Saturday, July 30, 2011

ထေရဝါဒ ဓမ္မ အသံစု (၂၆)

တရားကိန်းသူ စိတ်မပူ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) ပုသိမ်ကြီး၊ စက်တင်ဘာ ၃၀၊ ၂၀၀၇။
ဓမ္မ ဟူသော အကောင်းဆုံးမိတ်ဆွေရှိရန်အရေးကြီးကြောင်းနှင့်တကွ၊ ဝေဒနာကမ္မဋ္ဌာန်း
သည်နိဗ္ဗာန်သို့ ပို့ ဆောင်နိုင်ပုံကိုအရှင်အာနန္ဒာနှင့်ဂါရဒေနသူကြွယ်အကြောင်းကို
ညွှန်းဆိုကာ ဟော ကြားထားသည်။  တရားနာပါ။
ပါဝင်ဆင်နွှဲ အရိယာရွေးပွဲ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) စက်တင်ဘာ ၂၅၊ ၂၀၀၇။  
ဘ၀ဒုက္ခများ အစဉ်မပြတ် ခံစားရခြင်းမှ ရှောင်ကြဉ်နိုင်ရေးအတွက် မိမိကိုယ်မိမိ ဆုံးမ ထိန်းသိမ်းကြရန် နှင့် အရိယာဖြစ်ရန် အရည်အချင်းများကို ရှင်းလင်းပြထားပြီး တရား အားထုတ် နည်း အကျဉ်းကိုလည်းဟောကြားထားသည်။ တရားနာပါ။ 
ယမမင်းထံ အစစ်ခံရပုံ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
သတ္တ၀ါများသည် ဒိဋ္ဌိနှင့် တဏှာကို အပေါင်းအဖေါ်အဖြစ်ထားကြပြီး ခန္ဓာကို ဥာဏ်ဖြင့် ရှုကြည့်ရန် မေ့နေတတ်ကြပုံကို ရှင်းလင်းဟောကြား ထားသည်။ ထို့ ပြင်၊ ငရဲကျသူ
သည် ယမမင်းထံတွင် အစစ်ခံရပုံနှင့် ငရဲတွင် ခံစားရခြင်းများကို ထင်လင်းစွာ ဟော
ကြားထားသည်။ တရားနာပါ။
ရပိုင်ခွင့် / ဒေါက်တာ အရှင် ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ မေ ၁၊ ၂၀၀၁။ 

အရှိကို အရှိအတိုင်း ရှုမြင်ခြင်း၊ သမာဓိနှင့် ချမ်းသာခြင်းတို့ ၏ ဆက်စပ်မှု၊ ရပိုင်ခွင့်နှင့် အလုပ်၊ ရောင့်ရဲခြင်းစသော တရားများကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။

ရန်သူနှစ်ယောက်ကို အသေသတ်နည်း တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
သေဆုံးခြင်းကို ဖြစ်စေသော အဓိကတရားနှစ်ပါး_ အ၀ိဇ္ဇာနှင့်တဏှာတို့ အကြောင်းနှင့်
ယင်းတို့ ကို ပယ်သတ်ပုံများကို ဖေါ်ပြ ဟောကြားထားသည်။ တရားနာပါ။
လိုရင်းတိုရှင်း ဝိပဿနာ(၁) / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ၁၃၆၇။
မည်သည်ကို တရားကျင့်ခြင်းဟု ဆိုကြောင်းနှင့် သီလ၀န္တ သုတ္တန်ကို ရည်ညွှန်းလျက်၊
ခန္ဓာကို အနိစ္စ၊ ဒုက္ခ ရောဂါ၊ အိုင်းနာနှင့် ဆူးညှောင့် အဖြစ် ရှုကြည့်ခြင်းဖြစ်သည့် လိုရင်း
တိုရှင်း ၀ိပဿနာ ကျင့်စဉ်ကို ဟောကြားထားသည်။ တရားနာပါ။
လိုရင်းတိုရှင်း ဝိပဿနာ(၂) / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ၁၃၆၇။
သီလ၀န္တ သုတ္တန်ကို ကိုးကားပြီး၊ ခန္ဓာကို မကောင်းမှု၊ နာမကျန်းခြင်း၊ သူစိမ်း၊ ပျက်စီး
ခြင်း၊
သုညနှင့် အနတ္တအဖြစ် ရှုကြည့်ခြင်းတည်းဟူသော လိုရင်းတိုရှင်းဝိပဿနာ
ကျင့်စဉ်ကို
ဟောကြားထားသည်။ တရားနာပါ။
အတွယ်အတာ အမှတ်(၁) တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်)
အောင်ပန်း၊ ဇွန် ၁၅၊ ၂၀၀၅။
သံယောဇဉ်နှင့် သံယောဇနိယတို့ အကြောင်းကို ရှင်းလင်းဟောကြားထားပြီး၊ အပြင်
သံယောဇဉ် ဖယ်ရှားပုံကို "ကုဒါလ ပဏ္ဍိတ" ဇာတ်ကြောင်းဖြင့် ဟောကြားထားသည်။
တရားနာပါ။
အရိပ်နေနေ အခက်ချိုးချိုး / ဒေါက်တာ အရှင် ဆေကိန္ဒ (ဓမ္မဒူတ) အင်းစိန်၊ စက်တင်ဘာ ၂၁၊ ၂၀၀၃။  
တဏှာကို ပယ်သတ်ရန်နှင့် ကျေးဇူးရှင်ကို ကျေးစွပ်ခြင်း မပြုကြရန် "မဟာဒါန၀ါဏိဇ္ဇ"
ဇာတ်ကြောင်းပြကာ အကြံပေး ဟောကြားထားသည်။ တရားနာပါ။
အိုအောင်မင်းအောင်ပေါင်းကြပါစေ တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်)
အောင်ပန်း၊ ဇွန် ၁၄၊ ၂၀၀၅။
ဥာဏ်ဖြင့် မိမိတို့ ၏ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို စစ်ဆေးကြရန် အကြံပြုထားပြီး၊ အရှင်သာရိ
ပုတ္တရာ ၏ ညီတော်အငယ်ဆုံးဖြစ်သော အရှင်ရေ၀တ၏ အကြောင်းကို အခြေခံ၍
တဏှာ နယ်မြေမှ လွတ်မြောက်ကြောင်းဖြစ်သည့်ဝိပဿနာအကျင့်တရားမှန်ကိုဟော
ကြားထား သည်။
တရားနာပါ။
 

Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, July 23, 2011

ထေရဝါဒ ဓမ္မ အသံစု (၂၅)

ကြီးပွားကြောင်းရာ ()ဖြာ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ [ခုနှစ်မရှိ]
လောကီနှင့်လောကုတ္တရာ နှစ်မျိုးလုံး အတွက် ကြီးပွါးကြောင်းရာ ()ဖြာကို ရဟန္တာဖြစ် သွားသော မုဆိုးတစ်ဦး၏ ဇာတ်ကြောင်း ဥပမာပြဖြင့် ပြည့်စုံစွာရှင်းလင်းဟောကြား
ထားသည်။
တရားနာပါ။

ကြွေးတင် ရှင်ဘုရင်ဆပ် / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၉။
လောကတွင် မြတ်စွာဘုရား အဘယ်ကြောင့် ပေါ်ထွန်းတော်မူခဲ့ရကြောင်းကို ရှင်းပြ
ဟောကြား ထားပြီး၊ နိဗ္ဗာန်သည် ရရှိသင့်သော အမြတ်ဆုံးချမ်းသာ ဖြစ်ကြောင်းကို
မြတ်စွာ ဘုရားနှင့် ဆင်းရဲ ဒုက္ခရောက်နေသည့် ပုဏ္ဏားတစ်ဦးတို့ ၏ ဆွေးနွေးမှုကို ကိုးကားလျက် ဟောကြားထား သည်။
တရားနာပါ။


စေတောခိလငါးပါး တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊
စက်တင်ဘာ ၂၃၊ ၁၉၉၃။
သတိပဋ္ဌာန်နှင့် စပ်လျဉ်း၍ ဆိုလိုရင်း၊ အမျိုးအစားနှင့် ကျင့်စဉ်ကိုဖေါ်ပြထားသည်။ ထို့ပြင်၊ ဒေါသနှစ်မျိုး၊ မေ့လျော့ခြင်း_ပမာဒတရားနှင့် သတိရှိခြင်း_အပ္ပမာဒတရား၊ လူတို့အဘယ်ကြောင့် သေဆုံးနေကြရကြောင်းနှင့်အတူ၊ စိတ်ကိုကြမ်းတမ်းစေသော အကြောင်းအချက်များနှင့် ယင်းသို့ မဖြစ်အောင် တားဆီးကာကွယ်နည်း စသည့် တရားများကို ဟောကြားထားသည်။ တရားနာပါ။

တစပဉ္စက ကမ္မဋ္ဌာန်း တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) ရန်ကုန်[ခုနှစ်မရှိ]
သံကစ္စသာမဏေ၏ဖြစ်ရပ်ကိုညွှန်ပြကာတစပဉ္စကကမ္မဋ္ဌာန်းကျင့်စဉ်ဖြင့်သမာဓိရ
အောင်
ပြုလုပ်ပြီးနောက် ၀ိပဿနာအားထုတ်ပုံကို ဟောကြားထားသည်။ တဖန်၊
မဂ်ဥာဏ် ဖိုလ်ဥာဏ်နှင့် ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အမျိုးအစားနှင့် မဂ်ဥာဏ်
က ကိလေသာကို တစ်ဆင့်ပြီး တစ်ဆင့် ပယ်သတ်သွားခြင်းကို စေ့ငှစွာ ရှင်းလင်း
ဟောကြား ထားသည်။
တရားနာပါ။
တရားကျင့်သူ / ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊ ၁၃၇၁။
တရားကျင့်ခြင်း ဆိုသည်မှာ၊ တရားကျင့်ရန် အကောင်းဆုံး အချိန်နှင့် တရားအား
ထုတ်သူ
တွင် ရှိရမည့်အချက်အလက်များ စသည်တို့  ပါဝင်သည်။ တရားနာပါ။

