Wednesday, December 1, 2010

ထေရဝါဒ ဓမ္မ အသံစု (၅)


ကမ္မဿကတဉာဏ် နှင့် သစ္စာနုလောမိကဉာဏ် တရားတော် / ဦးဣန္ဒာဝုဓာဘိဝံသ(ထူးကြီးဆရာတော်)
အောင်ပန်း၊ ဇွန် ၈၊ ၂၀၀၅။
ကမ္မဿကတဉာဏ်နှင့် သစ္စာနုလောမိကဉာဏ်တို့၏ ကွဲပြားချက်အပြင် သစ္စာနုလောမိက
ဉာဏ် ရရှိကြောင်း အကျင့်ကိုလည်း ဟောကြားထားသည်။ သာဓကဇာတ်ကြောင်းမှာ ဥမ္မာ
ဒန္တီ ဖြစ်သည်။ <Dhammadownload Mp3 Disc 01: 01>
ကြွေးတင်ရင် မဂ္ဂင်နှင့်ဆပ် တရားတော် / ဦးဣန္ဒာဝုဓာဘိဝံသ (ထူးကြီးဆရာတော်) အောင်ပန်း၊
ဇွန် ၁၃၊ ၂၀၀၅။
လောကကြွေးနှင့် ဓမ္မကြွေး၊ မိမိကိုယ်မိမိ ဒုက္ခမှ မကယ်တင်နိုင်သူ၏ ဆိုးကျိုးများ၊ ပုထုဇဉ်တို့
၏ အကုသိုလ်ကြွေး ဆယ်မျိုး၊ ယင်းအကုသိုလ်ကြွေးများကို မဂ်ဉာဏ်ဖြင့် ပေးဆပ်ပုံ စသည်
တို့ကို မိလက္ခမုဆိုး ဥပမာဖြင့် ဟောကြား ထားသည်။ <Dhammadownload Mp3 Disc 01: 12>
ခုရောနောင်ပါ ချမ်းသာတဲ့အကျင့် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဧပြီ ၄၊ ၂၀၀၆။
အကျင့်လေးမျိုးနှင့် ဥပမာများ၊ ယင်းအကျင့်များကို ပြုလုပ်သင့်မသင့် ရှင်းလင်းဟောကြား
ထားသည်။ <Dhammadownload Mp3: 012>
ဉာဏ်နှစ်ဉာဏ် နှင့် မဂ်ဉာဏ်ကူးပုံ / ဦးဝိမလ (မိုးကုတ်ဆရာတော်)[ခုနှစ်မရှိ]
နိဗ္ဗာန်ရရှိကြောင်း ဉာဏ်နှစ်ပါ့း့ ဝိပဿနာဉာဏ်နှင့် မဂ်ဉာဏ် အကြောင်းကို ဟောကြား
ဓမ္မအား / ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) မင်းကဆိပ်၊ ဇန္နဝါရီ ၂၃၊ ၂၀၀၉။
ဓမ္မ၏အင်အားကို ဖော်ည္မန်းလျက် သီလ၊ သမာဓိနှင့် ပညာတို့သည် မိမိတို့၏ဘ၀ကို
စောင့်ရှောက်သည့် အကြောင်းကို ‘တုံတိလ ၀က်ညီနောင်’ ဇာတ်ကြောင်းဖြင့် ဟောကြား
ထားသည်။ <Dhammadownload 515>
နေနှင့်တူစွာ ကျင့်ကြံပါ / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဧပြီ ၂၀၀၆။
တရားကျင့်ကြံ အားထုတ်သူများ အတုယူ လိုက်နာဆောင်ရွက်သင့်သည့် နေ၏အင်္ဂါ ခုနစ်ပါး
ကို အကျယ်တ၀င့် ဟောကြားထားသည်။ <Dhammadownload Mp3: 011>
ယမကရဟန်း ဥပမာပြ / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မိဒါဝုန်ကျောင်းစက်တင်ဘာ ၂၁၊
၂၀၀၄။
ပဋိစ္စသမုပ္ပါဒ်နှင့် စပ်လျဉ်းသည့် အကြောင်းအချက်အလက် များအပြင် ဥစ္ဆေဒဒိဋ္ဌိ ခွါပုံကို
ယမကရဟန်း’ ကို ဥပမာပြ၍ ဟောကြားထားသည်။ <Dhammadownload 005>
ဝေဒနာနုပဿနာ သတိပဋ္ဌာန် / ဦးဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဒီဇင်ဘာ ၅၊ ၁၉၅၇။
မဂ္ဂအရိယသစ္စာနှင့် ဝေဒနာနုပဿနာ ကျင့်စဉ်တို့ကို ရှင်းလင်းဟောကြားထားသည်။ 
သတိပဋ္ဌာန် ဝိပဿနာ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)ရန်ကုန်၊
[ခုနှစ်မရှိ]
ဝိပဿနာ ပွါးများရာတွင် စကားလုံးပညတ် အသုံးပြုခြင်း၊ သတိပဋ္ဌာန် ၀ိပဿနာ၏ ဆိုလို
ရင်းနှင့် အားထုတ်နည်း အကျဉ်း၊ သတိပဋ္ဌာန် ၀ိပဿနာ အားထုတ်ခြင်း မပြုလုပ်သင့်သည့်
အပြုအမူ သုံးခု စသည်တို့ကို ဟောကြား ထားသည်။ <Dhammadownload Mp3 Disc 01: 09>
သဘာဝလက္ခဏာနှင့် သာမညလက္ခဏာ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)
ရန်ကုန်၊ [ခုနှစ်မရှိ]
နာမရူပ ပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်နှင့် သမ္မဿနဉာဏ်တို့ အကြောင်းနှင့်တကွ
သဘာဝလက္ခ ဏာ နှင့် သာမညလက္ခဏာတို့ကို ထင်ရှားပေါ်လွင်အောင် ဟောကြားထား


Posted by ဉာဏ်ဦး၊ အေးဆက်