာပြ အဓိပတိသုံးပါးထား၍ တရားအားထုတ်ရန်တရားတော် /
ဦး ဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ စက်တင်ဘာ ၆၊ ၁၉၈၆။ 

တဏှာနှင့်ဒိဋ္ဌိ ဦးဆောင်သောလမ်းကို ရှောင်ရှားကြရန်၊ နိဗ္ဗာန်သို့  မျက်မှောက်ပြုနိုင်
ရန်အလို့ ငှါ မဂ္ဂင်လမ်းကို လိုက်ကြရန်၊ နိဗ္ဗာန်ချမ်းသာ ရသည့်တိုင် အဓိပတိ သုံးပါး
တပ်ကာ အားထုတ်ကြရန် နှင့် မိမိတို့ ၏ စိတ်ကို ထိန်းချုပ်နည်း စသည်များကို ဟော
ကြားထားသည်။ ဥပမာပေး ဇာတ် ကြောင်းများကား_မိလက္ခရဟန်းနှင့် သုခသာမဏေ တို့ ဖြစ်ကြသည်။
  တရားနာပါ။
 
မေ့လျော့ခြင်းဘေးအကြီးဆုံးတရား / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊ မတ် ၂၉၊ ၁၉၅၄။ 
ကြောက်ရွံ့ ရမည့် အကြီးဆုံးဘေး၊ ယင်းဘေးဖြစ်ရသည့်အကြောင်းရင်းနှင့် မည်သို့ 
ရှောင်ရှား
ရမည်တို့ ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
လောဘကုန်လျှင် နိဗ္ဗာန်ဝင် / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။  
နိဗ္ဗာန် ဟူသည်၊ လောဘ၏အမည်ကွဲများ၊တဏှာနှင့်မေတ္တာကွာခြားချက်နှင့် လောဘ
ကြောင့်ရောက်ရသည့် ဒုက္ခများ အကြောင်းကို ပြည့်စုံစွာဟောကြားထားသည်။ 
တရားနာပါ။
 
လက်ရှိခန္ဓာစွန့် ၍ နောက်ခန္ဓာရခြင်းသည် အပြစ်အကြီးဆုံးသင့်ပုံ တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ စက်တင်ဘာ ၅၊ ၁၉၈၆။ 
ဝိပဿနာ အားထုတ်ကာ နောက်ဆုံးနိဗ္ဗာန် ရရှိရေးအတွက် အရေးကြီးသော နှလုံးသွင်း
မှန်ကန်မှု ရှိစေရန် ကိလေသာကို အမြစ်ပြတ် ပယ်သတ်ကြရမည့်အကြောင်း တိုက်တွန်း
ဟောကြားထား သော တရားတော်ဖြစ်သည်။  တရားနာပါ။
 
သောတာပန်တည်ခြင်းအကြောင်းတရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဇန္နဝါရီ ၂၄၊ ၁၉၅၅။  
စူးစူးစိုက်စိုက် ရှုမှတ်ခြင်းဖြင့် ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ ကုက္ကုစ္စတို့ ကို အနိုင်ယူကြရန် ညွှန်ပြ
ဟော
ကြားထားသည်။  တရားနာပါ။
အစဉ်ပွားများ / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၄၊ ၂၀၀၇။ 
ရာဟုလာအား ဗုဒ္ဓ၏ သင်ကြားမှုများ။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ၊ အသုဘနှင့်
အနိစ္စ သညာ စသော ပွါးများနိုင်သည့် ဘာဝနာအမျိုးမျိုး။ အာနာပါန ကမ္မဋ္ဌာန်းကျင့်စဉ်။
အားထုတ်စဉ် အတွင်း နိဗ္ဗာန်ကို အာရုံပြုခြင်း။ ယင်းတို့ ကို ကျင့်ကြံအားထုတ်ခြင်း၏
အကျိုးတရား စသည်များကို ဟော ကြားထားသည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်