ဗုဒ္ဓဘာသာဝင်တို့အတွက် အရေးကြီးသော အခြေခံ () ချက် / အရှင် ဇဝန(မေတ္တာရှင်)
ရန်ကုန်၊
[ခုနှစ်မရှိ]
ဖါးနတ်သား အကြောင်းနှင့် အခြားသော ဖြစ်ရပ်မှန်များဖြင့် သရဏဂုံသုံးပါးနှင့် ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းစသော ဗုဒ္ဓဘာသာဝင်တို့ အတွက် အရေးကြီးသည့် အခြေခံအချက် () ချက်ကို ဟောကြားထားပြီး ဗုဒ္ဓ၏ ခရီးသွားနည်းနှင့် ဘာသာရေး အမေးအဖြေများကိုလည်း ဖေါ်ပြထားသည်။ တရားနာပါ။

ဗုဒ္ဓအလိုကျ ဒါနပြုနည်း / အရှင် ဇဝန (မေတ္တာရှင်) ဘိုကလေး၊ ၁၃၆၇။
အဘယ်ကြောင့် လူတို့ ဒါနပြုကြသနည်း။ ဗုဒ္ဓ၏ ဒါနပြုခြင်း ရည်ရွယ်ချက်နှင့်
သပ္ပုရိသဒါန၏ အင်္ဂါရပ်များကို သပ္ပုရိသဒါန သုတ္တန်ကို အခြေခံလျက် ဟောကြား
ထားသည်။ 
တရားနာပါ။

သညာသိနှင့် ပညာသိ / ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) မန္တလေး၊
၁၃၇၁။

ပညာနှင့်သညာတို့ ၏ခြားနားချက်ကို ဥပမာများစွာဖြင့် ဖေါ်ပြထားပြီး၊ ရှိရမည့်
ပညာ အမျိုးအစား နှင့် ရရှိအောင် ဆောင်ရွက်ပုံတို့ကို သေချာစွာ ဟောကြားထား
သည်။
တရားနာပါ။

အနာဂါတ် ဘေးငါးပါး () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
အနာဂတ်ဘေးငါးပါးနှင့် ယင်းတို့ ကို သတ္တ၀ါများက မည်သို့ စောင့်မျှော်နေကြပုံကို
ရှင်းပြ ထားသည့်ပြင်၊ ဆိုင်းငံ့ခြင်းမရှိဘဲ ၀ိပဿနာတရားအားထုတ်ကြရန်ကိုလည်း
တိုက်တွန်းဟောကြားထားသည်။
တရားနာပါ။

အနာဂါတ် ဘေးငါးပါး () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
သတ္တ၀ါများအတွက် ဗုဒ္ဓ၏ဆန္ဒ သုံးခုနှင့်အနာဂတ်ဘေးငါးပါးကိုထင်ရှားစွာ ဟော
ကြားထားကာ၊ ၀ိပဿနာ တရားကို ကြိုတင်အားထုတ်ထားကြရန် မိန့် ကြားထား
သည်။  
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, July 16, 2011

ထေရဝါဒ ဓမ္မ အသံစု (၂၄)


ကိုယ့်အသေ ကိုယ်ရှု တရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
ဝိပဿနာကျင့်ခြင်းဖြင့်မိမိကိုယ်မိမိကယ်တင်ကြရန်၊တရားနာခြင်းနှင့်တရားကျင့်
ခြင်း ပြုလုပ်ရန် ပျင်းရိသူအတွက် ဆိုးကျိုးများနှင့်အတူ၊ ဉာဏ်ရှေ့ သွားဖြင့်
ကိလေသာ အမြစ်ဖြတ်ရေး စသောတရား များကို ဟောကြားထားသည်။
တရားနာပါ။
စိတ်ကိုဖြူစင်စေသည့် နည်းခြောက်မျိုး တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ [ခုနှစ်မရှိ]
မိမိတို့ ၏စိတ်ကိုဖြူစင်အောင် ထားကြရန် အရေးကြီးကြောင်း၊ မိမိစိတ်ကိုစစ်ဆေးပုံနှင့် စိတ်ကို ဖြူစင် အောင် ထားနည်းများကို ဖေါ်ပြဟောကြားထားသည်။ တရားနာပါ။
ဓမ္မအမွေ / အရှင်ဇဝန (မေတ္တာရှင်) ရန်ကုန်၊ [ခုနှစ်မရှိ]
အာစိဏ္ဏကံ ကုသိုလ် ပြုလုပ်ကြရန် အကြံပြုထားပြီး၊ နမောတဿ ဘုရားရှိခိုး၊ ငါးပါးသီလနှင့် သရဏဂုံ အကျိုးများကို ဥပမာများဖြင့် ရှင်းလင်းထားသည်။ အာမိသအကျိုးနှင့် ဓမ္မအမွေများ အကြောင်းကိုလည်း ဇာတ်ကြောင်းသာဓက အမျိုးမျိုး ဖေါ်ပြဟောကြားထားသည်။ ထို့ ပြင်၊ သောတာပန်၊ ပညတ်၊ ပရမတ်နှင့် နိဗ္ဗာန်တို့၏ အဓိပ္ပါယ် ဆိုလိုရင်းနှင့် ဘာသာရေး အမေး အဖြေများ ပါရှိသည်။ တရားနာပါ။
နားကတရားနာ ဥာဏ်ကခန္ဓာလှည့် သူဋ္ဌေးသား ကာလ ဥပမာပြ တရားတော် / ဦးဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ စက်တင်ဘာ ၃၊ ၁၉၈၆။
ကိလေသာ၏ ညှဉ်းပမ်းနှိပ်စက်ပုံ၊ မဂ္ဂင်ရှစ်တန်လမ်းအမှန်ကို လျှောက်လှမ်းခြင်းနှင့် တကွ ဒိဋ္ဌိကို ပယ်သတ်နိုင်ခြင်း အလို့ ငှါ ခန္ဓာပေါ်ရာ ခြောက်နေရာကို ဥာဏ်ဖြင့် ရှုကြည့်ကြရန် စသောတရား များကို ရှင်းလင်း ဟောကြားထားသည်။ တရားနာပါ။
ဘဝဆိုတာ ကိုယ်အရှုံးပေးမှ ရှုံးတာပါ / အရှင်ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။
ငယ်ရွယ်သူများထက် အသက်အရွယ်ကြီးသူများက ကိလေသာ ပို၍ များတတ်ကြပုံ၊ အရှုံးသမားဟူသည်၊ကြိုးစားကြကုန်သောမသန်စွမ်းသူများ၏ အောင်မြင်မှု။ခေါင်း
ဆောင်နှင့် နောက်လိုက်၊ သူတော်နှင့် မသူတော် စသည်များ၏ နှိုင်းယှဉ်ချက်နှင့် ဓမ္မအမွေ ပေးရန်လိုအပ်ကြောင်းများကိုဥပမာ ဝေေ၀ဆာဆာဖြင့် ဟောကြားထား
သည်။
တရားနာပါ။
ဘုရားအကြိုက်ဆုံး ပူဇော်နည်း တရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
ဝိပဿနာကျင့်ကြံအားထုတ်ခြင်းသည် မြတ်စွာဘုရားအား အကောင်းဆုံးသော ပူဇော်နည်းဖြစ် ကြောင်း နှင့် လောကတွင်ရှိသော တရားနှစ်မျိုး အကြောင်းကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
မီရုံလေး / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၁၊ ၂၀၀၇။
ဒုက္ခ၊ သုခ သို့ မဟုတ် မည်သည်ပင်ဖြစ်စေ အားလုံးသည် မိမိ၏ စိတ်အပေါ်တွင်သာ မူတည် ကြောင်း နှင့် ဒါန သီလနှင့် ဘာဝနာအလုပ်ကို မည်သည့်အခါမှ တွန့် ဆုတ်ခြင်း မရှိကြရန် တိုက်တွန်းဟောကြားထားသည်။ ထို့ အတူ၊ စိတ်နှုလုံးကောင်းထားရှိပါက ကုသိုလ်အနည်းငယ် သည်ပင် အကျိုးကျေးဇူးများစွာ ကို ဖန်တီးပေးနိုင်ကြောင်းကို အဒိန္နပုပ္ပက ပုဏ္ဏားနှင့် သားဖြစ်သူမတ္ထကုဏ္ဍလာ ဇာတ်ကြောင်းဥပမာပေးကာ ဟော ကြားထားသည်။ တရားနာပါ။
မေတ္တာ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ ဩဂုတ် ၃၀၊ ၂၀၀၄။
မေတ္တာ၊ မေတ္တာဘာဝနာနှင့်ဈာန်တို့ ၏အဓိပ္ပါယ်ကိုရှင်းပြထားပြီး၊ မေတ္တာဘာဝနာ နှစ်မျိုး
ဖြစ် သော
__ ဩဓိသ၀ါကရဏနှင့် အနောဓိသ၀ါကရဏ မေတ္တာနှင့် ပွါးများပုံသာမက
မေတ္တာဘာဝနာ အကျိုးကိုပါ ဖေါ်ပြဟောကြားထားသည်။
တရားနာပါ။
ယခုလုပ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၂၊ ၂၀၀၇။။
မြတ်စွာဘုရားက သားတော်ရာဟုလာအား ညွှန်ပြတော်မူသော ခန္ဓာငါးပါးအပေါ် ၀ိပဿနာ ရှု နည်း၊ ရာဟုလာအား အရှင်သာရိပုတ္တရာ နည်းပြသော အာနာပါန ကမ္မဋ္ဌာန်းနှင့် ရာဟုလာ၏ ချက်ချင်းလိုက်နာ ကျင့်ကြံအားထုတ်မှုကို အတုယူ သင့်ကြောင်း စသည့် ဟောကြားချက်များ ပါရှိသည်။ တရားနာပါ။
သုညတတရားနာမှ သုညတ နိဗ္ဗာန်ရောက်မည် တရားတော် / ဦးဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ စက်တင်ဘာ ၄၊ ၁၉၈၆။
သောတာပန်ဖြစ်ရန် လိုအပ်ချက်များနှင့်တကွ၊ ခန္ဓာ၏အရှိကို အရှိတိုင်း ပိုင်းခြားသိရေး အတွက် နှလုံးသွင်းမှန်ကြရန်ကိုလည်း "မောဂရာဇရဟန်း" အားကိုးကားလျက် ဟော ကြားထားသည်။ တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

Friday, July 15, 2011

ဝါဆိုလပြည့် ဓမ္မစကြာနေ့



ဂေါတမဘုရားလောင်းတော်သည် တစ်ကိုယ်တည်း ကျင့်တော်မူခဲ့၏။ ၁၀၃ ခု၊ ကဆုန်လပြည့်၊   သောကြာနေ့တွင်သဗ္ဗညုတဉာဏ်တော်ကိုရရှိကာဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

ထိုအခါ၊သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထားတောင်းပန်ချက်အရအဘယ်သူ့ကိုတရားဦး
ဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။ ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ်၊ ဣန္ဒြိယ ပရောပရိယဉာဏ်တော်တို့ ဖြင့်ဆင်ခြင်ခြင်းဖြစ်သည်။ ပထမ ဦးစွာဈာန်လမ်းပြခဲ့ ဖူးသော 
အာဠာရ ရသေ့ဆရာကိုမြင်၏။ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ထိုမှတစ် ဆင့် ဥဒက ရသေ့ဆရာကို မြင်တော်မူလေသည်။ ဥဒက ရသေ့လည်း ကွယ်လွန်ခဲ့ပြီ ဖြစ်၏။

ထို့နောက်၊ အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား တရားဦး ဟောကြားရန် ကြည့်တော်မူပြန်သည်။ ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကို မြင်တော်မူလေသည်။ သို့သော်လည်း ထိုရသေ့များထံ ချက်ချင်း မကြွပေ။ သုံးရက်သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။ ထို့နောက်မှ ဗာရာဏသီအနီးရှိမိဂဒါဝုန်တော သို့ ကြွချီ ခရီးဆက် တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့ ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင် တော့ဟု ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထို့ကြောင့် ဘုရားလောင်းအားစွန့်ခွါပြီးဗာရာဏသီ၊ မိဂဒါဝုန်တော သို့ ရောက်ခဲ့ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကို ပဉ္စဝဂ္ဂီတို့ မြင်ကြ၏။ ခရီးဦးမကြို၊ဝတ်မပြုလိုကြတော့ပေ။
သို့ရာတွင် အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်း ဝတ်ရုံလျက်ပင် ဝင်လာတော်မူ၏။ ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ် ကြည်ညိုဖွယ်ရှိ၏။ သို့ဖြစ်ရာပဉ္စဝဂ္ဂီတို့ သည် ခရီးဦးကြိုကြ
ရ၏။ ရှိခိုးပူဇော်ကြရ၏။ နှုတ်ခွန်းဆက်ကြရ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်၊ လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏။
ဆည်းဆာ ညချမ်း ဖြစ်သည်။ သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းလှပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏။ ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏။ ထိုအခိုက်တွင် မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်။ ထို့နောက်၊ "ရဟန်းတို့" ဟု ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်တော်မူလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ် ခေါ်သံအစ
တည်း။

ပဉ္စဝဂ္ဂီတို့သည်သီလစင်ကြယ်ပြီးသူများ ဖြစ်ကြသည်။ ထို့ ပြင်၊ သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယစိတ်ထား
ပြည့်စုံေ နပြီးသူများ ဖြစ်ကြလေရာ မြတ်စွဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏။ တရားနာယူကြရန်    လည်း တစ်ဆက်တည်း တိုက်တွန်း၏။ သို့သော်မယုံကြည်နိုင်ကြသဖြင့်သုံးကြိမ်သုံးခါ ငြင်းဆန် ကာ နေကြ၏။ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ် ကြောင်းထပ်မံသိစေပြန်၏။
ပြီးမှ
"တရားဦး" ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြား တော်မူလေသည်။ ထိုတရားတော်၏ အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်၊ ဒေသနာကိုဟောပြတော်မူရာ ဝါဆိုလပြည့်ကျော် () ရက်နေ့၌ အရှင်ဝပ္ပ၊ () ရက်နေ့၌ အရှင်ဘဒ္ဒိယ၊ () ရက်နေ့၌ အရှင်မဟာနာမ်၊ () ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီးသောတာပန် တည်ကြလေကုန်၏။ ပဉ္စဝဂ္ဂီအားလုံးပင် "ဧဟိဘိက္ခု" ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ()ရက်နေ့တွင် မြတ်စွာဘုရားသည် "အနတ္တလက္ခဏသုတ္တ" ကို ဟောကြား   တော်မူခဲ့သည်။ ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်။ ထိုနေ့ကို လည်း"ရဟန္တာနေ့" ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။ ဝါဆိုလပြည့်နေ့ ကိုမူတရားဦးဓမ္မစကြ်ာ ဟော ကြားသောနေ့ ဖြစ်၍ "ဓမ္မစကြာနေ့" ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေ သည်။ ။

Posted by ဉာဏ်ဦး

Saturday, July 9, 2011

ထေရဝါဒ ဓမ္မ အသံစု (၂၃)

 
ဒုက္ခရင်းကာ သုခရှာ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၄၊ ၂၀၀၇။
ဓမ္မကိုရင်းနှီးမြှုပ်နှံကြရန်၊ သစ္စာမသိခြင်း၏အကျိုးဆက်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုသည်
အထိ အာရုံ
()ပါးပေါ်တိုင်း စိတ်ရှည်သည်းခံကာ ရှုမှတ်ကြရန် (ဆိုလိုသည်မှာ သုခ
ရရှိရန် ဒုက္ခကို အရင်းအနှီးပြုရန်
) တိုက်တွန်း ဟောကြားထားသည်။ တရားနာပါ။

နှစ်ဦးကာလ ဓမ္မလက်ဆောင် / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊ 
[ခုနှစ်မရှိ]
လူတို့ ရရှိနိုင်သော ချမ်းသာလေးမျိုးနှင့် ယင်းတို့ အနက်အကောင်းဆုံးချမ်းသာ၊ မင်္ဂလာ အစစ်နှင့် သမ္ပတ္တိ စက်တို့ ကို ဟောကြားထားသည်။ ၄င်းပြင်၊ ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာကြရနှ်နှင့် သဒ္ဓါ သီလ စာဂနှင့် ပညာတို့ ရရှိအောင်ပြုလုပ်ကြရန်ကိုလည်း တိုက်တွန်းထားသည်။ တရားနာပါ။

ပြုနိုင်ခဲ့တဲ့အလှူဒါန တရားတော် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဇူလိုင် ၅၊ ၂၀၀၉။
ဗုဒ္ဓ၏ဒါနပြုရသည့်ရည်ရွယ်ချက်၊ နိဘတ္တ ဒါန (စဉ်ဆက်မပြတ်ပေးလှူခြင်း) နှင့် ပက္ခိတ
ဒါန
(နှစ်ပါတ်တစ်ကြိမ်ဒါနပြုခြင်း_ ရှားပါးသောအလှူ အမျိုးအစား) စသည်တို့ ကို ရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။

ရာဟုလာကို အမွေပေးသောတရားတော် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ စက်တင်ဘာ ၇၊ ၂၀၀၉။
အမ္ဗလဋ္ဌိက ရာဟုလောဝါဒ သုတ္တန်ကို ဟောကြားရာ၌၊ ဗုဒ္ဓကရာဟုလာအား ခြေဆေး
ဇလုံတွင်း မှရေ၊ ကြည့်မှန်နှင့် စွယ်စုံတိုက်ဆင် စသော ဥပမာများပေးကာ ဟောကြား
ထားသော အဆုံးအမ ဖြစ်သည့် အ ဓိကအားဖြင့် လိမ်လည်ပြောဆိုခြင်းမပြုရန်၊
ကာယကံ၊ ၀စီကံ၊ မနောကံ အမှုတို့ ကို မပြုလုပ်မီ ကြိုတင်စဉ်းစားဆင်ခြင်ကြည့်ကြ ရန်နှင့် ကောင်းမှု ကိုပြုလုပ်ပြီး မကောင်းမှုကို အစဉ် ထာဝရ ရှောင်ကြဉ်ကြရန်စသော တရားများပါဝင်သည်။
တရားနာပါ။

ရှုကွက်၊ ရှုချက် ပိုင်ပါစေ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၀၊ ၂၀၀၇။
တရားအားထုတ်ရာတွင် ရှုကွက်နှင့် ရှုချက်ကိုက်ညီစေရန် မည်သို့ ဆောင်ရွက်ရမည့် အကြောင်းနှင့် တရားအားထုတ်နေစဉ်အတွင်း မိမိကိုယ်မိမိ ဆွံ့ အသူ၊ မျက်မမြင်နှင့် မကျန်းမာသူ ကဲ့သို့  ပြုမူကျင့်ကြံ ကြရန် လမ်းညွှန်ဟောကြားထားသည်။ တရားနာပါ။

သေမင်းတမန် သတ်နည်း တရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
မဂ်ဖြင့်သေမင်းတမန်များဖြစ်ကြသော တဏှာ ဥပါဒါန်နှင့် ကံ တို့ ကိုပယ်သတ်နည်းကို ရှင်းလင်း ဟောကြားထားသည်။ တရားနာပါ။

အကောင်းဆုံးလက်ဆောင် / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊
[ခုနှစ်မရှိ]
လူတို့ ၏သက်တမ်းကို ဆယ်စုနှစ်အလိုက် ခွဲခြားရှင်းလင်းပြခြင်း၊ တစ်စက္ကန့် အတွင်း
ပြောင်းလဲမှု များဖြစ်ပေါ်သည်ကို ပိုင်းခြား၍ သိသည်အထိ မိမိကိုယ်မိမိ ဆင်ခြင်
သုံးသပ်ရန်၊ အရှိကိုအရှိ အတိုင်းသိခြင်းနှင့်တကွ ပစ္စုပ္ပန်ကာလ၌ တရားအားထုတ်ခြင်း
ကို မဆိုင်းမတွ ပြုလုပ်ကြရန် စသည်ဖြင့် စုံလင်စွာ ဟောကြားထားသည်။
တရားနာပါ။

အဖုံးနှစ်ချပ် ဖွင့်ကြည့်မှ နိဗ္ဗာန်မြင်ရပုံ / ဦးဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊ ဇွန် ၁၈၊ ၁၉၆၂။
နိဗ္ဗာန်ကို ဖုံးကွယ်ထားသော အ၀ိဇ္ဇာနှင့်တဏှာ၊ ဖြစ်ပျက်ခန္ဓာတို့ ကိုဖယ်ရှားခြင်းဖြင့်
သစ္စာကို သိရှိစေပုံကို ဟောကြားထားပြီး၊ အရှင်နာဂသိန်နှင့် ၀ိဒေဟမင်း တို့ ၏ တရားဆွေးနွေးသော အကြောင်းကို ဖေါ်ပြထားသည်။
တရားနာပါ။

ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း () ပါး () / အရှင်ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ
ဆရာတော်
) ရန်ကုန်၊ ၁၃၅၃။
ပေါ်ခိုက်ရုပ်နာမ်ကိုရှုမှတ်ခြင်း၊ ပညတ်ကိုပယ်ကာပရမတ်ကိုရှုကြည့်ခြင်းနှင့် ဝေဒနာ
နုပဿနာ ကျင့်စဉ် အကျဉ်း စသောတရားများကို ရှင်းလင်းဟောကြားထားသည်။

တရားနာပါ။

ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း () ပါး () / အရှင်ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ
ဆရာတော်
) ရန်ကုန်၊ ၁၃၅၃။
အမြဲမပြတ်ရှုမှတ်ခြင်း၊ သမ္ပဇဉ်အမျိုးအစားများ၊ သွား ရပ်ထိုင် လျောင်း ဣရိယာပုထ်
လေးပါးဖြင့် အရှေ့ သို့ တက်ခြင်း၊ အနောက်သို့ ဆုတ်ခြင်းနည်းများအရ တရား အားထုတ်ပုံ နှင့်တကွ မြတ်စွာ ဘုရားအား ကိုးကွယ် ဆည်းကပ်ရခြင်း၏ အကျိုးတရား များကို ပြည့်စုံစွာ ဟောကြားထားသည်။
တရားနာပါ။


Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, July 2, 2011

ထေရဝါဒ ဓမ္မ အသံစု (၂၂)


ခန္ဓာကိုယ်အတွင်း ဆရာမရှိ တပည့်မရှိအောင် ကျင့်ရမည့်တရား / ဦးဝိမလ(မိုးကုတ်ဆရာတော်) 
အမရပူရ၊ မတ် ၂၇၊ ၁၉၅၄။
မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိစေရန် ကျင့်ကြံအားထုတ်ရာတွင် ခန္ဓာကိုယ်တွင်း ဆရာမရှိ တပည့်မရှိ အောင် ကျင့်ရမည် ဖြစ်ကြောင်းနှင့် လောဘ ဒေါသနှင့် မောဟတရားတို့ 
သည် ခန္ဓာကိုယ်တွင်း၌ ဆရာနှင့် တပည့် နှစ်မျိုးစလုံးအဖြစ် ပြုမူနေကြပုံကို ရှင်းလင်း

ဟောကြား ထားသည်။
တရားနာပါ။
ဓနပါလသူဋ္ဌေး / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ကျိုက်ကော်၊ [ခုနှစ်မရှိ]
ကံနှင့်ကံ၏အကျိုး၊ ကုသိုလ်နှင့် အကုသိုလ် ပြုလုပ်ခြင်း၏ အကျိုးဆက်တို့ကို ဟော
ကြားထား သည်။ ဥပမာပြမှာ
"ဓနပါလသေဋ္ဌိ ပြိတ္တာ" ဇာတ်ကြောင်းဖြစ်သည်။
တရားနာပါ။
ဗုဒ္ဓနည်းကျချမ်းသာစွာနေထိုင်နည်း တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)
ရန်ကုန်၊
[ခုနှစ်မရှိ]
ဗုဒ္ဓနည်းကျချမ်းသာစွာနေထိုင်နည်း ဖြစ်သော_၁။ ရောင့်ရဲခြင်း၂။ပစ္စုပ္ပန်ကာလတွင်နေ
ထိုင်ခြင်း
၃။ နာမ်နှင့်ရုပ်တို့ ကို အမြဲမပြတ်ရှုကြည့်နေခြင်း (အကောင်းဆုံးအကျင့်) များ ကို ပြည့်စုံစွာဟော ကြားထားသည်။ တရားနာပါ။
မြတ်စွာဘုရား၏ အဆုံးအမ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) ရန်ကုန်၊ [ခုနှစ်မရှိ]
သာသနာဆိုသည်မှာ၊ ဗုဒ္ဓမြတ်စွာ ဘုရားများ၏ အဆုံးအမ အကျဉ်းနှင့် စိတ်ကို စင်ကြယ်
စေ
သည့် အကောင်းဆုံးနည်း_ သတိပဋ္ဌာန်တရား စသည်ဖြင့် ဟောကြားထားသည်။
တရားနာပါ။
ရေချိုးခြင်းနှင့် သက်သတ်လွတ် / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၅။
နှလုံးသွင်း မှန်ကန်စွာဖြင့် ကောင်းမှုပြုကာ မကောင်းမှုရှောင်ရန်နှင့် သရဏဂုံသုံးပါး
တည်မြဲကြ ရန်ကို အစေခံမကလေး ပုဏ္ဏာနှင့် ပုဏ္ဏားကြီးတစ်ဦးတို့ ၏ ဆွေးနွေးစကား
ကို ကိုးကားလျက် ဟောကြားထားလေသည်။
တရားနာပါ။
ဝိပဿနာရှုဖို့ အကြိမ်ကြိမ်မှာပုံ တရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
အဘယ်ကြောင့် ဗုဒ္ဓသည် ဝိပဿနာ ကျင့်ကြံအားထုတ်ရန် အကြိမ်ကြိမ် မှာကြားတော်
မူခဲ့သ နည်း၊ ဝိပဿနာအားမထုတ်ခြင်း၏ရလဒ်၊ အရှင်သာရိပုတ္တရာ ဖွင့်ဆိုတော်မူသော သုခနှင့် ဒုက္ခ ၏ဆိုလိုရင်း စသည်များကို ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။
ဝေဒနာနုပဿနာ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) ရန်ကုန်၊ ဒီဇင်္ဘာ ၈၊ ၂၀၀၇။
ဝေဒနာ၏လက္ခဏာ၊ ဝေဒနာသုံးပါး_ သုခ၊ ဒုက္ခနှင့် ဥပေက္ခာ၊ သာမိကဝေဒနာနှင့် နိယာမိက ဝေဒနာ စသော တရားများကိုဟောကြားထားသည်။ ဥပမာပေးဇာတ်ကြောင်း များကား_အရှင် တိဿနှင့် ယခင်က ငှက်မုဆိုးဖြစ်ခဲ့သော ပုတိကာယတိဿ မထေရ်
တို့၏ အကြောင်းများဖြစ် သည်။
တရားနာပါ။
သစ္စာသိ၍ ကျင့်သုံးရန် / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) ရန်ကုန်၊ ဒီဇင်္ဘာ ၈၊ ၂၀၀၇။
ဓမ္မကိုတန်ဖိုးထားရသည့်အကြောင်းရင်း၊ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်သရွေ့ ပြုလုပ်
ခြင်း ဖြင့် မိမိကို မိမိချစ်ခင်ကြရန်၊ အနိကာရတ္တ မင်းသားအားသုမေဓါမင်းသမီးဟော
ကြားသော တရား စသည်များ ပါရှိသည်။
တရားနာပါ။
အချိန်နှောင်းပါက / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ အောက်တိုဘာ ၄၊ ၂၀၀၉။
အရှင်တိဿ၏ အကြောင်းကို ဥပမာပေးကာ၊ ငယ်ရွယ်ပြီး ကျန်းမာခိုက်တွင် ၀ိပဿနာ ကျင့်ကြံခြင်းကို အားသွန်ခွန်စိုက် ပြုလုပ်ကြရန် အကြံပု ဟောကြားထားသည်။
တရားနာပါ။
အနှောင်အဖွဲ့တရားတော် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ စက်တင်ဘာ ၂၆၊
၂၀၀၉။
ပုထုဇဉ်တို့  မည်သည့်အခါကမှ သိရှိခြင်းမရှိဘဲ ပယ်သတ်ရန် လျစ်လျူ ရှုလေ့ ရှိကြ
သည့် တကယ့်အနှောင်အဖွဲ့ ဖြစ်သော တဏှာ၏ အကြောင်းကို ပြည့်စုံစွာဟောကြား
ထားသည်။
တရားနာပါ။ 


Posted by ဉာဏ်ဦး၊ အေးဆက်